Saturday, July 11, 2015

ကချင်ပြည်နယ်.မိုးညှင်းမြို့ ရဲတပ်ဖွဲ့ဝင်များမှ ဘိန်းဖြူ ဆပ်ပြာခွက်(၆)ခွက် လက်ဝယ်တွေ့ရှိ ဖမ်းမိသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူထံမှ ငွေကျပ်သိန်း(၅၀) တောင်းယူမှု ဖြစ်စဉ်အား တာဝန်ရှိအဆင့်ဆင့်မှ အရေးယူဆောင်ရွက်ပေးနိုင်ပါရန်တင်ပြခြင်း ...........................................................................

ကချင်ပြည်နယ်.မိုးညှင်းမြို့ ရဲတပ်ဖွဲ့ဝင်များမှ ဘိန်းဖြူ ဆပ်ပြာခွက်(၆)ခွက် လက်ဝယ်တွေ့ရှိ ဖမ်းမိသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူထံမှ ငွေကျပ်သိန်း(၅၀) တောင်းယူမှု ဖြစ်စဉ်အား
တာဝန်ရှိအဆင့်ဆင့်မှ အရေးယူဆောင်ရွက်ပေးနိုင်ပါရန်တင်ပြခြင်း
...........................................................................
၂၀၁၅ ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင်  ကချင်ပြည်နယ်   မိုးကောင်း မြို့နယ် ပင်းဘောရဲစခန်းရှေ့တွင် မချောစိန်(မိုးညှင်းမြို့ ထန်းတပင်  ကျေးရွာနေ) ဆိုသူအား ရဲတပ်ဖွဲ့ဝင်များမှ  ရပ်တန့်   ရှာဖွေရာတွင်  ၄င်း၏ ခန္ဓာကိုယ်တွင်ဝှက်၍  သယ်ဆောင်လာသော    ဘိန်းဖြူ •• ဆပ်ပြာခွက်(၆)ခွက်အားတွေ့ရှိဖမ်းမိခဲ့ပါသည်$$$$$$$$$$$
၎င်းကိစ္စနှင့်ပတ်သက်ပြီး ကွင်းဆက်တရားခံအား စစ်ဆေးမေးမြန်း
ခဲ့ရာ $$$$ ပင်းဘောရဲစခန်းမှရဲတပ်ဖွဲ့ဝင်များနှင့် မိုးညှင်းရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်   တို့ပူးပေါင်း၍ မိုးညှင်းမြို့ ထန်းတပင်ကျေးရွာ အဝင် မိုးညှင်းဒီဂရီကောလိပ်ကျောင်း အနီးရှိ  မချောစိန်၏  နေအိမ် သို့ လိုက်လာပြီး ၄င်း၏ ခင်ပွန်းဖြစ်သူ ဦးလင်းအောင်  အားဖမ်းဆီး မည်ပြုစဉ် မိုးညှင်းဒီဂရီကောလိပ်အနီးရှိ တောကျောင်း ကိုယ်တော် စိန်န္တာမဏိ ဘုန်းကြီးဖြစ်သူမှ ကြားဝင်ညှိနှိုင်းပေး၍  ဦးလင်းအောင် မှ ရဲတပ်ဖွဲ့ဝင်များသို့ ငွေကျပ်သိန်း (၅၀) ပေးဆောင်ခဲ့ရာ  ရဲတပ်ဖွဲ့ ဝင်များမှ ဖမ်းဆီးခြင်းမရှိဘဲ ပြန်သွားကြပါသည်......ဦးလင်းအောင် နှင့်  ဇနီးဖြစ်သူ  ဒေါ်ချောစိန်တို့ (၂)ဦးမှာ    မိုးညှင်းဒီဂရီကောလိပ် ကျောင်းအနီးတွင်နေထိုင်ပြီးကျောင်းသားထုအတွင်းသို့မူးယစ်ဆေး ဝါးများ ဖြန့်ဖြူးရောင်းချနေသည်မှာ ကြာပြီဖြစ်ကြောင်း ဒေသခံတို့မှ ပြောဆိုနေသဖြင့် ယခုကိစ္စအား တာဝန်ရှိသူများမှအမြန်ဆုံး အရေး ယူဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာဖြင့် တင်ပြလိုပါသည်

No comments: