ဖားကန့် ရပ်ကွက် လေးခု ရေစလွှမ်း"ယနေ့နံနက် ဆယ်နာရီခန့်မှစ၍ဥရုချာင်းရေ ရုတ်တရက်တက်လာကာဖားကန့်မြို့အတွင်းရှိ ရပ်ကွက်လေးခု ရေလွှမ်းမိုးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟု သတင်းရရှိသည်။ဖားကန့်မြို့အတွင်း မြို့မ၊ ငှက်ပျောတော၊ မရှိကထောင်၊ အေးမြသာယာနှင့် မှော်ဝမ်းရပ်ကွက်တို့ရှိပြီး မှော်ဝမ်းမှလွဲ၍ကျန်ရပ်ကွက်လေးခု ရေလွှမ်းမိုးမှုနှင့်ကြုံတွေ့လာခြင်းဖြစ်သည်ဟု ဖားကန့်မြို့မရဲစခန်း စခန်းမှူး ဒုတိယ ရဲမှူးနိုင်ဝင်းက ပြောသည်။ငှက်ပျောတောရပ်ကွက်တွင် ရေလေးပေကျော် နစ်မြုပ်ကာ အဆိုးရွားဆုံးဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ရေဘေးကယ်ဆယ်ရေးကော်မတီဖွဲ့၍ ဒေသခံများအား ရေဘေးလွတ်ရာပို့ရန် စီစဉ်နေပြီဖြစ်သည်ဟု ၄င်းကပြောသည်။"မနှစ်ကလည်း ဒီအချိန်ပဲ။ ဥရုချာင်းက မြေစာတွေနဲ့တင် ပြည့်လုနီးလေ။ မှော်ဝမ်းပါ မြှုပ်ရင်တော့ တစ်မြို့လုံးမြုပ်ပြီ။ ရေက ကြည့်နေရင်းကို တက်လာတာ" ဟု ငှက်ပျောတောရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဒေသများတွင် ယခုရက်ပိုင်း နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးထားသည်။ တောင်တန်းဒေသများတွင် မိုးကြီးပါက ရေလွမ်းမိုးမှုအပြင် မြေပြိုမည့် အန္တရာယ်ပါ သတိပြုသင့်သည်ဟုဒေါက်တာထွန်းလွင်က ဆိုသည်။
No comments:
Post a Comment