မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 10, 2015
ဦးအောင်သောင်း၏ ချွေးနဲစာဖြင့် ခေတ်မီဆေးရုံတစ်ရုံ မြန်မာနိုင်ငံတွင် မဆောက်လုပ်ခဲ့မိသည်ကို နောင်တရမဆုံးဟု ၄င်း၏ သားဆို၊ သိမ်းယူထားသည့် လယ်များကုန်သည်အထိ ဆေးကုသွားမည်ဟုကတိပေး
ဦးအောင်သောင်း၏ ချွေးနဲစာဖြင့် ခေတ်မီဆေးရုံတစ်ရုံ မြန်မာနိုင်ငံတွင် မဆောက်လုပ်ခဲ့မိသည်ကို နောင်တရမဆုံးဟု ၄င်း၏ သားဆို၊ သိမ်းယူထားသည့် လယ်များကုန်သည်အထိ ဆေးကုသွားမည်ဟုကတိပေး
-------------------------------------------------------------------------------------------
မုတ်သုန်လေအေးများနှင့်အတူ သတင်းတစ်ခုက မြန်မာနိုင်ငံကို ရိုက်ခတ်လာသည်။ ဤကား နိုင်ငံထိပ်တန်းခေါင်းဆောင်တော်တစ်ဦးဖြစ်သူ ဦးအောင်သောင်း၏ ဦးနှောက်တော်အတွင်း သွေးတော်ယိုစိမ့်သည်ဟူသော သတင်းဖြစ်သည် ။မြန်မာနိုင်ငံတွင် လူဖတ်အများဆုံး မီဒီယာဟု မိမိဘာသာ အမည်တပ်ထားသည့် The Ginger မှလည်း သက်ဆိုင်သူများထံသို့ သွားရောက်သတင်း ယူခဲ့သည်။
ပထမဦးစွာ ပူဆွေးသောကတော်ရောက်နေသော ကျန်ရစ်မလိုလို မကျန်ရစ်မလိုလိုဖြစ်နေသော ဦးအောင်သောင်း၏ မိသားစုထံ The Ginger သတင်းဌာနသည် သွားရောက်မေးမြန်းခဲ့သည်။ ဦးအောင်သောင်းသည် အိပ်မက်ပေးပြီးကြောင်း သိရှိရပြီး အိပ်မက်ထဲတွင် မိမိသေဆုံးလျှင် ရွှေကုလားထိုင် ထည့်ပေးလိုက်ရန် မှာကြားခဲ့သည်ဟုဆိုသည်။
“အိပ်မက်ထဲမှာတောင် ဖေဖေ့ကို ယပ်တော်ခတ်ပေးနေတဲ့ ကျောင်းသူလေးတွေကို တွေ့ခဲ့သေးတယ်။ ဖေဖေကတော့ အေးအေးလူလူပဲ နေမှာပါ။” ဟု ဦးအောင်သောင်း၏ သားတစ်ဦးက အခြားသူများကို ဖြေသိမ့်နေသည်။
အမှန်တစ်ကယ်တွင်လည်း ဦးအောင်သောင်းသည် စင်ကာပူနိုင်ငံရှိ ဈေးအကြီးဆုံး ဆေးရုံတစ်ရုံ၏ လေအေးပေးစက် အခန်းတွင် လှဲလျောင်းနေရသဖြင့် အေးအေးလူလူဖြစ်နေမှာ သေချာလှသည်။
ဆက်လက်၍ သားဖြစ်သူမှ လူနာလာမေးသော အသိများအား ပြောကြားခဲ့ရာတွင် “နောင်တ အရဆုံးက မြန်မာနိုင်ငံမှာ ခေတ်မှီ ဆေးရုံတစ်ရုံ မဆောက်ခဲ့မိတာပဲဗျာ။ ဖေ့ဖေ့ရဲ့ ချွေးနဲစာနဲ့ မြန်မာပြည်တိုးတက်ဖို့အတွက် ဘဏ်ကြီးတွေ၊ ကုမ္ပဏီကြီးတွေပဲ ဆောက်ဖို့ ကျွန်တော်တို့ လုံးပန်းနေတော့ ဆေးရုံတစ်ရုံဆောက်ဖို့ မေ့သွားတယ်။ သူ့ကို အခုပို့ထားတဲ့ ဆေးရုံလောက် ခေတ်မှီတာမျိုး မြန်မာပြည်အတွက် မလိုဘူးလို့ ဖေဖေကလည်း အမြဲ ပြောနေတော့…”
အသံတိမ်ဝင်သွားပြီး တစ်အောင့်မျှအကြာတွင်
“အခုတော့ ကိုယ်ကျိုးနည်းပြီထင်ပါရဲ့ဗျာ” ဟု ဆို့ဆို့ငင့်ငင့်ဖြင့် ပြောရှာသည်။
ဦးအောင်သောင်းကို ပုဂ္ဂလိက ဂျက်လေယာဉ်ဖြင့် စင်ကာပူသို့ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဆေးရုံတွင်လည်း ငွေကုန်ကျေးကျ အလွန်များသည်ဟု နီးစပ်ရာအသိုင်းအဝိုင်းမှ သိရသည်။
“ဘယ်လောက်ကုန်ကုန် အကောင်းအတိုင်းဖြစ်အောင် ကုသွားမှာပါ။ မြန်မာပြည်မှာ ဖေဖေ ကြိုးကြိုးစားစား ရှာဖွေ သိမ်းယူထားတဲ့ လယ်တွေအများကြီးကျန်ပါသေးတယ်။ လယ်တွေငွေတွေ ကုန်ရင်ကုန်သွားပါစေ လူ့အသက်က အဓိကပါ။” ဟု ဦးအောင်သောင်း၏ သားမှ ထပ်မံဖြည့်စွက် ပြောကြားခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment