Tuesday, July 14, 2015

ဂျပန်ခေတ်လက်ရာပါ သံပင်မပါပဲ အုပ်ပဲစီပြီးမှလုပ်ထားတာပါ ကချင်ပြည်နယ်မှာဒီလိုလက်ရာတံတားမျိုး ဒီတစ်ခုပဲကျွန်တော်မြင်ဖူးသေးတယ်

သံပင်တစ်ချောင်းမှမပါတဲ့ ပင်းဘောကျေးရွာ အဝင်ကတံတားပါ ချောင်းအလယ်တိုင်ပျောက် ကုန်းတံတားဖြစ်ပါတယ် ဂျပန်ခေတ်လက်ရာပါ သံပင်မပါပဲ အုပ်ပဲစီပြီးမှလုပ်ထားတာပါ အရမ်းခိုင်ခံ့ပါတယ် ၁၀ဘီး ၁၂ဘီးကားကြီးတွေတန်ပိုကုန်ဝိတ်ကြီးတွေနဲ့ ဖြတ်တာတောင် ဘယ်လိုမှမနေပါဘူး လွန်ခဲ့တဲ့ဆယ်စုနှစ်အထိ ဟိုပင် ဖားကန့်လမ်းမှာ အခိုင်ခံ့ဆုံးတံတားအဖြစ် ရပ်တည်ခဲ့တာပါ အခုလိုဖျက်လိုက်တာတွေ့တော့ နှမျောသလိုဖြစ်ပြီး နောက်ဆုံးအနေနဲ့မှတ်တမ်း တင်ထားတာပါ ကချင်ပြည်နယ်မှာဒီလိုလက်ရာတံတားမျိုး ဒီတစ်ခုပဲကျွန်တော်မြင်ဖူးသေးတယ် အုပ်စီထားတာ အရမ်းသပ်ရပ်တယ် အသစ်ဆောက်ဖို့ဖျက်တာဆိုပေမဲ့ အဲဒီတံတားကိုကျွန်တော်နှမျောတယ်

No comments: