Wednesday, July 15, 2015

သို့ လွှတ်တော်ဥက္ကဋ္ဌကြီး

သို့ လွှတ်တော်ဥက္ကဋ္ဌကြီး သမ္မတကြီးဆီကိုပဲ စာရေးပြီး ဒကာကြီးကိုကျတော့ အဖက်မလုပ်တာ လား ဆိုပြီး စိတ်ကောက်နေတယ်ဆိုလို့ ဘုန်းကြီး စာရေးလိုက်ပါတယ်ကွယ်။ သမ္မတကြီးကတော့ အကျန်စားတွေ၊ ငှက်ကြီးဝန်ပိုတွေ ဝိုင်းနေတော့ သူတကယ် လုပ်ရတာဆိုလို့ နိုင်ငံတကာလှည့် ဝါးဆစ်ဗူးထုတာနဲ့ တစ်လတစ်ခါ "မိဘပြည်သူများခင်ဗျား" အစချီ ဧယဉ်ကျူးတာကလွဲရင် လုပ်စရာ မရှိတာမို့ ဘုန်းကြီးစာကို ဖတ်ဖို့ အချိန်ရှိမှာပဲလေဆိုပြီး ရေးလိုက်တာပါ။ ဒကာကြီးကျတော့ သက်တမ်းနုသေးပေမယ့် ရင်သပ်ရှုမော မဟားဒယားအောင်မြင်နေ တဲ့ သစ္စာ မေတ္တာ ရွှေမန်းလွှတ်တော်ကြီး ကို ကြိုးစားပမ်းစား ဦးစီးပြီး ချိုမိုင်မိုင် နေရတာဆိုတော့ စာဖတ်ချိန်မရလောက်ပါဘူးလေဆိုပြီး မရေးတာပါ။ စာသာမရေးဖြစ်တာ။ တကယ်တော့ ဥက္ကဋ္ဌကြီးကိုလည်း ဘုန်းကြီးက လေးစားပြီးသားပါ။ တိုင်းပြည်အတွက် ပန်းပဲမောင်တင့်တယ် လို လူစားပါပဲကွယ်။ မောင်တင့်တယ်က တူ ကိုင်ပြီး "ပန်းပဲ"လုပ်တယ်။ ဒကာကြီးက တူ ကိုင်ပြီး "တလွဲ"လုပ်တယ်။ ဒါပေသိ "တူ" ကိုင်တာချင်းတော့ တူကြတာကလား! ဒါတင် ဘာကမလဲ။ ပန်းပဲမောင်တင့်တယ်ဟာ အင်အားကြီးလွန်းတော့ ဘုရင်က သူ့ထီးနန်းကို လာလုမှာစိုးလို့ တံကျင်လျှိုသတ်တာ ခံလိုက်ရပြီး "နတ်စိမ်း" ဖြစ်သွားရရှာပေမယ့် "အိမ်တွင်း အဖေကြီး" အနေနဲ့ ဒို့များကို စောင့်ရှောက်ပေးနေသလို... ဒကာကြီးကျတော့လည်း ပါဝါကြီးလွန်းတာကြောင့် စာဖတ်သူကြီးက သူ့ထိုင်ခုံလုမလား စိုးရိမ်လို့ ဘောင်းဘီချွတ်ပြီး ထမီဝတ်ပေးခံလိုက် ရတာအခုတော့ "လွှတ်တော်တွင်း အဖေကြီး" အဖြစ်နဲ့ "စစ်စိမ်း" အစိတ်သားနဲ့ "လူစိမ်း" တစ်သိုက်ကို ရေလဲနဲ့သုံးလို့ တိုင်းပြည်ကို ဇာတ်တိုက်ထားတဲ့အတိုင်း တည်ဆောက်နေတာ ဘုန်းကြီးတောင် တကယ်ဖြစ်နေသလားထင်ရလောက် အောင်ပြဇာတ်ကြီးက ပီပြင်ပါပေတယ် ကွယ်။ တကယ်ဆိုရင် ဒကာကြီးဟာ တူအပြင် တံစဉ်ကိုပါကိုင်ရမှာကွယ့်။ တဘက်က တိုင်းသူပြည်သားနစ်နာ စေတဲ့ အဆိုတွေနဲ့ အဲဒီ အဆိုတင်သူတွေကို "တူ"နဲ့ များများထုပြီး ကန့်ကွက်ပါ။ ဥပမာ ဒကာကြီးတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကြေညာရမယ်ဆိုတဲ့ အဆိုမျိုးပေါ့ကွယ်။ ဒကာကြီးတို့လွှတ်တော်အမတ်တွေ ကလည်း ပြည်သူတွေပဲလေ။ ဒီတော့ ပြည်သူတွေနစ်နာအရှက်ကွဲ မှာစိုးလို့ ပြောင်ပြောင်တင်းတင်း ကာကွယ်သွားတဲ့ ဒကာကြီးကတော့ ဘုန်းကြီးရဲ့ စံပြပုဂ္ဂိုလ်ကြီး ဖြစ်သွားပါပြီ ကွယ်။ ပြီးတော့ တစ်ဘက်ကလည်း တံစဉ်နဲ့ အချိန်လေးရှိတုန်း ဒကာကြီး ရိတ်နိုင်သလောက် များများရိတ်သွားပါ ဒကာကြီးရယ်။ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတယ် လို့ ဆိုရိုးရှိတယ်မဟုတ်လား။ ဒကာကြီးတို့က တိုင်းပြည်အတွက် အနစ်နာခံပြီး ဒုက္ခပင်တွေ နှစ်ပေါင်းများစွာ စိုက်ပေးလာခဲ့တာဆိုတော့ သုခသီးလေးတွေကို ရိတ်သိမ်းသွားဖို့ ရာမှာဒကာကြီးတို့ကလွဲရင် ထိုက်တန်သူ ဘုန်းဘုန်းမမြင်မိဘူးကွယ်။ တကယ်တော့ ဘုန်းကြီးသာ သမ္မတကြီးနေရာမှာဆိုရင် ဒေါက်တာဦးမြင့်ကို စီးပွါးရေး အကြံပေးခန့်မယ့်အစား ဒကာကြီးတို့သားအဖတွေလက်ကို တိုင်းပြည်စီးပွါးရေးကို အပ်လိုက်မှာပဲ ကွယ်။ ဘယ့်နှယ် ကိုယ့်ကိုယ်ကိုတောင် ချမ်းသာအောင် မလုပ်နိုင်တဲ့လူတွေက တိုင်းပြည်ကို ဆင်းရဲတွင်းထဲက ဘယ်လို ဆွဲထုတ်မှာတဲ့တုန်း? ဒကာကြီးရဲ့သားတွေဆို ဒကာကြီးကိုယ်တိုင်က တိုင်းသိပြည်သိ ချီးကျူးရလောက်အောင်ကို စီးပွါးရှာတော်နေတာတောင် သမ္မတကြီးက စီးပွါးကူးသန်းဝန်ကြီးရာထူးတို့၊ အကြံပေးတို့ခေါ်မခန့်တာ ဘုန်းကြီးတော့ စဉ်းစားလို့တောင်မရပါဘူးကွယ်။ ဒါနဲ့ တလောကလည်း ဟို ယန်းကီးကောင်တွေက ဒကာကြီး ဦးအောင်သောင်းကို ဘလက်လစ် သွင်းတာကို ဥက္ကဋ္ဌကြီး တို့ လွှတ်တော်က ပြတ်ပြတ်သားသား တညီတညွတ်တည်း ရှုံ့ချကန့်ကွက်ပြစ်တင်လိုက်တယ်လို့ ဘုန်းကြီးကြားရတော့ သာဓုတွေတောင်ခေါ်မိတယ်ကွယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆုရတုန်းက "သူက ဘာတွေလုပ်ပေးလို့ ဒီဆုရရတာလဲ" ဆိုပြီး ဝိုင်းဝန်းတိုက်ခိုက် အမနာပပြောခဲ့ကြတာကလား။ ကဲ! အဲဒီတုန်းက ဒေါ်စုနဲ့ ဒီဆုထိုက်တန်ကြောင်း ဘယ်သူကများ မားမားမတ်မတ်ရပ်တည် ဖြေရှင်းပေးနိုင်ခဲ့သလဲ? ဒီဒကာကြီး ဦးအောင်သောင်းက သာလျှင်တစ်တိုင်းပြည်လုံးရဲ့ အမုန်းခံပြီး ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဗယ်ဆုနဲ့ ထိုက်တန် ကြောင်း သက်သေပြပေးခဲ့တာလေ။ ဒီလောက်ပက်ပက်စက်စက် အသက်အန္တရာယ်ပြုတာတောင် ငြိမ်းငြိမ်းချမ်းချမ်းတုံ့ပြန်ပြီး၊ အငြှိုးအတေးမထားဘဲ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက်ပဲ ကြိုးပမ်းနေတာကိုမြင်မှ တစ်ကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆုနဲ့ ထိုက်တန်ကြောင်း "ကပ္ပလီမချက် ထုံးနဲ့ကွင်းသလို" ကွက်ကွက်ကွင်းကွင်းမြင်သွားရတာ လေ။ ဒို့မြန်မာတွေလည်း ဂုဏ်တက်သွားရတာပေါ့။ ဒီလို တစ်တိုင်းပြည်လုံးရဲ့ အကျိုးအတွက်ရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကို မှတ်ကျောက်တင်နိုင်ဖို့အတွက်ရော "ဒေါ်စုဟာ အတိုက်အခံပါလား" ဆိုတာကို မေ့ထားပြီး ကိုယ်ကျိုးစွန့် အနစ်နာခံ၊ လူမုန်းခံပြီး လုပ်ဆောင်သွားခဲ့တဲ့ ဒီလို ပုဂ္ဂိုလ်မျိုးကိုမှ "ဘလက်လစ်" သွင်းရက်တဲ့ အမေရိကန်ကို ဒကာကြီးတို့ စစ်သားထမီပတ်လွှတ်တော်ကြီးက ဘလက္ကာယပြန်လုပ်လိုက်တာ ဘုန်းကြီးသာ လူဝတ်နဲ့ဆိုရင် ဒကာကြီးတို့ကို လာပြီး ရှိခိုးမိမှာပါပဲ ကွယ်။ ကြည်ညိုလွန်းလို့ပါ၊ တကယ်။ ဒီလို စီနီယာပထွေးကြီးတွေကို အဖေရင်းတွေလို သဘောထားပြီး "ဒို့အဖေကြီးတွေ ကာကွယ်မလေ" ဆိုတဲ့စိတ်ထားမျိုးကတော့ ဒကာကြီးတို့လို ပါရမီရှင်တွေပဲ ထားနိုင်တာပလေ။ ဒကာကြီးတို့ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ နောက်ထပ်ကြိုက်တာတစ်ခု ကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပိုက်ဆံတွေပြန်မထုတ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တာကိုပါပဲကွယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒကာကြီးဟာ ခေတ်ကို မျက်ခြေမပြတ်လေ့လာနေတယ်ဆို တာဘုန်းကြီးလက်ခံလိုက်ရပြန်တယ် ကွယ်။ ဟုတ်တယ်လေ။ အခုခေတ်မှာ လူတွေက ဗိုလ်ချုပ်ပြတိုက်ကို တိရိစ္ဆာန်ရုံလောက်တောင် စိတ်ဝင်စားကြတာမှ မဟုတ်ဘဲ။ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ ကိုတော့မေ့နေပြီး နောက်တနေ့ ဗယ်လင်တိုင်းဒေး မှာတော့ စုံတွဲလေးတွေ၊ မိသားစုတွေ တိရိစ္ဆာန်ရုံကိုသွားလာလည်ပတ်နေ ကြတာ ဘုန်းကြီး မြင်ရတော့ "ဪ ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်ရင် ဘယ်သူမှ တန်ဖိုးထားမှာမဟုတ်၊ တိရိစ္ဆာန်ပုံလေးတွေနဲ့မှ လူကြိုက်များတန်ဖိုးထားမှာ" လို့ စဉ်းစားမိတဲ့ ဒကာကြီးရဲ့ ဉာဏ်ပညာ အမြော်အမြင်ကြီးမှုကို ထောက်ရှုပြီး ဘုန်းကြီးဒီလိုတွေးမိတယ်ကွယ့်။ "ဒကာကြီးဟာ ဘုရားလောင်းများလားကွယ်!" ဒကာကြီးရေ! ပြောပြန်ရင်လည်း ဘုန်းကြီးတန်မဲ့ အတင်းပြောရာကျဦးမယ်ကွယ်။ အတိုက်အခံတွေကိုပြောပါတယ်။ ဒီလောက်ကောင်းတဲ့ ၂၀၀၈ အခြေခံဥပဒေကြီးကိုပြင်ဦးမတဲ့။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုပြီး လက်မှတ်တွေလိုက်ကောက်၊ ၅ သန်းလောက်လေးရတော့ လွှတ်တော်ကိုလာပြ။ ကြည့်စမ်း! ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံထားလို့ အတည်ဖြစ်နေတဲ့ ဥပဒေကို၁၀ရာခိုင်နှုန်းတောင်မရှိတဲ့ လူတွေရဲ့ လက်မှတ်တွေကိုပြပြီး ပြန်ပြင်ချင်တယ် ဆိုတာကတော့ ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်သလို လွန်လွန်းပါတယ်ကွယ်။ တကယ်ဆို ဒကာကြီးတို့က သဘောထားကြီးကြီးနဲ့ ရှေ့ကနေ ဆရာစားမချန်ဘဲ လုပ်ပြထားတာပဲလေ။ အဲဒါကို အတုခိုးပြီး ပြည်သူ ၉၉ရာခိုင်နှုန်းကျော်က ခြေ/ဥပြင်ဆင်ရေး ထောက်ခံပါတယ် ဆိုပြီး ကိုယ့်ဘာသာ စာရွက်ပေါ် လျှောက်ရေးလိုက်ရင်ပြီးနေတဲ့ကိစ္စကို ဒီလက်မှတ် ၅ သန်းလောက်ရဖို့ အမှန်အကန် အလုပ်ရှုပ်ခံ၊ အပင်ပန်းခံပြီး မှတ်ပုံတင်နံပါတ်နဲ့ တကွ လိုက်ကောက်ပြီး ဘာမှဖြစ်မလာဘဲ သဲထဲရေသွန်ဖြစ်သွားတော့ သူတို့ညံ့လို့ သူတို့ခံရတာ ဘုန်းကြီးဘာမှမပြောချင်ပေမယ့် တိုင်းပြည်အတွက်နေ့မအား ညမနား အလုပ်လုပ်နေရလို့ အချိန်အားတောင်မရှိရှာတဲ့ ဒကာကြီးတို့ကို ဒီလက်မှတ်တွေကို ဟုတ်မဟုတ်၊ မှန်မမှန် စစ်ဆေးပြီး အလုပ်ပိုဝန်တွေ ထပ်ပိအောင် တမင်သက်သက် ကိုယ်ချင်းမစာဘဲ လုပ်တာများ လားလို့ဘုန်းကြီးကတော့ စွပ်စွဲချင် တယ် ကွယ်။ ဒါပေမယ့် ဒကာကြီးကလည်း တကယ့်ကို မခေဘူးနော်။ လက်မှတ်ဘယ်လောက်ရရ၊ စစ်ဖို့နေနေသာသာ တချက်လေးတောင် စောင်းငဲ့မကြည့်ဘဲ ပလပ်လိုက်တာ ပြည်သူတွေပက်လက်လန်ကုန်ကြပါရောလား။ "ပြည်သူ့အား ပြည်သူ့အား"နဲ့ လေလုံးသာထွားနေကြတာ ခေတ်သစ်ပန်းပဲမောင်တင့်တယ် ဒကာကြီး တစ်ယောက်တည်းရဲ့ အားကိုတောင် မယှဉ်နိုင်ပါကလားကွယ်။ ရေးမိပြန်တော့လည်း ပြောစရာတွေမကုန်နိုင်ဘူး ဒကာကြီးရေ။ ဘုန်းကံကြီးတဲ့သူတွေဆိုတာ အထွဋ်အထိပ်မရောက်ခင်ကတည်း ကတဘောင်တွေဘာတွေ အရင်ပေါ်တယ်ကွယ့်။ "အပြောက ရွှေမန်း အက ကတော့ ချိုမိုင်မိုင်" ဆိုတဲ့တဘောင်ဟာ ဘုန်းကြီးတို့ ငယ်စဉ်ကတည်းက ခေတ်စားခဲ့တာ ကလား။ ဘုန်းကြီးလည်း တဘောင်နဲ့ညီတဲ့ မင်းလောင်း ပေါ်လာတော့မလား ပေါ်လာတော့မလားနဲ့ နှစ်ပေါင်းများစွာ စောင့်စားလိုက်ရတာ ဟော... အခုတော့ စောင့်ရကျိုး နပ်ပါပြီကွယ်။ ကြည့်လေ! စကားပြောပိုင်တဲ့နေရာမှာ ဒကာကြီးကတော့ မင်းသား "မြတ်လေး" ရှုံးပါတယ်ကွယ်။ "ပြည်သူ့အသံ လွှတ်တော်အသံ" "အရင် အစိုးရက အမှားတွေလုပ်သွား တာကို အခုအစိုးရက ဆက်ခံရတာပါ" "အရင်စစ်အစိုးရ လူကြီးပိုင်းက အရည်အချင်းရှိပြီး စေတနာကောင်းသော်လည်း ပြည်သူရွေးထားတာမဟုတ်ခဲ့လို့ အခက်တွေ့ရတာပါ" "အခုအစိုးရနဲ့ လွှတ်တော်ကတော့ ပြည်သူကရွေးကောက်တင်မြှောက်ထား တာပါ" "ပြည်သူ့အကျိုးအတွက်ဆိုရင် အတိုက်အခံနဲ့တောင် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ပါ" "မိမိတို့မိသားစုချမ်းသာတာက သားတွေ စီးပွါးရှာတော်လို့ပါ" အစရှိသဖြင့် အပြင်မှာ တကယ်ဖြစ်ပျက်နေတာ တွေနဲ့လုံးဝ ဆန့်ကျင်နေတဲ့ စကား တွေကို သဏ္ဍာန်လုပ် သရုပ်တူ၊ ဆေးစက်ကျရာ အရုပ်ထင်၊ အာပုတ်ရည်ကျရာ အနံ့စွဲဆိုသလို အဝှါအရိုးမရှိတိုင်း ပါးစပ်သရမ်းပြီး အိုဗာတွေ လုပ်တဲ့နေရာမှာတော့ ဘုန်းကြီးမိတ်ဆွေ ဦးဇင်း ကျော်ဟိန်းကြီးလေသံနဲ့ပြောရရင် "လူသားအားလုံးကိုလေးစားပါတယ်။ စစ်သား ရွှေမန်းကြီးကိုတော့ လူသားတွေထက် ဆယ်ဆ... ဆယ်ဆ... ပိုလေးစားသွားပြီ" လို့သာ ဆိုရတော့မှာပဲကွယ်။ ကဲ! စာလည်းရှည်လှပြီမို့ နိဂုံးချုပ်ရရင် သွားလေသူ ရွှေမန်းတင်မောင် ဖင်ထောင်ကသော်လည်း လိုက်မမီနိုင်တဲ့ ဒကာကြီးရဲ့ ချိုမိုင်မိုင်တွေ ကို အသဲစွဲနေကြတဲ့ ဘုန်းကြီးတို့ ပြည်သူတွေကတော့ စာဖတ်နေတဲ့ ဒကာကြီးက ပတ်မကြီးတီး၊ သမ္မတကြီးက မိဘပြည်သူများ သီချင်းဆို၊ ဒကာကြီးရွှေမန်းက ချိုမိုင်မိုင်ကပြီး တက်ညီလက်ညီနဲ့ "သိန်းသန်းစိန်ရွှေမန်း" ဒီမိုကလိမ်စိ ဇာတ်သဘင်ကြီးကို စည်ကားဝေစီ မြန်မာပြည်မှာ ဆက်လက်ကပြပြီး ဥက္ကဋ္ဌကြီးတစ်ယောက် ၂၀၅၀ ရွေးကောက်ပွဲမှာ သမ္မတကြီး ဖြစ်ပါစေလို့ ဘုန်းဘုန်း ဆုတောင်းလိုက်ပါတယ်ကွယ်။ လေးစားအားကိုး၊ ခင်မင်တွယ်တာ၊ သံယောဇဉ်အမျှင်တန်း၊ မေတ္တာ အနန္တ၊ စေတနာ ဗရပွနဲ့ လဒဘုကျ အရှင် ဆွေပိန်ရွ cbကနေcopyချပေးသောfriကိုကျေးဇူးပါ သို့ လွှတ်တော်ဥက္ကဋ္ဌကြီး သမ္မတကြီးဆီကိုပဲ စာရေးပြီး ဒကာကြီးကိုကျတော့ အဖက်မလုပ်တာ လား ဆိုပြီး စိတ်ကောက်နေတယ်ဆိုလို့ ဘုန်းကြီး စာရေးလိုက်ပါတယ်ကွယ်။ သမ္မတကြီးကတော့ အကျန်စားတွေ၊ ငှက်ကြီးဝန်ပိုတွေ ဝိုင်းနေတော့ သူတကယ် လုပ်ရတာဆိုလို့ နိုင်ငံတကာလှည့် ဝါးဆစ်ဗူးထုတာနဲ့ တစ်လတစ်ခါ "မိဘပြည်သူများခင်ဗျား" အစချီ ဧယဉ်ကျူးတာကလွဲရင် လုပ်စရာ မရှိတာမို့ ဘုန်းကြီးစာကို ဖတ်ဖို့ အချိန်ရှိမှာပဲလေဆိုပြီး ရေးလိုက်တာပါ။ ဒကာကြီးကျတော့ သက်တမ်းနုသေးပေမယ့် ရင်သပ်ရှုမော မဟားဒယားအောင်မြင်နေ တဲ့ သစ္စာ မေတ္တာ ရွှေမန်းလွှတ်တော်ကြီး ကို ကြိုးစားပမ်းစား ဦးစီးပြီး ချိုမိုင်မိုင် နေရတာဆိုတော့ စာဖတ်ချိန်မရလောက်ပါဘူးလေဆိုပြီး မရေးတာပါ။ စာသာမရေးဖြစ်တာ။ တကယ်တော့ ဥက္ကဋ္ဌကြီးကိုလည်း ဘုန်းကြီးက လေးစားပြီးသားပါ။ တိုင်းပြည်အတွက် ပန်းပဲမောင်တင့်တယ် လို လူစားပါပဲကွယ်။ မောင်တင့်တယ်က တူ ကိုင်ပြီး "ပန်းပဲ"လုပ်တယ်။ ဒကာကြီးက တူ ကိုင်ပြီး "တလွဲ"လုပ်တယ်။ ဒါပေသိ "တူ" ကိုင်တာချင်းတော့ တူကြတာကလား! ဒါတင် ဘာကမလဲ။ ပန်းပဲမောင်တင့်တယ်ဟာ အင်အားကြီးလွန်းတော့ ဘုရင်က သူ့ထီးနန်းကို လာလုမှာစိုးလို့ တံကျင်လျှိုသတ်တာ ခံလိုက်ရပြီး "နတ်စိမ်း" ဖြစ်သွားရရှာပေမယ့် "အိမ်တွင်း အဖေကြီး" အနေနဲ့ ဒို့များကို စောင့်ရှောက်ပေးနေသလို... ဒကာကြီးကျတော့လည်း ပါဝါကြီးလွန်းတာကြောင့် စာဖတ်သူကြီးက သူ့ထိုင်ခုံလုမလား စိုးရိမ်လို့ ဘောင်းဘီချွတ်ပြီး ထမီဝတ်ပေးခံလိုက် ရတာအခုတော့ "လွှတ်တော်တွင်း အဖေကြီး" အဖြစ်နဲ့ "စစ်စိမ်း" အစိတ်သားနဲ့ "လူစိမ်း" တစ်သိုက်ကို ရေလဲနဲ့သုံးလို့ တိုင်းပြည်ကို ဇာတ်တိုက်ထားတဲ့အတိုင်း တည်ဆောက်နေတာ ဘုန်းကြီးတောင် တကယ်ဖြစ်နေသလားထင်ရလောက် အောင်ပြဇာတ်ကြီးက ပီပြင်ပါပေတယ် ကွယ်။ တကယ်ဆိုရင် ဒကာကြီးဟာ တူအပြင် တံစဉ်ကိုပါကိုင်ရမှာကွယ့်။ တဘက်က တိုင်းသူပြည်သားနစ်နာ စေတဲ့ အဆိုတွေနဲ့ အဲဒီ အဆိုတင်သူတွေကို "တူ"နဲ့ များများထုပြီး ကန့်ကွက်ပါ။ ဥပမာ ဒကာကြီးတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကြေညာရမယ်ဆိုတဲ့ အဆိုမျိုးပေါ့ကွယ်။ ဒကာကြီးတို့လွှတ်တော်အမတ်တွေ ကလည်း ပြည်သူတွေပဲလေ။ ဒီတော့ ပြည်သူတွေနစ်နာအရှက်ကွဲ မှာစိုးလို့ ပြောင်ပြောင်တင်းတင်း ကာကွယ်သွားတဲ့ ဒကာကြီးကတော့ ဘုန်းကြီးရဲ့ စံပြပုဂ္ဂိုလ်ကြီး ဖြစ်သွားပါပြီ ကွယ်။ ပြီးတော့ တစ်ဘက်ကလည်း တံစဉ်နဲ့ အချိန်လေးရှိတုန်း ဒကာကြီး ရိတ်နိုင်သလောက် များများရိတ်သွားပါ ဒကာကြီးရယ်။ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတယ် လို့ ဆိုရိုးရှိတယ်မဟုတ်လား။ ဒကာကြီးတို့က တိုင်းပြည်အတွက် အနစ်နာခံပြီး ဒုက္ခပင်တွေ နှစ်ပေါင်းများစွာ စိုက်ပေးလာခဲ့တာဆိုတော့ သုခသီးလေးတွေကို ရိတ်သိမ်းသွားဖို့ ရာမှာဒကာကြီးတို့ကလွဲရင် ထိုက်တန်သူ ဘုန်းဘုန်းမမြင်မိဘူးကွယ်။ တကယ်တော့ ဘုန်းကြီးသာ သမ္မတကြီးနေရာမှာဆိုရင် ဒေါက်တာဦးမြင့်ကို စီးပွါးရေး အကြံပေးခန့်မယ့်အစား ဒကာကြီးတို့သားအဖတွေလက်ကို တိုင်းပြည်စီးပွါးရေးကို အပ်လိုက်မှာပဲ ကွယ်။ ဘယ့်နှယ် ကိုယ့်ကိုယ်ကိုတောင် ချမ်းသာအောင် မလုပ်နိုင်တဲ့လူတွေက တိုင်းပြည်ကို ဆင်းရဲတွင်းထဲက ဘယ်လို ဆွဲထုတ်မှာတဲ့တုန်း? ဒကာကြီးရဲ့သားတွေဆို ဒကာကြီးကိုယ်တိုင်က တိုင်းသိပြည်သိ ချီးကျူးရလောက်အောင်ကို စီးပွါးရှာတော်နေတာတောင် သမ္မတကြီးက စီးပွါးကူးသန်းဝန်ကြီးရာထူးတို့၊ အကြံပေးတို့ခေါ်မခန့်တာ ဘုန်းကြီးတော့ စဉ်းစားလို့တောင်မရပါဘူးကွယ်။ ဒါနဲ့ တလောကလည်း ဟို ယန်းကီးကောင်တွေက ဒကာကြီး ဦးအောင်သောင်းကို ဘလက်လစ် သွင်းတာကို ဥက္ကဋ္ဌကြီး တို့ လွှတ်တော်က ပြတ်ပြတ်သားသား တညီတညွတ်တည်း ရှုံ့ချကန့်ကွက်ပြစ်တင်လိုက်တယ်လို့ ဘုန်းကြီးကြားရတော့ သာဓုတွေတောင်ခေါ်မိတယ်ကွယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆုရတုန်းက "သူက ဘာတွေလုပ်ပေးလို့ ဒီဆုရရတာလဲ" ဆိုပြီး ဝိုင်းဝန်းတိုက်ခိုက် အမနာပပြောခဲ့ကြတာကလား။ ကဲ! အဲဒီတုန်းက ဒေါ်စုနဲ့ ဒီဆုထိုက်တန်ကြောင်း ဘယ်သူကများ မားမားမတ်မတ်ရပ်တည် ဖြေရှင်းပေးနိုင်ခဲ့သလဲ? ဒီဒကာကြီး ဦးအောင်သောင်းက သာလျှင်တစ်တိုင်းပြည်လုံးရဲ့ အမုန်းခံပြီး ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဗယ်ဆုနဲ့ ထိုက်တန် ကြောင်း သက်သေပြပေးခဲ့တာလေ။ ဒီလောက်ပက်ပက်စက်စက် အသက်အန္တရာယ်ပြုတာတောင် ငြိမ်းငြိမ်းချမ်းချမ်းတုံ့ပြန်ပြီး၊ အငြှိုးအတေးမထားဘဲ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက်ပဲ ကြိုးပမ်းနေတာကိုမြင်မှ တစ်ကမ္ဘာလုံးက ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆုနဲ့ ထိုက်တန်ကြောင်း "ကပ္ပလီမချက် ထုံးနဲ့ကွင်းသလို" ကွက်ကွက်ကွင်းကွင်းမြင်သွားရတာ လေ။ ဒို့မြန်မာတွေလည်း ဂုဏ်တက်သွားရတာပေါ့။ ဒီလို တစ်တိုင်းပြည်လုံးရဲ့ အကျိုးအတွက်ရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကို မှတ်ကျောက်တင်နိုင်ဖို့အတွက်ရော "ဒေါ်စုဟာ အတိုက်အခံပါလား" ဆိုတာကို မေ့ထားပြီး ကိုယ်ကျိုးစွန့် အနစ်နာခံ၊ လူမုန်းခံပြီး လုပ်ဆောင်သွားခဲ့တဲ့ ဒီလို ပုဂ္ဂိုလ်မျိုးကိုမှ "ဘလက်လစ်" သွင်းရက်တဲ့ အမေရိကန်ကို ဒကာကြီးတို့ စစ်သားထမီပတ်လွှတ်တော်ကြီးက ဘလက္ကာယပြန်လုပ်လိုက်တာ ဘုန်းကြီးသာ လူဝတ်နဲ့ဆိုရင် ဒကာကြီးတို့ကို လာပြီး ရှိခိုးမိမှာပါပဲ ကွယ်။ ကြည်ညိုလွန်းလို့ပါ၊ တကယ်။ ဒီလို စီနီယာပထွေးကြီးတွေကို အဖေရင်းတွေလို သဘောထားပြီး "ဒို့အဖေကြီးတွေ ကာကွယ်မလေ" ဆိုတဲ့စိတ်ထားမျိုးကတော့ ဒကာကြီးတို့လို ပါရမီရှင်တွေပဲ ထားနိုင်တာပလေ။ ဒကာကြီးတို့ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ နောက်ထပ်ကြိုက်တာတစ်ခု ကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပိုက်ဆံတွေပြန်မထုတ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တာကိုပါပဲကွယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒကာကြီးဟာ ခေတ်ကို မျက်ခြေမပြတ်လေ့လာနေတယ်ဆို တာဘုန်းကြီးလက်ခံလိုက်ရပြန်တယ် ကွယ်။ ဟုတ်တယ်လေ။ အခုခေတ်မှာ လူတွေက ဗိုလ်ချုပ်ပြတိုက်ကို တိရိစ္ဆာန်ရုံလောက်တောင် စိတ်ဝင်စားကြတာမှ မဟုတ်ဘဲ။ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ ကိုတော့မေ့နေပြီး နောက်တနေ့ ဗယ်လင်တိုင်းဒေး မှာတော့ စုံတွဲလေးတွေ၊ မိသားစုတွေ တိရိစ္ဆာန်ရုံကိုသွားလာလည်ပတ်နေ ကြတာ ဘုန်းကြီး မြင်ရတော့ "ဪ ဗိုလ်ချုပ်ပုံနဲ့ ပိုက်ဆံထုတ်ရင် ဘယ်သူမှ တန်ဖိုးထားမှာမဟုတ်၊ တိရိစ္ဆာန်ပုံလေးတွေနဲ့မှ လူကြိုက်များတန်ဖိုးထားမှာ" လို့ စဉ်းစားမိတဲ့ ဒကာကြီးရဲ့ ဉာဏ်ပညာ အမြော်အမြင်ကြီးမှုကို ထောက်ရှုပြီး ဘုန်းကြီးဒီလိုတွေးမိတယ်ကွယ့်။ "ဒကာကြီးဟာ ဘုရားလောင်းများလားကွယ်!" ဒကာကြီးရေ! ပြောပြန်ရင်လည်း ဘုန်းကြီးတန်မဲ့ အတင်းပြောရာကျဦးမယ်ကွယ်။ အတိုက်အခံတွေကိုပြောပါတယ်။ ဒီလောက်ကောင်းတဲ့ ၂၀၀၈ အခြေခံဥပဒေကြီးကိုပြင်ဦးမတဲ့။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုပြီး လက်မှတ်တွေလိုက်ကောက်၊ ၅ သန်းလောက်လေးရတော့ လွှတ်တော်ကိုလာပြ။ ကြည့်စမ်း! ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံထားလို့ အတည်ဖြစ်နေတဲ့ ဥပဒေကို၁၀ရာခိုင်နှုန်းတောင်မရှိတဲ့ လူတွေရဲ့ လက်မှတ်တွေကိုပြပြီး ပြန်ပြင်ချင်တယ် ဆိုတာကတော့ ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်သလို လွန်လွန်းပါတယ်ကွယ်။ တကယ်ဆို ဒကာကြီးတို့က သဘောထားကြီးကြီးနဲ့ ရှေ့ကနေ ဆရာစားမချန်ဘဲ လုပ်ပြထားတာပဲလေ။ အဲဒါကို အတုခိုးပြီး ပြည်သူ ၉၉ရာခိုင်နှုန်းကျော်က ခြေ/ဥပြင်ဆင်ရေး ထောက်ခံပါတယ် ဆိုပြီး ကိုယ့်ဘာသာ စာရွက်ပေါ် လျှောက်ရေးလိုက်ရင်ပြီးနေတဲ့ကိစ္စကို ဒီလက်မှတ် ၅ သန်းလောက်ရဖို့ အမှန်အကန် အလုပ်ရှုပ်ခံ၊ အပင်ပန်းခံပြီး မှတ်ပုံတင်နံပါတ်နဲ့ တကွ လိုက်ကောက်ပြီး ဘာမှဖြစ်မလာဘဲ သဲထဲရေသွန်ဖြစ်သွားတော့ သူတို့ညံ့လို့ သူတို့ခံရတာ ဘုန်းကြီးဘာမှမပြောချင်ပေမယ့် တိုင်းပြည်အတွက်နေ့မအား ညမနား အလုပ်လုပ်နေရလို့ အချိန်အားတောင်မရှိရှာတဲ့ ဒကာကြီးတို့ကို ဒီလက်မှတ်တွေကို ဟုတ်မဟုတ်၊ မှန်မမှန် စစ်ဆေးပြီး အလုပ်ပိုဝန်တွေ ထပ်ပိအောင် တမင်သက်သက် ကိုယ်ချင်းမစာဘဲ လုပ်တာများ လားလို့ဘုန်းကြီးကတော့ စွပ်စွဲချင် တယ် ကွယ်။ ဒါပေမယ့် ဒကာကြီးကလည်း တကယ့်ကို မခေဘူးနော်။ လက်မှတ်ဘယ်လောက်ရရ၊ စစ်ဖို့နေနေသာသာ တချက်လေးတောင် စောင်းငဲ့မကြည့်ဘဲ ပလပ်လိုက်တာ ပြည်သူတွေပက်လက်လန်ကုန်ကြပါရောလား။ "ပြည်သူ့အား ပြည်သူ့အား"နဲ့ လေလုံးသာထွားနေကြတာ ခေတ်သစ်ပန်းပဲမောင်တင့်တယ် ဒကာကြီး တစ်ယောက်တည်းရဲ့ အားကိုတောင် မယှဉ်နိုင်ပါကလားကွယ်။ ရေးမိပြန်တော့လည်း ပြောစရာတွေမကုန်နိုင်ဘူး ဒကာကြီးရေ။ ဘုန်းကံကြီးတဲ့သူတွေဆိုတာ အထွဋ်အထိပ်မရောက်ခင်ကတည်း ကတဘောင်တွေဘာတွေ အရင်ပေါ်တယ်ကွယ့်။ "အပြောက ရွှေမန်း အက ကတော့ ချိုမိုင်မိုင်" ဆိုတဲ့တဘောင်ဟာ ဘုန်းကြီးတို့ ငယ်စဉ်ကတည်းက ခေတ်စားခဲ့တာ ကလား။ ဘုန်းကြီးလည်း တဘောင်နဲ့ညီတဲ့ မင်းလောင်း ပေါ်လာတော့မလား ပေါ်လာတော့မလားနဲ့ နှစ်ပေါင်းများစွာ စောင့်စားလိုက်ရတာ ဟော... အခုတော့ စောင့်ရကျိုး နပ်ပါပြီကွယ်။ ကြည့်လေ! စကားပြောပိုင်တဲ့နေရာမှာ ဒကာကြီးကတော့ မင်းသား "မြတ်လေး" ရှုံးပါတယ်ကွယ်။ "ပြည်သူ့အသံ လွှတ်တော်အသံ" "အရင် အစိုးရက အမှားတွေလုပ်သွား တာကို အခုအစိုးရက ဆက်ခံရတာပါ" "အရင်စစ်အစိုးရ လူကြီးပိုင်းက အရည်အချင်းရှိပြီး စေတနာကောင်းသော်လည်း ပြည်သူရွေးထားတာမဟုတ်ခဲ့လို့ အခက်တွေ့ရတာပါ" "အခုအစိုးရနဲ့ လွှတ်တော်ကတော့ ပြည်သူကရွေးကောက်တင်မြှောက်ထား တာပါ" "ပြည်သူ့အကျိုးအတွက်ဆိုရင် အတိုက်အခံနဲ့တောင် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ပါ" "မိမိတို့မိသားစုချမ်းသာတာက သားတွေ စီးပွါးရှာတော်လို့ပါ" အစရှိသဖြင့် အပြင်မှာ တကယ်ဖြစ်ပျက်နေတာ တွေနဲ့လုံးဝ ဆန့်ကျင်နေတဲ့ စကား တွေကို သဏ္ဍာန်လုပ် သရုပ်တူ၊ ဆေးစက်ကျရာ အရုပ်ထင်၊ အာပုတ်ရည်ကျရာ အနံ့စွဲဆိုသလို အဝှါအရိုးမရှိတိုင်း ပါးစပ်သရမ်းပြီး အိုဗာတွေ လုပ်တဲ့နေရာမှာတော့ ဘုန်းကြီးမိတ်ဆွေ ဦးဇင်း ကျော်ဟိန်းကြီးလေသံနဲ့ပြောရရင် "လူသားအားလုံးကိုလေးစားပါတယ်။ စစ်သား ရွှေမန်းကြီးကိုတော့ လူသားတွေထက် ဆယ်ဆ... ဆယ်ဆ... ပိုလေးစားသွားပြီ" လို့သာ ဆိုရတော့မှာပဲကွယ်။ ကဲ! စာလည်းရှည်လှပြီမို့ နိဂုံးချုပ်ရရင် သွားလေသူ ရွှေမန်းတင်မောင် ဖင်ထောင်ကသော်လည်း လိုက်မမီနိုင်တဲ့ ဒကာကြီးရဲ့ ချိုမိုင်မိုင်တွေ ကို အသဲစွဲနေကြတဲ့ ဘုန်းကြီးတို့ ပြည်သူတွေကတော့ စာဖတ်နေတဲ့ ဒကာကြီးက ပတ်မကြီးတီး၊ သမ္မတကြီးက မိဘပြည်သူများ သီချင်းဆို၊ ဒကာကြီးရွှေမန်းက ချိုမိုင်မိုင်ကပြီး တက်ညီလက်ညီနဲ့ "သိန်းသန်းစိန်ရွှေမန်း" ဒီမိုကလိမ်စိ ဇာတ်သဘင်ကြီးကို စည်ကားဝေစီ မြန်မာပြည်မှာ ဆက်လက်ကပြပြီး ဥက္ကဋ္ဌကြီးတစ်ယောက် ၂၀၅၀ ရွေးကောက်ပွဲမှာ သမ္မတကြီး ဖြစ်ပါစေလို့ ဘုန်းဘုန်း ဆုတောင်းလိုက်ပါတယ်ကွယ်။ လေးစားအားကိုး၊ ခင်မင်တွယ်တာ၊ သံယောဇဉ်အမျှင်တန်း၊ မေတ္တာ အနန္တ၊ စေတနာ ဗရပွနဲ့ လဒဘုကျ အရှင် ဆွေပိန်ရွ cbကနေcopyချပေးသောfriကိုကျေးဇူးပါ

No comments: