မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, July 11, 2015
ကိုယ်ကျိုးအတွက် မဟုတ်ကြပါ =========================================
ကိုယ်ကျိုးအတွက် မဟုတ်ကြပါ
=========================================
10, July, 2015 By Voice Of Kachin
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ရေကြီးခဲ့တဲ့အတွက်ကြောင့် အမှိုက်များဖြင့် ပိတ်ဆို့နေသော နေရာတွေ ရေတိုက်စားမှုကြောင့် ပျက်ဆီးသွားတဲ့လမ်းတွေ ရေနှုတ်မြောင်း တွေကို ခုချိန်ထိ ပြုပြင်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။
ဒေသခံများနှင့် တပ်မတော်သားများ အစိုးရ၀န်ထမ်းများ ပူးပေါင်းဆောင်ရွက်မှုကြောင့် အချိန်တိုတိုအတွင်းမှာပဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်လို့ သိရပါတယ်။ အခုလိုမျိုး တပ်နဲ့ပြည်သူ တသားတည်းဖြစ်နေတာကို ကြည့်ရတာ ပျော်ရွှင်ကြည်နူးစရာပဲလို့ ဒေသခံတွေက ဆိုပါတယ်။
သန့်ရှင်းရေးလာလုပ်တဲ့ တပ်မတော်သားများနဲ့ အစိုးရ၀န်ထမ်းများကို ဒေသခံတွေက နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်တာကို ခံရတဲ့အတွက် ကိုယ့်မိသားစု ကိုယ့်အိမ်ကို ပြုလုပ်ပေး နေရသလိုပါပဲလို့ တပ်မတော်သားတစ်ဦးရဲ့ ရင်ဖွင့်သံကိုလဲ ကြားသိရပါတယ်။
ဘယ်လို အခတ်အခဲမျိုးမဆို တပ်နဲ့ပြည်သူစည်းစည်းလုံးလုံးနဲ့ လုပ်ကိုင်ဆောင်ရွက် သွားမယ်ဆိုရင် အချိန်တိုအတွင်းမှာ အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ပါတယ်။ ကချင်ပြည်နယ် ကောင်းစားဖို့အတွက်ဆိုပြီး အော်နေတဲ့ KIO/KIA ကိုတော့ ပြည်သူတွေဆီက ဘယ်လိုပိုက်ဆံ ကောက်ရမလဲဆိုတာကိုပဲ စဉ်းစားနေပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment