Tuesday, February 18, 2014

စာပေဟောပြောပွဲ တစ်ခုမှာ စာရေးဆရာတစ်ယောက် ပြောတာကို ဆရာချစ်ဦးညိုက ပြန်ပြောပြတာလေး ဝေမျှပေးတာပါ။ ဦးဇင်ဝိုင်းl ဆရာချစ်ဦးညိုနဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ ဘဏ်တစ်ခုကို ငွေသွားထုတ်ပါတယ်။ မှတ်ပုံတင် တစ်ယောက်မှ မပါကြပါဘူး။ ဘဏ်စာရေးလေးက မှတ်ပုံတင် တောင်းတဲ့အခါ ငါတို့ကိုယ်တိုင် လာတာတောင်မှ မှတ်ပုံတင် လိုသေးလား ငါတို့ ဘယ်သူတွေဆိုတာ မသိဘူးလား ဘဏ်မန်နေဂျကို ခေါ်ပေးလို့ ဟောက်ကြတော့ ဘဏ်မန်နေဂျာကို ခေါ်ပေးပါတယ်။ အဲ့ဒီအခါ ဘဏ်မန်နေဂျာက ဆရာတို့ ဘယ်သူဖြစ်ကြောင်း သက်သေပြနိုင်မဲ့ စကား ပြောပြပါ ဒါဆိုရင် ငွေထုတ်ပေးပါမယ်လို့ ပြောပါတယ်။ ဦးဇင်ဝိုင်းက ထပြီး "ကျွန်တော်က ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဆိုပေမဲ့ အစည်းအရုံးရဲ့ ကျွန်ပါ။ ကျွန်တော့ကို ကြိုက်တာခိုင်းပါ" လို့ ပြောလိုက်တော့ အိုကေ ဦးဇင်ဝိုင်း သေချာတယ်ဆိုပြီး ဘဏ်မန်နေဂျာက ငွေထုတ်ပေးပါတယ်တဲ့။ နောက် ဆရာချစ်ဦညိုက "ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ" ဆိုတဲ့ သီချင်းဆိုပြလိုက်တာ ဆရာချစ်ဦးညို သေချာတယ် ဆိုပြီး ငွေထုတ်ပေးပါတယ်တဲ့။ နောက်ဆုံး ဦးသိန်းစိန် ဖြစ်ကြောင်း ပြောပြပါဦးဆိုတော့ ဦးသိန်းစိန်က ဘာပြောရမှန်း မသိဘူးဖြစ်နေတယ်။ အဲ့ဒါနဲ့ နဖူးပွတ်ပြီး "ငါတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပါဘူးကွာ" လို့ ညည်းလိုက်တော့ ဘဏ်မန်နေဂျာက အားရဝမ်းသာနဲ့ ဒီလိုပြောနေမှတော့ ကျွန်တော်တို့ သမ္မတကြီး အစစ်ပါလို့ ပြောပြီး ငွေထုတ်ပေးလိုက်ပါတယ်တဲ့ ခင်ဗျာ။ ကောင်းနိုင်

No comments: