အင်းတော်ကြီးကန်ဒေသအား ဇီဝနယ်မြေအဖြစ် ယူနက်စကိုသို့တင်ပြမည်
ကချင်ပြည်နယ် အင်းတော်ကြီးကန်ဒေသကို ဇီဝနယ်မြေအဖြစ်သတ်မှတ်နိုင်မည့် အဆိုကို စက်တင်ဘာလ ၃၀ ရက်နေ့ မတိုင်ခင် ယူနက်စကိုသို့ တင်သွင်းမည်ဖြစ်ကြောင်း နိုင်ငံတကာတောရိုင်း တိရိစ္ဆာန်နှင့်အပင်များအဖွဲ့ (FFI)က မနေ့က သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါဒေသအား ဇီဝနယ်မြေအဖြစ် အဆိုပြုသတ်မှတ်နိုင်ရေး ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြးဌာနနှင့် နိုင်ငံတကာ တောရိုင်း တိရိစ္ဆာန်နှင့် အပင်များ အဖွဲ့ (FFI) တို့ က ပူးပေါင်းရေး သားခဲ့ခြင်းဖြစ်သည်၊အင်းတော်ကြီးကန်ဒေသရှိ မြေယာခွဲခြားအသုံးချမှုများ၊ ဇီဝမျိုးစုံမျိုးကွဲပျံနှံတည်ရှိမှုများ၊ သစ်တောနှင့် ရေတိမ်ဒေသဆိုင်ရာ လေ့လာမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း၊ ယင်းဒေသတည်ထောင်ရေးအတွက် ဒေသခံများ ကိုလည်း ပညာပေး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ထားလျှက်ရှိပြီး ဇီဝအ၀န်းနယ်မြေများအတွက် အရေးကြီးသည့်ဇုန် ခွဲခြား သတ်မှတ်ရခြင်းကိုလည်း ဒေသခံများ၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး၊ ဒေသရေရှည်ဖွံ့ဖြိုးတိုး တက် ရေးအတွက် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်သလို ရပ်ရွာအခြေပြု၊ ပတ်ဝန်းကျင် ထိခိုက်မှု နည်းတဲ့ ပုံစံမျိုးနဲ့ တည်ထောင်နိုင်ရန် လိုအပ်ကြောင်း FFI မှဒါရိုက်တာ Frank Momberg ကဆိုသည်။ အင်းတော်ကြီးဒေသ ဇီဝအဝန်းနယ် မြေ ထူထောင်နိုင်ရေးအတွက် ဂျာမနီ နိုင်ငံ Michael Succow Foudationနှင့် ဂျာမနီ MAB ကော်မတီတို့မှ ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ဆက်စပ်သတင်းများ
No comments:
Post a Comment