Sunday, February 23, 2014

တိုင်းသူပြည်သားအပေါ် အမြတ်ထုတ်ချင်တဲ့ကောင်တွေက ၀ဋ်ကြွေးတွေကြောင့်လား၊ ဒီလိုကောင်တွေက ဘယ်လိုမှကို တရားမရနိုင်ကျဘူး။ ခံယူထားသော ဗုဒ္ဓဘာသာ ပြီးတော့၊ မွတ်စလင်တွေလောက်တောင် ကိုယ်အမျိုးအနွယ်ကို မစောင့်ရှောက်ကျဘူး။ မင်းတို့ အမျိုးဘာသာ သာသနာ အော်ပြီး တိုင်းပြည်လူထု အတွက် ဘာတွေလုပ်ပေးနေလည်း။ ကိုယ်အမျိုးကိစ္စ ကိုယ်လုပ်နေတဲ့ သောက်ရှက်မရှိတဲ့ ကောင်တွေလို့ပဲမြင်တယ်။ အခု နေ၀င်းမြေးကလည်း တမှောက်။ လူထုက သူတို့ အဘိုး ယုတ်မာပေးမဲ့ ဒီကောင်ထောင်ကထွက်လာတာကို ဘာမှမပြော ကြိုဆိုချင်ကျတယ်။ ပြီးမှ ဒီကောင်က အဘိုးသောက်ကျင့်အတိုင်း ခွေးဟောင်ဟောင်တော့ တယ်။ ဒီလိုကောင်မျိုးတွေ တစ်သက်လုံး အထဲမှာပဲ နေသင့်တယ်။ ပြည်သူအတွက် အန္တာရယ်ကောင်းတွေ။ မျိုးချစ်ခက်ထန်ဆိုတဲ့ ကောင်ကလည်း ၉၆၉လုပ်ပြီး စာအုပ်ဖိုးပိုက်ဆံတွေကောက်၊ အခုလည်း ၉၆၉ဒံပေါက်ဆိုင်ဖွင့်မယ်ဆိုပြီး ဘတ်ကီရိုက်ပြေးပြီးတဲ့။ ကောင်းကွာ။ မနေတတ်ရင်လည်း ၀င်မပါကျပါနဲ့ကွာ။ ဟိုလဒလေး ဖိုးလပြည့်ကမှ သူလုပ်ချင်တာ သူလုပ်နေပေမဲ့ ဘာဖြစ်ပါညာဖြစ်ပါ နိုင်ငံရေးမှ ၀င်မပါရှာဘူး၊ သူအဆင့်သူနားလည်းတယ်။ အားလုံး ကိုယ်အဆင့်ကိုယ်နားလည်း အေးအေးဆေးဆေး ကိုယ်ပိုက်ဆံကိုယ်သုံးပြီးနေကျပါ။ လူထုကို ဒုက္ခရောက်အောင် မလုပ်စမ်းကျပါနဲ့။ မင်းတို့ပဲ ဒုက္ခပြန်ရောက်မှာ။ ဗမာလူမျိုးတွေသည် အေးအေးနေတဲ့လူကို မေတ္တာထားနိုင်တဲ့ သူတွေပါကွာ။ A.T.K

No comments: