Saturday, July 25, 2015

ဖားကန့်မြို့တွင်း မိုးအဆက်မပြက်ရွာသွန်းမှုကြောင့် ရေကြီး =========================================

ဖားကန့်မြို့တွင်း မိုးအဆက်မပြက်ရွာသွန်းမှုကြောင့် ရေကြီး ========================================= 24, July, 2015 By Voice Of Kachin ၂၀၁၅ ဇူလိုင် ၂၃ ရက်နေ့ နံနက် ၃ နာရီခန့်မှစ၍ ဖားကန့်မြို့အတွင်း မိုးအဆက်မပြက် ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာသဖြင့် မြို့မရပ်ကွက် ကျောက်ဝိုင်းနေရာ၊ ငှက်ပျောတောရပ်ကွက်ရှိ ကြိုးတံတားအနီး၊ မရှီကထောင်ရပ်ကွက်ရှိ ကျောက်စိမ်းတံတား တစ်ဖက်ခြမ်း အဆင်းနေရာများတွင် ရေများဝင်ရောက်လျှက်ရှိကြောင်း သိရှိရသည်။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင်လည်း ရေကြီးနေပြီး ဆက်လက်ကြီးနိုင်သောကြောင့် ရေဘေးကြိုတင်သတိပေးချက်တွေ လိုက်လံထုတ်ပြန်လျှက်ရှိပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်း များကို ကယ်ဆယ်ရေးအဖွဲ့များနဲ့ တပ်မတော်သားများက ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရပါသည်။ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင်လည်း တောင်ကျချောင်းရေကြောင့် ဝှေခါချောင်းရေ မြင့်တက်လာပြီး ရွာအတွင်းသို့ဝင်ရောက်ကာ ဒေသခံရွာသားများ(၁၈၀)ဦးခန့် ဆိတ်မူခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် တပ်မတော်သားများမှ ကူညီပြောင်းရွေ့ပေးထားကြောင်း သိရှိရပါသည်။ ရေဘေး ဒုက္ခသည်များအား တပ်မတော်သားများနှင့် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ ထမင်းဗူး ၂၂၀၀ ဗူးအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

No comments: