မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 8, 2015
၂၀၁၅ ရွေးကောက်ပွဲကြီး အနီးမှာ ဒေဝါသိကြားတွေမစလို့ ၅၉(စ)က ပြင်ခွင့်ရ

၂၀၁၅ ရွေးကောက်ပွဲမှာ NLDပါတီက တစ်နိုင်ငံလုံးမှာ (တိုင်းရင်းသားပါတီရှိတဲ့နေရာတွေအပါအ၀င်) မဲအပြတ်အသတ်နဲ့နိုင်လက်ရှိကြံဖွံ့ပါတီက အာဏာလက်လွှဲ
ကဲ..…စပါပြီ……အစိုးရသစ်တစ်ရပ် ဤသို့ ဖွဲ့စည်းလေသတည်း
ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၅)၊ ပုဒ်မ(၂၀၀)အရ..နိုင်ငံတော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်-
(က)နိုင်ငံတော်သမ္မတ
(ခ)ဒုတိယသမ္မတများ
(ဂ)ပြည်ထောင်စုဝန်ကြီးများ
(ဃ)ပြည်ထောင်စုရှေ့နေချုပ်
သမ္မတရာထူးကတော့ လူမက နတ်တမျှသော တန်ခိုးတေဇော်အာနုဘော်တို့ဖြင့် အလုံးစုံပြည့်ဝတော်မူပေထသည့် ဒုတိယဘုရားသခင် ကောင်းကင်မေမေ
ဒါတော့ ခြွင်းချက်မရှိပေါ့
အဲ..…ဒုတိယသမ္မတ……ကွိစိ..ကွစ… ကွကိုသာ ဆက်ခန့်တော့ဗျို့
ကွန်မြူနစ်ဝါဒီမှ ခေတ်သစ်ဒီမိုကရေစီလမ်းကြောင်းသို့ အလွန်ညင်သာသိမ့်မွေ့စွာ အသွင်ကူးပြောင်းခဲ့သည့်
ဒေါ်စု၏ပန်းပျိုးလက်ပိုင်ရှင် ဦးဝင်တင်ကတော့ ကွယ်လွန်ခဲ့ပြီဆိုတော့ ဒါလဲ ကွကိုယ်ထပ်ရွေးပြီးခန့်လိုက်အုံး ..
တပ်မတော်ကာကွယ်ရေးဦးစီးပြုတ်(ငြိမ်း)ဘဝမှ ယူနီဖောင်း ချွတ် NLDနာယကဖြစ်လာသူ ဘဘဦးတင်ဦး
NLDပါတီအကျိုးကို သက်ထက်ဆုံးသည်ပိုး၍ နေရာပေးချီးမြှောက်ခြင်းခံရသူ ဘဘဦးဥာဏ်ဝင်း
ပြည်ထောင်စုဝန်ကြီးများလှည့်ရောက်ပါပြီ
၅၉(စ)ပြင်ဆင်ရေးနှင့် ၁၉၈၂နိုင်ငံသားဖြစ်ခွင့်ဥပဒေပြင်ဆင်ရေးတို့အတွက် အရှက်ကိုပဓာနမထားဘဲ မဲမဲတောက်တိုက်ပွဲဝင်သူ ရှေ့နေတော်ကြီး/စာရေးဆရာကြီးဦးကိုနီ ( မူဆလင် )
ဗလီကိုဖျက်ဆီးတာ မွတ်ဆလင်တွေရဲ့ အသည်းနှလုံးကို ဖျက်ဆီးတာနဲ့အတူတူပဲ မြန်မာတွေဟာ ထင်တာထက်ပ်ုပြီး မိုက်ရိုင်းတယ် တကယ်ဆို မုဆလင်ဆိုတာလဲ တိုင်းရင်းသားတစ်မျိုးပါပဲ ဟူသည့် မှတ်သားဖွယ်ရာDialougeဖြင့် မိတ္ထီလာအရေး၌ နိုင်ငံတာကာကို အသိပေးကြေညာခဲ့သူ ဦးဝင်းထိန်
ပုဂံလမ်းကဆောင့်နေမယ် ရုပ်သံဇာတ်လမ်းတွဲဖြင့်လည်းကောင်း၊ပြည့်တန်ဆာ ( ဖာသည် )ဥပဒေတစ်ရပ် အမြန်ပေါ်ထွန်းလာစေရန် လွှတ်တော်၌ စွမ်းစွမ်းတမံကြိုးပမ်းခဲ့ခြင်းဖြင့်လည်းကောင်း တမဟုတ်ချင်းကျော်ကြားလာသူ ဒေါ်စန္ဒာမင်း
ထင်ပေါ်ကျော်ကြား အနုပညာရှင်တစ်ချို့ကဲ့သို့ ဖဝါးထပ်မျှ ခြေရာချရုံမျှမက အုတ်အော်သောင်းတင်း ဒူးခေါက်ခွက်ပါတက်နင်းကာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေအရ ထောင်နန်းစံမြန်းရာမှ လွှတ်တော်အမတ်မင်းဘဝ ရောက်ရှိရှာရသူ ဦးဇေယျာသော်
နေပြည်တော် တွင် ပြုလုပ်ခဲ့တဲ့ အမျိုး ဘာသာ သာသနာ ဟောပြောပွဲအတွင်း သံဃာတော်များကို နွားနှင့်ခိုင်းနှိုင်း၍ ယဉ်ကျေးစွာ ခွန်းတုန့်ပြန်နေရှာသော NLDအမတ်မင်း ဦးမင်းသူ
ကျွန်တော်သိသလောက်ကတော့ NLDပါတီရဲ့ လျှမ်းလျှမ်းတောက်တွေက ဒီလောက်ပဲဗျ
လေ့လာမှုအား လိုသေးသလားတော့ မသိဘူးဗျို့ ကျွန်တော်ပြောသလို ၂၀၁၅မှာ အဆိုပါ ပါတီအနိုင်ရခဲ့လို့ အစိုးရတစ်ရပ်ဖွဲ့ရရင် လောက်လောက်လားလား အားကိုးအားထားပြုပြီး နေ့ချင်းညချင်း ပြည်သူခပင်းအတွက် ချမ်းသာခြင်းကို ဆောင်ကြဉ်းပေးမယ့် ပုဂ္ဂိုလ်တွေ
အရံအင်အားအဖြစ် ခုထိကျောင်းမပြီးနိုင်အားတဲ့ ၊လတ်လျားလတ်လျား ဆရာအမည်ခံထားကြတဲ့ ၈၈မျိုးဆက်သစ်တွေနဲ့ ပညာအရည်အချင်း၎တန်းသာအောင်သူ ဒေါ်နေအုန်းလှ၊နှုတ်ခမ်းတစ်လံ ပန်းတစ်လန်နဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်စုစုနွေး၊ဗိုလ်ပြုတ်ဟောင်း ဦးနေမျိုးဇင်တို့ ကျန်သေးသတဲ့ဗျ
သဘောရှိ၊ကရောဟိသာ ပြင်ဆင်တော်မူကြပါမဲပေးတော်မူကြပါ ခင်ဗျ။
credit to အောင်ဇေ ၂၀၁၅ ရွေးကောက်ပွဲကြီး အနီးမှာ ဒေဝါသိကြားတွေမစလို့ ၅၉(စ)က ပြင်ခွင့်ရ

credit to အောင်ဇေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment