Wednesday, July 15, 2015

လူဆိုးလူညစ်တွေကို ခရိုနီဖြစ်အောင် မြေတောင်မြှောက်ပေးတဲ့ လူကြီးတွေ - ==============///======

လူဆိုးလူညစ်တွေကို ခရိုနီဖြစ်အောင် မြေတောင်မြှောက်ပေးတဲ့ လူကြီးတွေ - ==============///====== ၁၉၈၈ အရေးအခင်းအပြီး တပ်မတော်က အာဏာ သိမ်းလိုက်တယ်။ ၁၉၉၀မှာ တပ်မတော်ကနေ ၀န်ကြီး၊ ၀န်ကလေး တာဝန် ယူထားတဲ့ သူတွေက စီးပွားရေး စနစ်ပြောင်းမယ်လို့ ကြေညာခဲ့တယ်။ ခက်တာက အဲဒီအချိန်မှာ စီးပွားရေး ကောင်းကောင်း လုပ်တတ်တဲ့သူ မြန်မာနိုင်ငံမှာ မရှိဘူး။ “ကုန်ထုတ်စွမ်းအားစု အားလုံးကို နိုင်ငံတော်ကသာ ပိုင်ဆိုင်ရမည်” ဆိုတဲ့ ဆိုရှယ်လစ် ဥပဒေသ အောက်မှာ မျိုးဆက်နှစ်ဆက်လောက်က ဈေးကွက် စီးပွားရေးဆိုတာ မသိတော့ဘူး။ ဘယ်သူတွေ သိသလဲဆိုတော့ ရှမ်းပြည် မြောက်ပိုင်းက ရှမ်း တရုတ် အမည်ခံ ထားတဲ့ တရုတ်တွေကသိတယ်။ ဆိုရှယ်လစ်ခေတ် တစ်လျှောက်လုံး မှာလည်း ဗမာပြည် ကွန်မြူနစ် ပါတီ ကို အရှေ့မြောက် ဒေသမှာ တိုက်ခဲ့ ရလေတော့ အဲဒီအချိန်တုန်းက တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ ဗျူဟာမှူးတွေ၊ တပ်မမှူးတွေက ရှမ်းမြောက်က ရှမ်းတရုတ်တွေ၊ ကိုးကန့်တွေနဲ့ ရင်းနှီးပြီးသား။ ခက်တာက အဲဒီလူအများစုက ဘိန်းစိုက်၊ ဘိန်းကုန်ကူးပြီး အသက်မွေး ၀မ်းကျောင်းပြုကြတာ။ ဒါပေသိ မြန်မာနိုင်ငံကို ဈေးကွက် စီးပွားရေးစနစ် ပြောင်းမယ်လည်း ဆိုရော အဲဒီ ဘိန်းတရုတ်တွေမှာပဲ ငွေကြေး အရင်းအနှီးက ရှိတာဆို တော့ အစုလိုက် အပြုံလိုက် ရန်ကုန်နဲ့ မန္တလေးကို ဆင်းလာကြပါလေရော။ စစ်ဗိုလ်ကြီးတွေ ကလည်း အဲဒီအချိန်မှာ ၀န်ကြီး ၀န်ကလေးတွေ ဖြစ်ဆိုတော့ တစ်လုပ်စားဖူး သူ့ကျေးဇူး၊ ရှေ့တန်း ထွက်တိုင်း အဲဒီလူတွေရဲ့ အိမ်တွေမှာ တည်းခိုနေထိုင် စားသောက်ခဲ့လေတော့ သူတို့ကို ပြန်မြှောက်စား ကြတော့တာပေါ့။ ဒီလူတွေက တရုတ်သွေးပါတော့ ဘာမဆို အကုန်အိတ်ထဲ မထည့်ဘဲ ရတာရဲ့ တစ်ဝက်ကျော်ကို လူကြီးတွေ ကို ပြန်ကန်တော့ရင်း လူကြီးတွေက ဈေးကွက် စီးပွားရေးရဲ့ အရသာကို သိလာကြတော့တယ်။ အဲဒီလို အရှေ့မြောက် ဒေသက လူတွေ ရန်ကုန်ဆင်းပြီး ကြီးပွားလာတာကိုမြင်တဲ့ ပြည်တွင်းပေါက် တရုတ်တွေ၊ ပြည်တွင်းပေါက်ပြီး ပြည်ပမှာ အခြေချနေတဲ့ တရုတ်တွေက မြန်မာနိုင်ငံထဲကို ဒလဟော ပြန်ဝင်လာပြီး လူကြီးတွေကို အလုအယက် မွေးကြတာပေါ့ဗျာ။ ထိုင်ဝမ်မှာ အခြေချနေတဲ့ တရုတ်တွေ ထဲကဆိုရင် အခုရွှေသံလွင် ကုမ္ပဏီက ဘယ်လောက်တောင် ကြီးပွားနေပြီလဲ ဆိုတာ အားလုံးအသိ၊ စင်ကာပူမှာ အခြေချနေတဲ့ တရုတ်တွေထဲကဆိုရင် အခုလှည်းတန်းမှာ ဆောက်လက်စ ကွန်ဒိုတွေနဲ့ ပုလဲကွန်ဒိုတို့၊ အာရှပလာဇာတို့ ဆောက်တဲ့သူတွေ ဘယ်လောက် ချမ်းသာနေပြီလဲ ဆိုတာ အားလုံး အမြင်ပါ။ ပြောရရင် တက္ကစီမောင်းတဲ့ တရုတ်တောင် ထိပ်သီး ခရိုနီဖြစ်သွားတာပဲလေ။ လားရှိုးမှာ ငြိမ်နေတဲ့ ဘိန်းဘုရင် လော်စစ်ဟန် မိသားစုကလည်း စစ်အစိုးရနဲ့ အပေးအယူတွေ လုပ်ပြီး ရန်ကုန် ရောက်လာတယ်။ ဈေးကွက် စီးပွားရေး ဆိုတာက ငွေရှိမှလုပ်လို့ရတာ ဆိုတော့ အစိုးရကဘာနဲ့ ချမ်းသာ ချမ်းသာ ငွေရှိရင်ပြီးရော ဆိုသူတွေကို နိုင်ငံတော် စီမံကိန်း တွေ အကုန် ထိုးအပ်တော့တာပဲ။ ၀န်ကြီးတွေကလည်း အာဏာကုန်ရတဲ့ အချိန်ဆိုတော့ သကြား စက်ရုံတွေကို တစ်နိုင်ငံလုံး ဆောက်မယ်။ ကမ္ဘာကို မြန်မာက သကြား တင်ပို့ရောင်းချမယ်ဆိုပြီး နိုင်ငံတကာ က သကြားစက်ရုံ အစုတ်အပြတ်တွေ ကို ဆေးသုတ်ပြီး သွင်းတဲ့သူက သွင်း နဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာ။ အမှန်က အဲဒီအချိန်က မြန်မာနိုင်ငံမှာ ရှိပြီးသား သကြားစက်ရုံတွေဖြစ်တဲ့ ဇေယျဝတီ၊ ဆားမှော်၊ နမ္မတီးနဲ့ ကျောက်တော် သကြားစက်ရုံ လေးရုံတောင် ကုန်ကြမ်းဖြစ်တဲ့ ကြံအလုံအလောက် မရလို့ တစ်နှစ်မှ လေးလပဲ လည်နေရတဲ့ အချိန်မှာ ဒီလို သကြားစက်ရုံတွေ ဒလဟော ဆောက်တာ ဘာအဓိပ္ပာယ် ရှိလို့လဲ။ အခုရော အဲဒီသကြား စက်ရုံတွေ အနေအထားက ဘယ်လိုလဲ။ အားလုံး ခွက်ခွက်လန်အောင် ရှုံးနေတာပဲ မဟုတ်လား။ မြတ်ထွက်သွားတာက စက်တွေ သွင်းခွင့်ရသွားတဲ့ ဦးမိုးကျော်သောင်းရယ်၊ ၀န်ကြီး ဗိုလ်ချုပ်မြင့်အောင်ရယ်ပဲ။ နိုင်ငံတော်က ဘဏ္ဍာတွေ ဆုံးရှုံးသလို တောသူတောင်သားတွေလည်း ကြံစိုက်ဖို့ဆိုပြီး လယ်တွေယာတွေ အသိမ်းခံရနဲ့ ဘ၀တွေ ပျက်ကုန်တယ်။ တစ်ချိန်တည်းမှာပဲ တနင်္သာရီတိုင်းက ဦးဌေးမြင့်က လည်း ဆီအုန်းစိုက်မယ်ဆိုပြီး မြန်မာပြည် ခြေထောက်ပိုင်းက မြေလွတ်တွေ အကုန် သူ့နာမည် ဖောက်လိုက်သလို လောဘ တက်ပြီး မြန်မာပြည် မြောက်ပိုင်းတနိုင်းဘက်က ဟူးကောင်း တောင်ကြားအထိ မြေတွေ လိုက်ယူတော့တာပဲ။ ဘာနဲ့တူသလဲဆိုတော့ အဖေကြီး ရုတ်တရက် သေသွားတော့ သားတွေက အိမ်ကပစ္စည်းတွေကို ဦးရာလူစနစ်နဲ့ မောင်ပိုင်စီးသလို ဖြစ်ကုန်ကြတယ်။ အရေးအခင်း ကာလကို ခေတ်ပျက်တယ်လို့ မခေါ်ဘဲ န၀တ လက်ထက်မှ တိုင်းပြည်က တကယ် ပျက်သွားတော့တာ။ ပင်လယ်ဓားပြတွေ၊ မူးယစ်ရာဇာတွေ၊ နိုင်ငံတကာ လူလိမ်ကြီးတွေက နိုင်ငံတော် သူဌေးတွေ တက်ဖြစ်တဲ့ ခေတ်ပေါ့ဗျာ။ လူကြီးတွေဆိုရင်လည်း သူဌေးတွေက မွေးတာ ခံချင်လွန်းလို့ သူဌေးတွေကို ထမင်းဖိတ်ကျွေး ရတာ နဲ့၊ စီမံကိန်းကြီးကြီးရှိရင် လက်တို့ ပြောရတာနဲ့ သူ့အရပ်နဲ့ သူ့ဇာတ် ဟုတ်နေတာပဲ။ စစ်ဆေးရုံလောက်ပဲ တက်ဖူးတဲ့ စစ်ဗိုလ်ကတော်တွေကလည်း စင်ကာပူ က မောင့်အဲလိဇဘက် ဆေးရုံမှာ ဆေးသွားစစ်မယ်တို့၊ ဘန်ကောက်ဆိုရင် ဘမ်ရွမ်ခရပ်မှတို့ ဖြစ်ကုန်တယ်။ ဘ၀င်တွေ မြင့်ပြီး ဘ၀င်ရူးတွေ ဖြစ်ကုန်တော့တာပဲ။ အဲဒီအချိန်မှာ ဥရောပနဲ့ အမေရိကန်က ပြည်ဝင်ခွင့် ပိတ်ထားလို့ အဲဒီလောက်ပဲ သူတို့တောင်းဆိုနိုင်တာ။ ဟိုနိုင်ငံကြီးတွေကများ ပြည်ဝင်ခွင့် မပိတ်ရင် ပြင်သစ်မှာ ရှော့ပင်ထွက်မယ်တို့ ဂျာမန်မှာ ဘီယာသွားသောက်မယ်တို့တွေ ဖြစ်ကုန်ဦးမှာ။ ခရိုနီဖြစ်ချင်တဲ့ တစ်နည်းဆိုရရင် ခေတ်ပျက် သူဌေးဖြစ်ချင်တဲ့ သူတွေကလည်း သူ့ထက်ငါ လာဘ်အကြီးအကျယ် ထိုးတော့တာပဲ။ တစ်ယောက်က ရွှေတစ်ပိဿာဆိုရင် နောက်တစ်ယောက်က စိန်ရတီစီး ဘယ်နှလုံးတို့ ဆိုတာတွေ ဖြစ်ကုန်တယ်။ အိမ်ယာစီမံကိန်းတွေ ရတဲ့သူတွေ က လူကြီးတွေကို မြေရောအိမ်ရော ဆောက်ပေးကြတယ်။ စီမံကိန်းကြီးတွေရတဲ့ တစ်ချို့ကတော့ ရွှေတောင်ကြားလို နေရာတွေမှာ အိမ်တွေ ၀ယ်ပေးကြတယ်။ ခင်ဗျားတို့ ဂျာနယ်က တစ်ခု လုပ်လို့ ရတယ်လေ။ ရပ်ကွက်တွေထဲမှာ အဲဒီခေတ်က လူကြီးနာမည်တွေနဲ့ အိမ်တွေ ရှိရင် ဓာတ်ပုံနဲ့တကွ စာရင်းပေးပို့နိုင်ပါသည် လုပ်လိုက်ပါလား။ လူကြီးတွေဟာ ဘယ်လောက် တောင် လောဘတွေ အတောမသတ် ဖြစ်လာသလဲဆိုရင် မြန်မာ တစ်နိုင်ငံလုံးမှာ အသစ် ဖော်ထုတ်တဲ့ မြေနေရာတိုင်းမှာ သူတို့နာမည်နဲ့ တစ်ကွက်တော့ အနည်းဆုံး ယူကြတာချည်းပဲ။ အဲဒီတုန်းက ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဆိုရင်သုဝဏ္ဏမှာလည်း မြေကွက်ယူ၊ ပုလဲမြို့သစ်မှာလည်း မြေကွက်ယူ၊ ရွှေပြည်သာမှာလည်း ယူတဲ့အပြင် တိုက်ပွဲကျ စစ်သည်တွေ အတွက် ဖော်ထုတ်တဲ့ ရွှေပေါက်ကံလို နေရာမှာတောင် အလွတ်မပေးဘဲ ယူတာဗျ။ အမိန့်အာဏာကလည်း သူတို့ လက်ထဲမှာ ရှိလေတော့ ခရိုနီတွေ ပြောသမျှ သူတို့အတွက် ကျန်မယ် ဆိုရင် အကုန် လိုက်လုပ်တော့တာပဲ။ တဲပေါ်ကနေ တိုက်ပေါ်တင်တဲ့ဆိုတဲ့ စကား လှလှလေးတွေနဲ့ အများ ပြည်သူပိုင်တဲ့ မြေတွေကို သိမ်းခဲ့ကြတယ်။ မြေရှင်ရော အိမ်ငှားရော တိုက်ခန်း တစ်ခန်းသာ ရခဲ့ပေမဲ့ အဲဒီ စီမံကိန်းကို ခွင့်ပြုပေးတဲ့ သူတွေအတွက် အဲဒီစီမံကိန်းက လုံးချင်း အိမ်တွေ အပိုင် ရခဲ့ကြတယ်။ ဒါက စစ်အစိုးရ တက်လာတဲ့ ခေတ်ဦးပိုင်းက အပုပ်နံ့ထွက်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ပထမ မျိုးဆက် ခရိုနီတွေရဲ့လက်ဝါးချင်း ရိုက်ကြတဲ့ အကွက်တွေပေါ့ဗျာ။ လက်စောင်းထက် လူဆိုးလူညစ်တွေကို ခရိုနီဖြစ်အောင် မြေတောင်မြှောက်ပေးတဲ့ လူကြီးတွေ - ==============///====== ၁၉၈၈ အရေးအခင်းအပြီး တပ်မတော်က အာဏာ သိမ်းလိုက်တယ်။ ၁၉၉၀မှာ တပ်မတော်ကနေ ၀န်ကြီး၊ ၀န်ကလေး တာဝန် ယူထားတဲ့ သူတွေက စီးပွားရေး စနစ်ပြောင်းမယ်လို့ ကြေညာခဲ့တယ်။ ခက်တာက အဲဒီအချိန်မှာ စီးပွားရေး ကောင်းကောင်း လုပ်တတ်တဲ့သူ မြန်မာနိုင်ငံမှာ မရှိဘူး။ “ကုန်ထုတ်စွမ်းအားစု အားလုံးကို နိုင်ငံတော်ကသာ ပိုင်ဆိုင်ရမည်” ဆိုတဲ့ ဆိုရှယ်လစ် ဥပဒေသ အောက်မှာ မျိုးဆက်နှစ်ဆက်လောက်က ဈေးကွက် စီးပွားရေးဆိုတာ မသိတော့ဘူး။ ဘယ်သူတွေ သိသလဲဆိုတော့ ရှမ်းပြည် မြောက်ပိုင်းက ရှမ်း တရုတ် အမည်ခံ ထားတဲ့ တရုတ်တွေကသိတယ်။ ဆိုရှယ်လစ်ခေတ် တစ်လျှောက်လုံး မှာလည်း ဗမာပြည် ကွန်မြူနစ် ပါတီ ကို အရှေ့မြောက် ဒေသမှာ တိုက်ခဲ့ ရလေတော့ အဲဒီအချိန်တုန်းက တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ ဗျူဟာမှူးတွေ၊ တပ်မမှူးတွေက ရှမ်းမြောက်က ရှမ်းတရုတ်တွေ၊ ကိုးကန့်တွေနဲ့ ရင်းနှီးပြီးသား။ ခက်တာက အဲဒီလူအများစုက ဘိန်းစိုက်၊ ဘိန်းကုန်ကူးပြီး အသက်မွေး ၀မ်းကျောင်းပြုကြတာ။ ဒါပေသိ မြန်မာနိုင်ငံကို ဈေးကွက် စီးပွားရေးစနစ် ပြောင်းမယ်လည်း ဆိုရော အဲဒီ ဘိန်းတရုတ်တွေမှာပဲ ငွေကြေး အရင်းအနှီးက ရှိတာဆို တော့ အစုလိုက် အပြုံလိုက် ရန်ကုန်နဲ့ မန္တလေးကို ဆင်းလာကြပါလေရော။ စစ်ဗိုလ်ကြီးတွေ ကလည်း အဲဒီအချိန်မှာ ၀န်ကြီး ၀န်ကလေးတွေ ဖြစ်ဆိုတော့ တစ်လုပ်စားဖူး သူ့ကျေးဇူး၊ ရှေ့တန်း ထွက်တိုင်း အဲဒီလူတွေရဲ့ အိမ်တွေမှာ တည်းခိုနေထိုင် စားသောက်ခဲ့လေတော့ သူတို့ကို ပြန်မြှောက်စား ကြတော့တာပေါ့။ ဒီလူတွေက တရုတ်သွေးပါတော့ ဘာမဆို အကုန်အိတ်ထဲ မထည့်ဘဲ ရတာရဲ့ တစ်ဝက်ကျော်ကို လူကြီးတွေ ကို ပြန်ကန်တော့ရင်း လူကြီးတွေက ဈေးကွက် စီးပွားရေးရဲ့ အရသာကို သိလာကြတော့တယ်။ အဲဒီလို အရှေ့မြောက် ဒေသက လူတွေ ရန်ကုန်ဆင်းပြီး ကြီးပွားလာတာကိုမြင်တဲ့ ပြည်တွင်းပေါက် တရုတ်တွေ၊ ပြည်တွင်းပေါက်ပြီး ပြည်ပမှာ အခြေချနေတဲ့ တရုတ်တွေက မြန်မာနိုင်ငံထဲကို ဒလဟော ပြန်ဝင်လာပြီး လူကြီးတွေကို အလုအယက် မွေးကြတာပေါ့ဗျာ။ ထိုင်ဝမ်မှာ အခြေချနေတဲ့ တရုတ်တွေ ထဲကဆိုရင် အခုရွှေသံလွင် ကုမ္ပဏီက ဘယ်လောက်တောင် ကြီးပွားနေပြီလဲ ဆိုတာ အားလုံးအသိ၊ စင်ကာပူမှာ အခြေချနေတဲ့ တရုတ်တွေထဲကဆိုရင် အခုလှည်းတန်းမှာ ဆောက်လက်စ ကွန်ဒိုတွေနဲ့ ပုလဲကွန်ဒိုတို့၊ အာရှပလာဇာတို့ ဆောက်တဲ့သူတွေ ဘယ်လောက် ချမ်းသာနေပြီလဲ ဆိုတာ အားလုံး အမြင်ပါ။ ပြောရရင် တက္ကစီမောင်းတဲ့ တရုတ်တောင် ထိပ်သီး ခရိုနီဖြစ်သွားတာပဲလေ။ လားရှိုးမှာ ငြိမ်နေတဲ့ ဘိန်းဘုရင် လော်စစ်ဟန် မိသားစုကလည်း စစ်အစိုးရနဲ့ အပေးအယူတွေ လုပ်ပြီး ရန်ကုန် ရောက်လာတယ်။ ဈေးကွက် စီးပွားရေး ဆိုတာက ငွေရှိမှလုပ်လို့ရတာ ဆိုတော့ အစိုးရကဘာနဲ့ ချမ်းသာ ချမ်းသာ ငွေရှိရင်ပြီးရော ဆိုသူတွေကို နိုင်ငံတော် စီမံကိန်း တွေ အကုန် ထိုးအပ်တော့တာပဲ။ ၀န်ကြီးတွေကလည်း အာဏာကုန်ရတဲ့ အချိန်ဆိုတော့ သကြား စက်ရုံတွေကို တစ်နိုင်ငံလုံး ဆောက်မယ်။ ကမ္ဘာကို မြန်မာက သကြား တင်ပို့ရောင်းချမယ်ဆိုပြီး နိုင်ငံတကာ က သကြားစက်ရုံ အစုတ်အပြတ်တွေ ကို ဆေးသုတ်ပြီး သွင်းတဲ့သူက သွင်း နဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာ။ အမှန်က အဲဒီအချိန်က မြန်မာနိုင်ငံမှာ ရှိပြီးသား သကြားစက်ရုံတွေဖြစ်တဲ့ ဇေယျဝတီ၊ ဆားမှော်၊ နမ္မတီးနဲ့ ကျောက်တော် သကြားစက်ရုံ လေးရုံတောင် ကုန်ကြမ်းဖြစ်တဲ့ ကြံအလုံအလောက် မရလို့ တစ်နှစ်မှ လေးလပဲ လည်နေရတဲ့ အချိန်မှာ ဒီလို သကြားစက်ရုံတွေ ဒလဟော ဆောက်တာ ဘာအဓိပ္ပာယ် ရှိလို့လဲ။ အခုရော အဲဒီသကြား စက်ရုံတွေ အနေအထားက ဘယ်လိုလဲ။ အားလုံး ခွက်ခွက်လန်အောင် ရှုံးနေတာပဲ မဟုတ်လား။ မြတ်ထွက်သွားတာက စက်တွေ သွင်းခွင့်ရသွားတဲ့ ဦးမိုးကျော်သောင်းရယ်၊ ၀န်ကြီး ဗိုလ်ချုပ်မြင့်အောင်ရယ်ပဲ။ နိုင်ငံတော်က ဘဏ္ဍာတွေ ဆုံးရှုံးသလို တောသူတောင်သားတွေလည်း ကြံစိုက်ဖို့ဆိုပြီး လယ်တွေယာတွေ အသိမ်းခံရနဲ့ ဘ၀တွေ ပျက်ကုန်တယ်။ တစ်ချိန်တည်းမှာပဲ တနင်္သာရီတိုင်းက ဦးဌေးမြင့်က လည်း ဆီအုန်းစိုက်မယ်ဆိုပြီး မြန်မာပြည် ခြေထောက်ပိုင်းက မြေလွတ်တွေ အကုန် သူ့နာမည် ဖောက်လိုက်သလို လောဘ တက်ပြီး မြန်မာပြည် မြောက်ပိုင်းတနိုင်းဘက်က ဟူးကောင်း တောင်ကြားအထိ မြေတွေ လိုက်ယူတော့တာပဲ။ ဘာနဲ့တူသလဲဆိုတော့ အဖေကြီး ရုတ်တရက် သေသွားတော့ သားတွေက အိမ်ကပစ္စည်းတွေကို ဦးရာလူစနစ်နဲ့ မောင်ပိုင်စီးသလို ဖြစ်ကုန်ကြတယ်။ အရေးအခင်း ကာလကို ခေတ်ပျက်တယ်လို့ မခေါ်ဘဲ န၀တ လက်ထက်မှ တိုင်းပြည်က တကယ် ပျက်သွားတော့တာ။ ပင်လယ်ဓားပြတွေ၊ မူးယစ်ရာဇာတွေ၊ နိုင်ငံတကာ လူလိမ်ကြီးတွေက နိုင်ငံတော် သူဌေးတွေ တက်ဖြစ်တဲ့ ခေတ်ပေါ့ဗျာ။ လူကြီးတွေဆိုရင်လည်း သူဌေးတွေက မွေးတာ ခံချင်လွန်းလို့ သူဌေးတွေကို ထမင်းဖိတ်ကျွေး ရတာ နဲ့၊ စီမံကိန်းကြီးကြီးရှိရင် လက်တို့ ပြောရတာနဲ့ သူ့အရပ်နဲ့ သူ့ဇာတ် ဟုတ်နေတာပဲ။ စစ်ဆေးရုံလောက်ပဲ တက်ဖူးတဲ့ စစ်ဗိုလ်ကတော်တွေကလည်း စင်ကာပူ က မောင့်အဲလိဇဘက် ဆေးရုံမှာ ဆေးသွားစစ်မယ်တို့၊ ဘန်ကောက်ဆိုရင် ဘမ်ရွမ်ခရပ်မှတို့ ဖြစ်ကုန်တယ်။ ဘ၀င်တွေ မြင့်ပြီး ဘ၀င်ရူးတွေ ဖြစ်ကုန်တော့တာပဲ။ အဲဒီအချိန်မှာ ဥရောပနဲ့ အမေရိကန်က ပြည်ဝင်ခွင့် ပိတ်ထားလို့ အဲဒီလောက်ပဲ သူတို့တောင်းဆိုနိုင်တာ။ ဟိုနိုင်ငံကြီးတွေကများ ပြည်ဝင်ခွင့် မပိတ်ရင် ပြင်သစ်မှာ ရှော့ပင်ထွက်မယ်တို့ ဂျာမန်မှာ ဘီယာသွားသောက်မယ်တို့တွေ ဖြစ်ကုန်ဦးမှာ။ ခရိုနီဖြစ်ချင်တဲ့ တစ်နည်းဆိုရရင် ခေတ်ပျက် သူဌေးဖြစ်ချင်တဲ့ သူတွေကလည်း သူ့ထက်ငါ လာဘ်အကြီးအကျယ် ထိုးတော့တာပဲ။ တစ်ယောက်က ရွှေတစ်ပိဿာဆိုရင် နောက်တစ်ယောက်က စိန်ရတီစီး ဘယ်နှလုံးတို့ ဆိုတာတွေ ဖြစ်ကုန်တယ်။ အိမ်ယာစီမံကိန်းတွေ ရတဲ့သူတွေ က လူကြီးတွေကို မြေရောအိမ်ရော ဆောက်ပေးကြတယ်။ စီမံကိန်းကြီးတွေရတဲ့ တစ်ချို့ကတော့ ရွှေတောင်ကြားလို နေရာတွေမှာ အိမ်တွေ ၀ယ်ပေးကြတယ်။ ခင်ဗျားတို့ ဂျာနယ်က တစ်ခု လုပ်လို့ ရတယ်လေ။ ရပ်ကွက်တွေထဲမှာ အဲဒီခေတ်က လူကြီးနာမည်တွေနဲ့ အိမ်တွေ ရှိရင် ဓာတ်ပုံနဲ့တကွ စာရင်းပေးပို့နိုင်ပါသည် လုပ်လိုက်ပါလား။ လူကြီးတွေဟာ ဘယ်လောက် တောင် လောဘတွေ အတောမသတ် ဖြစ်လာသလဲဆိုရင် မြန်မာ တစ်နိုင်ငံလုံးမှာ အသစ် ဖော်ထုတ်တဲ့ မြေနေရာတိုင်းမှာ သူတို့နာမည်နဲ့ တစ်ကွက်တော့ အနည်းဆုံး ယူကြတာချည်းပဲ။ အဲဒီတုန်းက ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဆိုရင်သုဝဏ္ဏမှာလည်း မြေကွက်ယူ၊ ပုလဲမြို့သစ်မှာလည်း မြေကွက်ယူ၊ ရွှေပြည်သာမှာလည်း ယူတဲ့အပြင် တိုက်ပွဲကျ စစ်သည်တွေ အတွက် ဖော်ထုတ်တဲ့ ရွှေပေါက်ကံလို နေရာမှာတောင် အလွတ်မပေးဘဲ ယူတာဗျ။ အမိန့်အာဏာကလည်း သူတို့ လက်ထဲမှာ ရှိလေတော့ ခရိုနီတွေ ပြောသမျှ သူတို့အတွက် ကျန်မယ် ဆိုရင် အကုန် လိုက်လုပ်တော့တာပဲ။ တဲပေါ်ကနေ တိုက်ပေါ်တင်တဲ့ဆိုတဲ့ စကား လှလှလေးတွေနဲ့ အများ ပြည်သူပိုင်တဲ့ မြေတွေကို သိမ်းခဲ့ကြတယ်။ မြေရှင်ရော အိမ်ငှားရော တိုက်ခန်း တစ်ခန်းသာ ရခဲ့ပေမဲ့ အဲဒီ စီမံကိန်းကို ခွင့်ပြုပေးတဲ့ သူတွေအတွက် အဲဒီစီမံကိန်းက လုံးချင်း အိမ်တွေ အပိုင် ရခဲ့ကြတယ်။ ဒါက စစ်အစိုးရ တက်လာတဲ့ ခေတ်ဦးပိုင်းက အပုပ်နံ့ထွက်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ပထမ မျိုးဆက် ခရိုနီတွေရဲ့လက်ဝါးချင်း ရိုက်ကြတဲ့ အကွက်တွေပေါ့ဗျာ။ လက်စောင်းထက်

No comments: