မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 15, 2015
မင်းကျင့်တရားဆယ်ပါး**
မင်းကျင့်တရားဆယ်ပါး**
----***------
1. လှူဒါန်းခြင်း
2. သီလဆောက်တည်ခြင်း
3. ပေးကမ်းစွန့်ကြဲခြင်း
4. ရိုးသား တည်ကြည် ဖြောင့်မတ်ခြင်း
5. နူးညံ့ သိမ်မွေ့ခြင်း
6. အဌင်္ဂသီလ ဆောက်တည်ခြင်း
7. အမျက် မထွက်ခြင်း
8. သည်းခံခြင်း
9. ပြည်သူကို မညှဉ်းဆဲခြင်း
10. ပြည်သူကို မဆန့်ကျင်ခြင်း
စသည်တို့ဖြစ်ပါ၏။
(မှန်နန်းမဟာ ရာဇ၀င်တော်ကြီး။ စာ -၃၈)
ပြီးတော့
တိုင်းပြည်အုပ်ချုပ်တဲ့သူတွေဟာ
(၁) မာန်မာန မရှိရဘူး၊
(၂) အချမ်းအပူ ခံနိုင်ရည်ရှိရတယ်၊
(၃) လောကစရိုက်ကို သိရတယ်၊
(၄) ပညာရှိရတယ်လို့
(တိကနိပါတ်၊ ထိလမုဌိဇာတ်တော်)
မှာ ဖတ်ဖူးပါတယ်။
အထက်က လေးချက်နဲ့ညီမှလည်း ပြည်သူက အုပ်ချုပ်သူ (မင်း) ကို လေးစားကြမှာပါ။
ဒီလောက်လေးမှ
အရည်အချင်းမရှိရင်တော့ တိုင်းပြည်ကိုတက်ပြီးတော့ အုပ်ချုပ်ဖို့မကောင်းပါ။
အနည်းဆုံး အခြေခံအချက် လေးတွေလောက် လေ့လာထားပြီးတော့ အုပ်ချုပ်သူ (မင်း) လိုကျင့်မှ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်တဲ့သူ တွေ
ကိုလေးစားကြည်ညိုကြမှာပါ။
ထိုင်းနိုင်ငံမှာဆိုရင်
သူတို့ရဲ့ဘုရင်ကိုချစ်လိုက်ကြတာ
ဆုမွန်တွေတောင်းပေးရတာနဲ့ပေါ့။
ရာဇဝင်မှာဖတ်ဖူးတဲ့မိုးညင်းမင်းတရား
အကြောင်းလေးပြောချင်ပါသေးတယ်။
မိုးညှင်းဘုရင်က
ဆင်းရဲတဲ့ဘ၀ကလာတာပါ
ဆင်းရဲတဲ့ဘဝကနေမင်း
တက်ဖြစ်တာဆိုတော့ အောက်သက်ကျေတယ်။
သည်းခံတယ်။
ကိုယ်ချင်း စာတရားရှိတယ်။
တိုင်းပြည်အကျိုးကို အသက်စွန့်ပြီးထမ်းတယ်ပါတယ်။
သူက
“ငါသည် သူဆင်းရဲမှ မင်းဖြစ်ခဲ့သည်ဖြစ်၍ ပြည်သူကို ငါကဲ့သို့ ဆင်းရဲခြင်းမဖြစ်အောင် စောင့်ရှောက်အံ့။
ငါသည်
မခံစားဖူးသည့် စည်းစိမ်ဥစ္စာ တို့ကို ခံစားရသော်လည်း ပြည်သူကျွေးသော ထမင်းတစ်လုပ်ကို မတော် လောဘဖြင့် မျိုခဲ့သည်ရှိသော် သံပူရည် မျိုသကဲ့သို့ ဖြစ်ပါစေသား” လို့ သစ္စာပြုပြီးမှ ထမင်းစားတာဖြစ်တယ်လို့ဖတ်ဖူးပါတယ်။
ယနေ့ခေတ်
အုပ်ချုပ်သူတွေ အဲဒီလို သစ္စာဆိုပြီး ထမင်းကို မျိုရဲသလား။
တိုင်းပြည်ကိုတောဆင်ရိုင်းမွေသလို
စစ်သားတွေတက်ပြီးတော့ တိုင်းပြည်ကိုအုပ်ချုပ်လိုက်တာ
ဒို့တိုင်းပြည်ကြီး ဘာဖြစ်သွားပြီလဲ???
အားလုံးအသိဘဲမဟုတ်လား
ပညာရေးဆိုတာလည်း
သုံးစားလို့မရတာ
ဘွဲ့ရပြီးဘာမှလုပ်မရ
နိုင်ငံခြားထွက်အိမ်ဖေါ်လုပ်ရတဲ့ပညာရေး
ပညာလဲပျက် လူလဲကျင့်ပျက်၊
အကျင့်ပျက်တော့
ဘက်စုံကဏ္ဍ လုံးပါးပါး၏
တိုင်းပြီးကြီးလည်းအကြွေးပင်လယ်မျောလေ
သည်။
ဘောင်းဘီကိုချွတ်၊ တိုက်ပုံဝတ်ပြီး ချိတ်ထမိန်
ကိုယ်ဆီရယ်နဲ ဒီမိုကရေစီဆိုပြီး
ညာသံပေး
အမှန်တရားဆိုသူတွေကိုထောင်သွင်းကာချအကျဉ်းချတယ်
ပညာတတ်တွေကထောင်ထဲရောက်
ပညာတတ်တွေပလ္လင်ပေါ်တက်မှာတော့
ဒီတိုင်းပြည်
ဖွတ်တက်သလိုမမွဲရင်
ကြိုက်သလိုပြောကြကွယ်လို့ပြောလိုက်ချင်
ပါတယ်။
တချို့ ပညာရှိဆိုသူတွေကလည်း တစ်သက်လုံး ခေါက်ရိုးကျိုးလာတဲ့ ဘုရားထူး အမိန့်နာခံတွေနဲ့လက်အုပ်က
တချီချီ မှန်ပါ့ဘုရားသာမပြောတာ
လုပ်သမျှကိုခေါင်းငြိမ့်နေကြရတာဖြစ်ပါတယ်
ဒီနေခေတ်
ကျောင်းသားလူငယ်တွေဟာ
ဒါတွေကိုမြင်လာလို့
ပညာတတ်တဲ့ မျိုးဆက်သစ်ကို ပျိုးထောင်၊
ဖို့လုပ်မယ်ကြံရွယ်ရုံရှိသေးတယ်
ဆန္ဒပြတဲ့ကျောင်းသားတွေကိုဖမ်းစီးထောင်
ချတယ်။နိပ်စက်တယ်။
လောကဆိုတာ
ပညာနဲ့မြေတောင်မြှောက်မှပနံရတာ
တင့်တယ်တာ
တိုးတက်မှာဖြစ်ပါတယ်။
ပညာနဲ့လူ့ဘောင်ကိုတည်ဆောက်ဖို့
မတွေးသရွေ့
သူခိုး ဓါးပြ လူမိုက်အတွေးနဲ့
ပြည်သူကိုခြိမ်းလိုက်ခြောက်လိုက်လုပ်နေ
ခြင်းဟာ
အာဏာရူးခြင်း
ကိုယ့်မိသားစုဆွေမျိုးသားချင်းများ
ကောင်းစားရေးအတွက်သာ ဆောင်ရွက်တတ်ခြင်း
အာဏာရှင်စနစ်ကိုဖက်တွယ်ထားခြင်း
ကိုယ်နှင့်မတူတိုင်း
တူရာအုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးခြင်း၊ ညှင်းဆဲနှိပ်စက်သတ်ဖြတ်တတ်ခြင်း
အစရှိသည်တို့ကိုဆက်လုပ်နေဖို့ကြံရွယ်နေ
ခြင်းသာဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။
— · မင်းကျင့်တရားဆယ်ပါး**

— ·
Subscribe to:
Post Comments (Atom)
No comments:
Post a Comment