Wednesday, July 15, 2015

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် (၇) - ====================

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် (၇) - ==================== တကယ်ကတော့ ဘယ်အဖွဲ့အစည်းမှာ မဆို အတွင်းအပြင် ပြဿနာဆိုတာ အနည်းနှင့်အများ ရှိတတ်ကြတာပါပဲ။ ဒါဟာ သဘာဝပါ။ ကျွန်တော်ကတော့ ပြဿနာမရှိရင် မနေတတ်သူလို ဖြစ်နေတာကြောင့် ပြဿနာကို ခင်တွယ်နေတဲ့သူလိုတောင် ဖြစ်နေပါရော။ ကျွန်တော်တို့ အဖွဲ့ကို စပြီး ဖွဲ့စည်းစဉ် ကတည်းက အဖွဲ့ဝင်တွေ ကြားမှာ မကျေလည်မှုတွေ ရှိခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါရိုက်တာ စနိုးဝှိုက် မောင်မောင်ဦးနဲ့ ဇာတ်ညွှန်း ကိုလွင်တို့ကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ထဲမှာ မထည့်ဖို့ ထည့်ဖို့က စလာခဲ့တဲ့ ပြဿနာပါ။ ကျွန်တော် အမေရိကား ရောက် နေချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးရုံးကို ဖွင့်လှစ်ပွဲ လုပ်ခဲ့ပါတယ်။ အဲသည်ပွဲမှာ ကိုမောင်မောင်ဦးတို့ ကိုလွင်တို့ကို သာမာန် ဧည့်သည်တွေလို ပဲ တက်စေခဲ့ပြီး အဖွဲ့ဝင်အဖြစ် မတက်ခိုင်း ခဲ့ကြပါဘူးတဲ့။ ကျွန်တော်ဟာ ရုပ်ရှင်လောကမှာ အပေါင်းအသင်း မရှိသူပါ။ ဘယ်သူနဲ့မှလည်း ခင်ခင်မင်မင် မနေတတ်ခဲ့သလို ဘယ်သူတွေရဲ့ အကြောင်းကိုမှလဲ မသိပါဘူး။ ကျွန်တော်နဲ့ အလုပ်လုပ်နေချိန်မှာ အလုပ်ကိုပဲ အရေးပေး လုပ်ပြီး အလုပ် ရဲ့ ပြင်ပမှာတော့ ဆက်ဆက်ဆံဆံ ရောရောထွေးထွေး နေလေ့ မရှိခဲ့ပါဘူး။ သူတို့ရဲ့ ပုဂ္ဂလိက ကိစ္စတွေထဲ ကျွန်တော် ဘယ်တော့မှ ပါလေ့မရှိသလို သူတို့ အတွင်းရေးတွေကိုလဲ မသိပါဘူး။ တစ်ချို့က ကျွန်တော့်ကို မင်းသမီး မင်းသားတွေရဲ့ အချစ်ရေးတွေ တိုးတိုးတိတ်တိတ် အကြောင်းလေးတွေ လာမေးတဲ့အခါမှာ ကျွန်တော် မသိဘူးလို့ ဖြေလိုက်တိုင်း မကျေမလည် ဖြစ်သွား တတ်ကြပါတယ်။ တကယ် မသိတာပါ။ စိတ်လဲ မ၀င်စားတာပါ။ အဲဒီလို အတွင်းရေးတွေဟာ ထောင်ထဲမှာတော့ တော်တော် အသုံးဝင်ပါတယ်။ ဟုတ်မှန်း မဟုတ်မှန်း မသိပေမဲ့ ဘယ်မင်းသမီးကိုတော့ ဘယ်ဝန်ကြီး က စပွန်ဆာပေးနေပြီး ဘယ်PAကတော့ ဘယ်မင်းသမီးနဲ့ တိုးတိုးတိတ်တိတ် ဇာတ်လမ်းဖြစ်နေ တာ စသဖြင့် ပြောပြတဲ့ အခါမျိုးတွေမှာ ထောင်ဝန်ထမ်းတွေ တွက်သည်းခြေကြိုက် ကြပါတယ်။ အဲဒီလို ဇာတ်လမ်းမျိုးတွေ ကျွန်တော်ပြော လို့ မပြခဲ့ဖူးပေမဲ့ ပြောတတ်သူတွေ အနားမယ် ထောင်ထဲ မှာတော့ ၀ိုင်းဝိုင်းလည်ပါပဲ။ ကျွန်တော် ပင်ကိုသဘာဝ အရ အဲသလို သူများကိစ္စတွေကို စိတ်မ၀င်စားတတ်တဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေ အကြားက အတွင်းကြိတ် ပြဿနာတွေကို မသိခဲ့ပါဘူး။ ဒီတော့ ကိုမောင်မောင်ဦးနဲ့ ကိုလွင်ကို ကျန်အဖွဲ့ဝင်တွေက မလိုလားမှန်း ကျွန်တော် သိလိုက်ချိန်မှာတော့ ခရီးတော်တော် လွန်နေပါပြီ။ ကိုမောင်မောင်ဦးတို့ကို လိုက်တောင်းပန်ရုံမှတပါး တခြား ဘာမှ မတတ်နိုင်တော့ပါဘူး။ အဲဒီလို စစချင်း ပြဿနာနဲ့ စခဲ့ရတဲ့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့ဟာ ပြဿနာ တစ်ခုပြီးတစ်ခု ရင်ဆိုင်ခဲ့ရတာပါ။ သူပါရင် ငါမပါဘူးဆိုတဲ့ ကိစ္စမျိုးကတော့ အသေးအဖွဲလို့တောင် ပြောနိုင်ပါတယ်။ ကျွန်တော်တို့က သမိုင်း ပညာရှင်တွေနဲ့ တွေ့ဆုံညှိနှိုင်း တဲ့ အခါမှာ ဘယ်စာရေးဆရာက ဘယ်လောက် တတ်နေသိနေလို့ ဖိတ်တာလဲ၊ သူက ဘာနားလည်လို့လဲ ဆိုတဲ့ စကားမျိုးတွေကို ကျွန်တော်တို့ ကြိုးစား ကျော်ဖြတ်ခဲ့ရပါ တယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ကိုယ်မှ အသိဆုံးဆိုတဲ့ လူတိုင်းကို ကျွန်တော် သနားတယ်။ ကျွန်တော် ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ဆရာ အောင်ကျော်စည်ရဲ့ ဗိုလ်ချုပ်နောက်ကို လိုက်မေးကြဆိုတဲ့ ပြဇာတ်ကိုပဲ သတိရရမိနေပါတော့တယ်။ ဆရာ ချစ်ဦးညို / ဆရာ ကြည်စိုးထွန်းနဲ့ ဆရာ မြမြင့်မိုရ်တို့ ရေးလိုက်တဲ့ ဇာတ်ညွှန်းကြီး ပြီးသွားချိန်မှာသည် ဇာတ်ညွှန်းကို ဒေါ်အောင်ဆန်းစုကြည် ကို ပေးဖတ်ဖို့ အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ သဘောအရတော့ အန်တီဟာ တိုင်းရေးပြည်ရေး ဒီလောက်များပြား ရှုတ်ထွေးနေချိန်မှာ ဒီလောက် စာမျက်နှာ လေးရာကျော်ရှိ တဲ့ ဇာတ်ညွှန်းကြီးကို ဖတ်နေနိုင်မယ် မထင်သလို အရာရာ အန်တီ့ကိုပဲ သွားသွား ပြောနေတာမျိုး မကြိုက်ပါဘူး။ တာဝန်ယူထားသူတွေ အနေနဲ့ ကိုယ့်တာဝန် ကိုယ်ခံရမဲ့ သဘောထား ကို ကျွန်တော် လက်ကိုင်ထားပါတယ်။ တကယ်လို့ ဒီစာမျက်နှာ လေးရာ ကျော်တဲ့ ဇာတ်ညွှန်းကြီးကို များလို့ ပြန်လည် တည်းဖြတ်ချင်တယ် ဆိုရင် တောင် ကိုယ့်အဖွဲ့က တည်းဖြတ်ပြီးမှ သာ အန်တီ့ကို တင်ပြဖို့ ကောင်းပါတယ်။ တည်းဖြတ်ဖို့ သင့်မသင့် အန်တီ့ကို သွားပေးဖတ်နေတာဟာ သက်သက်မဲ့ ဒုက္ခပေးနေတာလို့ ကျွန်တော် ခံယူပါတယ်။ ဒါပေမဲ့ အဖွဲ့သား အများစုက သဘောတူကြတဲ့ အတွက် သွားပြခဲ့တဲ့ အခါမှာ အန်တီ့ဆီက မှတ်ချက် တစ်ခု ပြန်ရောက်လာပါတယ်။ အဲဒါကတော့ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို သွားပြလိုက်ပါတဲ့။ ဒီပြဿနာဟာ ကျွန်တော်တို့ အတွက်တော့ ချိန်ကိုက်ဗုံး တစ်လုံးပါပဲ။ ကျွန်တော် တစ်ဦးထဲ အနေနဲ့ သူ့ကို ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်ဇာတ်ညွှန်း သွားမပြချင်ပါဖူး။ ဒါရိုက်တာကြီး ဦးဝင်းဖေ ဆိုရင် ဦးတင်ဦးဆိုရင် ဦးအောင်မြင့်မြတ်ဆိုရင် ကျွန်တော် သွားပြပါ့မယ်။ ချက်ချင်းထပြီး သွားပြပါ့မယ်။ ဦးခင်အောင်မြင့်ကို ဘာကြောင့် သွားပြရမယ် ဆိုတာကို ကျွန်တော် လုံးဝ နားမလည်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ပြခိုင်းဦးတော့ အဖွဲ့သူ အဖွဲ့သားတွေ က မပြနိုင်ပါဘူး (ဒါမှမဟုတ်) ဘာ့ကြောင့် ပြသင့်တယ် ထင်ပါသလဲ ဆိုတာမျိုးလောက်တော့ အကြောင်း ပြန်သင့်ပါတယ် ဆိုတာကိုတောင် နားမထောင်ကြတော့ပါဘူး။ ကျွန်တော်တို့ အဖွဲ့ဝင်တွေကြားမှာ အုပ်စုနှစ်စု ကွဲသွားပါတော့တယ်။ ဦးခင်အောင်မြင့်ကို သွားပြချင်တဲ့ အဖွဲ့နဲ့ မပြချင်တဲ့ အဖွဲ့နှစ်ခုကွဲ သွားပါတော့တယ်။ အန်တီ့ကို အကျိုးနဲ့ အကြောင်းနဲ့ ရှင်းပြသင့်တယ်လို့ ပြောပေမဲ့ လက်မခံချင်သူတွေ ကလည်း ခေါင်းမာမာနဲ့ ငြင်းနေပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည် ခိုင်းတာဆို လုပ်ကို လုပ်ရမယ်ဆိုတဲ့ ပဒေသရာဇ် အကြွင်းအကျန်တွေ ရှိနေသေးတာကိုးလို့ ကျွန်တော် ခံစားလိုက် ရပါတယ်။ သည်တော့လဲ ကိုယ့်သဘောနဲ့ကိုယ်ပဲ ပြချင်တဲ့လူရှိရင် သွားပြကြပေါ့ဆိုပြီး မပြချင်တဲ့ သူတွေဟာ စိတ်ပျက်ပျက်နဲ့ ဘေးထွက် လိုက်ကြပါတော့တယ်။ အဲဒီဒဏ်ရာဟာ ခုထိမကျက် သေးပါဖူး။ ဦးခင်အောင်မြင့်ဆီ သွားပြလိုက်တဲ့ အတွက် ဘာအကူအညီမှ မရတဲ့အပြင် နောက်တော့ ကျွန်တော်တို့ Teaser ရိုက်တဲ့အခါမှာ တပ်မတော်က လက်နက်တောင် ငှားခွင့်မရခဲ့ပါဖူး။ အတွင်းဝန်ရုံး ရိုက်ခွင့်ကိုတောင် တစ်လကျော်ကျော် စောင့်ပြီးမှ ရခဲ့တာပါ။ ခုဒါတွေကို တင်ပြနေတာဟာ အနာဟောင်းတွေ ပြန်ဆွနေတာ မဟုတ်ပါဖူး။ သင်ခန်းစာ ယူလို့ရအောင် အဖြစ်မှန်တွေ ပြန်ပြောနေတာပါ။ ဗဟို ဦးစီးစနစ်ဟာ အနုပညာ လောကနဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်ဖူးဆိုတာကို ဒီမိုကရေစီ လိုချင်နေကြသူတွေကို သိစေချင်ပါတယ်။ ပြောတော့ ဒီမိုကရေစီ လိုချင်တော့ ဒီမိုကရေစီ ကိုယ်ကိုယ်တိုင်က ခုချိန်ထိ ဘုရား ထူးချင်နေတုန်း ဆိုရင်တော့ ဘာမှ လုပ်မရတော့ဖူးဆိုတာ သိစေချင်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ရဲ့ အစည်းအဝေးပွဲတွေဟာ တဖြေးဖြေး လူမစုံတော့တဲ့ အခြေအနေကို ရောက်လာပါတော့တယ်။ မအားလို့၊ ရုပ်ရှင် ရိုက်နေလို့။ ခရီးသွားစရာရှိလို့။ နေမကောင်းလို့ စတဲ့စတဲ့ အကြောင်းပြချက်တွေနဲ့ မူလက ၁၅ ယောက်ရှိတဲ့ အဖွဲ့ရဲ့ လက်ရှိ စည်းအဝေးတွေမှာ ခုနှစ်ယောက် တက်တာတောင် ကံကောင်းလို့ ဆိုရမဲ့ အခြေအနေကို ဆိုက်လာပါတော့တယ်။ အဲဒီလို ဖြစ်နေချိန်မှာမှ ကနေဒါလူမျိုး ရုပ်ရှင် ထုတ်လုပ်သူ Niv Fenchman ရောက်လာချိန်မှာတော့ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ကြီးကို ဖျက်သိမ်းပစ်လိုက်ဖို့ ဆိုတဲ့ အထိ ဖြစ်သွားပါတော့တယ်။ (ဆက်ပါမည်) ဇာဂနာ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် (၇) - ==================== တကယ်ကတော့ ဘယ်အဖွဲ့အစည်းမှာ မဆို အတွင်းအပြင် ပြဿနာဆိုတာ အနည်းနှင့်အများ ရှိတတ်ကြတာပါပဲ။ ဒါဟာ သဘာဝပါ။ ကျွန်တော်ကတော့ ပြဿနာမရှိရင် မနေတတ်သူလို ဖြစ်နေတာကြောင့် ပြဿနာကို ခင်တွယ်နေတဲ့သူလိုတောင် ဖြစ်နေပါရော။ ကျွန်တော်တို့ အဖွဲ့ကို စပြီး ဖွဲ့စည်းစဉ် ကတည်းက အဖွဲ့ဝင်တွေ ကြားမှာ မကျေလည်မှုတွေ ရှိခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါရိုက်တာ စနိုးဝှိုက် မောင်မောင်ဦးနဲ့ ဇာတ်ညွှန်း ကိုလွင်တို့ကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ထဲမှာ မထည့်ဖို့ ထည့်ဖို့က စလာခဲ့တဲ့ ပြဿနာပါ။ ကျွန်တော် အမေရိကား ရောက် နေချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးရုံးကို ဖွင့်လှစ်ပွဲ လုပ်ခဲ့ပါတယ်။ အဲသည်ပွဲမှာ ကိုမောင်မောင်ဦးတို့ ကိုလွင်တို့ကို သာမာန် ဧည့်သည်တွေလို ပဲ တက်စေခဲ့ပြီး အဖွဲ့ဝင်အဖြစ် မတက်ခိုင်း ခဲ့ကြပါဘူးတဲ့။ ကျွန်တော်ဟာ ရုပ်ရှင်လောကမှာ အပေါင်းအသင်း မရှိသူပါ။ ဘယ်သူနဲ့မှလည်း ခင်ခင်မင်မင် မနေတတ်ခဲ့သလို ဘယ်သူတွေရဲ့ အကြောင်းကိုမှလဲ မသိပါဘူး။ ကျွန်တော်နဲ့ အလုပ်လုပ်နေချိန်မှာ အလုပ်ကိုပဲ အရေးပေး လုပ်ပြီး အလုပ် ရဲ့ ပြင်ပမှာတော့ ဆက်ဆက်ဆံဆံ ရောရောထွေးထွေး နေလေ့ မရှိခဲ့ပါဘူး။ သူတို့ရဲ့ ပုဂ္ဂလိက ကိစ္စတွေထဲ ကျွန်တော် ဘယ်တော့မှ ပါလေ့မရှိသလို သူတို့ အတွင်းရေးတွေကိုလဲ မသိပါဘူး။ တစ်ချို့က ကျွန်တော့်ကို မင်းသမီး မင်းသားတွေရဲ့ အချစ်ရေးတွေ တိုးတိုးတိတ်တိတ် အကြောင်းလေးတွေ လာမေးတဲ့အခါမှာ ကျွန်တော် မသိဘူးလို့ ဖြေလိုက်တိုင်း မကျေမလည် ဖြစ်သွား တတ်ကြပါတယ်။ တကယ် မသိတာပါ။ စိတ်လဲ မ၀င်စားတာပါ။ အဲဒီလို အတွင်းရေးတွေဟာ ထောင်ထဲမှာတော့ တော်တော် အသုံးဝင်ပါတယ်။ ဟုတ်မှန်း မဟုတ်မှန်း မသိပေမဲ့ ဘယ်မင်းသမီးကိုတော့ ဘယ်ဝန်ကြီး က စပွန်ဆာပေးနေပြီး ဘယ်PAကတော့ ဘယ်မင်းသမီးနဲ့ တိုးတိုးတိတ်တိတ် ဇာတ်လမ်းဖြစ်နေ တာ စသဖြင့် ပြောပြတဲ့ အခါမျိုးတွေမှာ ထောင်ဝန်ထမ်းတွေ တွက်သည်းခြေကြိုက် ကြပါတယ်။ အဲဒီလို ဇာတ်လမ်းမျိုးတွေ ကျွန်တော်ပြော လို့ မပြခဲ့ဖူးပေမဲ့ ပြောတတ်သူတွေ အနားမယ် ထောင်ထဲ မှာတော့ ၀ိုင်းဝိုင်းလည်ပါပဲ။ ကျွန်တော် ပင်ကိုသဘာဝ အရ အဲသလို သူများကိစ္စတွေကို စိတ်မ၀င်စားတတ်တဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေ အကြားက အတွင်းကြိတ် ပြဿနာတွေကို မသိခဲ့ပါဘူး။ ဒီတော့ ကိုမောင်မောင်ဦးနဲ့ ကိုလွင်ကို ကျန်အဖွဲ့ဝင်တွေက မလိုလားမှန်း ကျွန်တော် သိလိုက်ချိန်မှာတော့ ခရီးတော်တော် လွန်နေပါပြီ။ ကိုမောင်မောင်ဦးတို့ကို လိုက်တောင်းပန်ရုံမှတပါး တခြား ဘာမှ မတတ်နိုင်တော့ပါဘူး။ အဲဒီလို စစချင်း ပြဿနာနဲ့ စခဲ့ရတဲ့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့ဟာ ပြဿနာ တစ်ခုပြီးတစ်ခု ရင်ဆိုင်ခဲ့ရတာပါ။ သူပါရင် ငါမပါဘူးဆိုတဲ့ ကိစ္စမျိုးကတော့ အသေးအဖွဲလို့တောင် ပြောနိုင်ပါတယ်။ ကျွန်တော်တို့က သမိုင်း ပညာရှင်တွေနဲ့ တွေ့ဆုံညှိနှိုင်း တဲ့ အခါမှာ ဘယ်စာရေးဆရာက ဘယ်လောက် တတ်နေသိနေလို့ ဖိတ်တာလဲ၊ သူက ဘာနားလည်လို့လဲ ဆိုတဲ့ စကားမျိုးတွေကို ကျွန်တော်တို့ ကြိုးစား ကျော်ဖြတ်ခဲ့ရပါ တယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ကိုယ်မှ အသိဆုံးဆိုတဲ့ လူတိုင်းကို ကျွန်တော် သနားတယ်။ ကျွန်တော် ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ဆရာ အောင်ကျော်စည်ရဲ့ ဗိုလ်ချုပ်နောက်ကို လိုက်မေးကြဆိုတဲ့ ပြဇာတ်ကိုပဲ သတိရရမိနေပါတော့တယ်။ ဆရာ ချစ်ဦးညို / ဆရာ ကြည်စိုးထွန်းနဲ့ ဆရာ မြမြင့်မိုရ်တို့ ရေးလိုက်တဲ့ ဇာတ်ညွှန်းကြီး ပြီးသွားချိန်မှာသည် ဇာတ်ညွှန်းကို ဒေါ်အောင်ဆန်းစုကြည် ကို ပေးဖတ်ဖို့ အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ သဘောအရတော့ အန်တီဟာ တိုင်းရေးပြည်ရေး ဒီလောက်များပြား ရှုတ်ထွေးနေချိန်မှာ ဒီလောက် စာမျက်နှာ လေးရာကျော်ရှိ တဲ့ ဇာတ်ညွှန်းကြီးကို ဖတ်နေနိုင်မယ် မထင်သလို အရာရာ အန်တီ့ကိုပဲ သွားသွား ပြောနေတာမျိုး မကြိုက်ပါဘူး။ တာဝန်ယူထားသူတွေ အနေနဲ့ ကိုယ့်တာဝန် ကိုယ်ခံရမဲ့ သဘောထား ကို ကျွန်တော် လက်ကိုင်ထားပါတယ်။ တကယ်လို့ ဒီစာမျက်နှာ လေးရာ ကျော်တဲ့ ဇာတ်ညွှန်းကြီးကို များလို့ ပြန်လည် တည်းဖြတ်ချင်တယ် ဆိုရင် တောင် ကိုယ့်အဖွဲ့က တည်းဖြတ်ပြီးမှ သာ အန်တီ့ကို တင်ပြဖို့ ကောင်းပါတယ်။ တည်းဖြတ်ဖို့ သင့်မသင့် အန်တီ့ကို သွားပေးဖတ်နေတာဟာ သက်သက်မဲ့ ဒုက္ခပေးနေတာလို့ ကျွန်တော် ခံယူပါတယ်။ ဒါပေမဲ့ အဖွဲ့သား အများစုက သဘောတူကြတဲ့ အတွက် သွားပြခဲ့တဲ့ အခါမှာ အန်တီ့ဆီက မှတ်ချက် တစ်ခု ပြန်ရောက်လာပါတယ်။ အဲဒါကတော့ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို သွားပြလိုက်ပါတဲ့။ ဒီပြဿနာဟာ ကျွန်တော်တို့ အတွက်တော့ ချိန်ကိုက်ဗုံး တစ်လုံးပါပဲ။ ကျွန်တော် တစ်ဦးထဲ အနေနဲ့ သူ့ကို ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်ဇာတ်ညွှန်း သွားမပြချင်ပါဖူး။ ဒါရိုက်တာကြီး ဦးဝင်းဖေ ဆိုရင် ဦးတင်ဦးဆိုရင် ဦးအောင်မြင့်မြတ်ဆိုရင် ကျွန်တော် သွားပြပါ့မယ်။ ချက်ချင်းထပြီး သွားပြပါ့မယ်။ ဦးခင်အောင်မြင့်ကို ဘာကြောင့် သွားပြရမယ် ဆိုတာကို ကျွန်တော် လုံးဝ နားမလည်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ပြခိုင်းဦးတော့ အဖွဲ့သူ အဖွဲ့သားတွေ က မပြနိုင်ပါဘူး (ဒါမှမဟုတ်) ဘာ့ကြောင့် ပြသင့်တယ် ထင်ပါသလဲ ဆိုတာမျိုးလောက်တော့ အကြောင်း ပြန်သင့်ပါတယ် ဆိုတာကိုတောင် နားမထောင်ကြတော့ပါဘူး။ ကျွန်တော်တို့ အဖွဲ့ဝင်တွေကြားမှာ အုပ်စုနှစ်စု ကွဲသွားပါတော့တယ်။ ဦးခင်အောင်မြင့်ကို သွားပြချင်တဲ့ အဖွဲ့နဲ့ မပြချင်တဲ့ အဖွဲ့နှစ်ခုကွဲ သွားပါတော့တယ်။ အန်တီ့ကို အကျိုးနဲ့ အကြောင်းနဲ့ ရှင်းပြသင့်တယ်လို့ ပြောပေမဲ့ လက်မခံချင်သူတွေ ကလည်း ခေါင်းမာမာနဲ့ ငြင်းနေပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည် ခိုင်းတာဆို လုပ်ကို လုပ်ရမယ်ဆိုတဲ့ ပဒေသရာဇ် အကြွင်းအကျန်တွေ ရှိနေသေးတာကိုးလို့ ကျွန်တော် ခံစားလိုက် ရပါတယ်။ သည်တော့လဲ ကိုယ့်သဘောနဲ့ကိုယ်ပဲ ပြချင်တဲ့လူရှိရင် သွားပြကြပေါ့ဆိုပြီး မပြချင်တဲ့ သူတွေဟာ စိတ်ပျက်ပျက်နဲ့ ဘေးထွက် လိုက်ကြပါတော့တယ်။ အဲဒီဒဏ်ရာဟာ ခုထိမကျက် သေးပါဖူး။ ဦးခင်အောင်မြင့်ဆီ သွားပြလိုက်တဲ့ အတွက် ဘာအကူအညီမှ မရတဲ့အပြင် နောက်တော့ ကျွန်တော်တို့ Teaser ရိုက်တဲ့အခါမှာ တပ်မတော်က လက်နက်တောင် ငှားခွင့်မရခဲ့ပါဖူး။ အတွင်းဝန်ရုံး ရိုက်ခွင့်ကိုတောင် တစ်လကျော်ကျော် စောင့်ပြီးမှ ရခဲ့တာပါ။ ခုဒါတွေကို တင်ပြနေတာဟာ အနာဟောင်းတွေ ပြန်ဆွနေတာ မဟုတ်ပါဖူး။ သင်ခန်းစာ ယူလို့ရအောင် အဖြစ်မှန်တွေ ပြန်ပြောနေတာပါ။ ဗဟို ဦးစီးစနစ်ဟာ အနုပညာ လောကနဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်ဖူးဆိုတာကို ဒီမိုကရေစီ လိုချင်နေကြသူတွေကို သိစေချင်ပါတယ်။ ပြောတော့ ဒီမိုကရေစီ လိုချင်တော့ ဒီမိုကရေစီ ကိုယ်ကိုယ်တိုင်က ခုချိန်ထိ ဘုရား ထူးချင်နေတုန်း ဆိုရင်တော့ ဘာမှ လုပ်မရတော့ဖူးဆိုတာ သိစေချင်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ရဲ့ အစည်းအဝေးပွဲတွေဟာ တဖြေးဖြေး လူမစုံတော့တဲ့ အခြေအနေကို ရောက်လာပါတော့တယ်။ မအားလို့၊ ရုပ်ရှင် ရိုက်နေလို့။ ခရီးသွားစရာရှိလို့။ နေမကောင်းလို့ စတဲ့စတဲ့ အကြောင်းပြချက်တွေနဲ့ မူလက ၁၅ ယောက်ရှိတဲ့ အဖွဲ့ရဲ့ လက်ရှိ စည်းအဝေးတွေမှာ ခုနှစ်ယောက် တက်တာတောင် ကံကောင်းလို့ ဆိုရမဲ့ အခြေအနေကို ဆိုက်လာပါတော့တယ်။ အဲဒီလို ဖြစ်နေချိန်မှာမှ ကနေဒါလူမျိုး ရုပ်ရှင် ထုတ်လုပ်သူ Niv Fenchman ရောက်လာချိန်မှာတော့ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ကြီးကို ဖျက်သိမ်းပစ်လိုက်ဖို့ ဆိုတဲ့ အထိ ဖြစ်သွားပါတော့တယ်။ (ဆက်ပါမည်) ဇာဂနာ

No comments: