Tuesday, February 18, 2014

ကွင်တားနားအကြောင်း သိတာလေး---- ကွင်တားနားဟာ ကုလ ဝန်ထမ်းလုံးဝ မဟုတ်ပါဘူး။ ပြီးတော့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူအလုပ်အတွက်လည်း ပိုက်ဆံတပြားမှ မရပါဘူး။ ဒါပေမယ့် ခရီးစဉ်အတွက် ကုန်ကျစရိတ်ကိုတော့ ကုလ ကကျခံပါတယ်။ အမှန်တော့ ကွင်တားနားဟာ volunteer ဖြစ်ပါတယ်။ သူဟာ ရှေ့နေတဦးဖြစ်ပြီး အာဂျင်တီးနားမှာ Law Firm တခုကို တည်ထောင်ထားပါတယ်။ ကုလ အကြီးအကဲတွေရဲ့ အကူအညီတောင်းမှူကြောင့် သူက ဒီတာဝန်ကိုယူတာဖြစ်ပါတယ်။ သူ့လိုဘဲ နော်ဝေးဝန်ကြီးချုပ်ဟောင်း မစ္စတာ ဗွန်ဒါဗစ် ဟာလည်း ကိုဖီအာနန် ရဲ့ တောင်းဆိုချက်ကြောင့် အာဖရိက အထူးကိုယ်စားလှယ် အဖြစ် လုပ်ဆောင်ခဲ့ဖူးကြောင်း မြန်မာပြည်လာတုန်းက ပြောဖူးပါတယ်။ အနောက် နိုင်ငံတွေမှာ ပညာရှင်တွေကို ကုလက အခုလို အကူအညီတောင်းလေ့ရှိပြီး သူတို့ကလည်း လွတ်လပ်စွာ ငြင်း၊ လက်ခံကြပါတယ်။ အခြားဥပမာတွေကတော့ ဂျိုလီ၊ ဘက်ခမ်း စတဲ့ နာမည်ကြီးသူတွေကို ကုလ သံခန့်အပ်သလိုပါဘဲ။ မြန်မာပြည်မှာလည်း အဲလိုရှိပါတယ်။ ကွင်တားနား အလုပ်ကတော့ ပိုအရေးကြီးတာပေါ့။ ကုလ တောင်းဆိုမှူကို လက်ခံပြီဆိုရင်လည်း ဘာခြွင်းချက်မှ မရှိဘဲ လွတ်လပ်စွာ လုပ်နိုင်ပါတယ်။ ကုလ ဝန်ထမ်း မဟုတ်တဲ့အတွက် ရာထူး၊လစာကို ငဲ့စရာမလိုပါဘူး။ လွတ်လပ်စွာ လုပ်နိုင်ပေမယ့် ကုလ ပုံရိပ်ကိုတော့ မထိခိုက်အောင် ထိမ်းသိမ်းရပါတယ်။ ဒီလို စောင့်ကြည့်သူတွေကို အပြင်ကနေ ခေါ်ယူတာဟာ အကျိုးတစုံတရာ မမျော်ကိုးဘဲ လွတ်လပ်စွာ လုပ်နိင်အောင် လို့ဖြစ်ပါတယ်။ ဒါကြောင့် ကွင်တားနားက ဘယ်လိုဘဲ ပြည်တွင်းက ကန့်ကွက်နေပါစေ သူ့အလုပ်ကို ပြီးအောင် အကောင်းဆုံးလုပ်သွားတာဖြစ်ပါတယ်။ ဒါကတော့ ကွင်တားနားနဲ့ စကားလက်ဆုံကြရင်း သူပြောပြတာလေးတွေကို ဖြည့်စွက်ပြောပြတာပါ။ Watchdog Zor

No comments: