Thursday, July 16, 2015

ကားမောင်းနေစဉ် အင်ဂျင်စက်ရပ် သွားခြင်း

ကားမောင်းနေစဉ် အင်ဂျင်စက်ရပ် သွားခြင်း ကားမောင်းနေစဉ်မှာ မမျှော်လင့် ဘဲ ကားစက်ထိုးရပ်သွားတာမျိုးရှိ တတ်ပါတယ်။ အင်ဂျင်အနှေးလည် တာ (slow) အရမ်းနည်းလွန်ရင် အင် ဂျင်စက်တုန်ခါပြီး မကြာခဏစက်သေ သွားတာမျိုးလည်း ဖြစ်ဖူးကြမှာပါ။ မီး ပွိုင့်မှာ မီးနီပြထားလို့ စောင့်နေစဉ်မှာ ဘဲ ရုတ်တရက်စက်ရပ်သွားတာမျိုး လည်းဖြစ်တတ်ပါတယ်။ စက်ထိုးရပ် သွားရင် ကားသော့လှည့်ပြီး စက်နှိုး ကြည့်တယ်။ စက်နှိုးလို့ရတာလဲရှိ တယ်။ လုံးဝစက်ပြန်မနှိုးတာလဲဖြစ်နိုင် တယ်။ ဒီလိုမျိုးကားစက်သေသွားတာ ဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချွတ်ယွင်း ချက်တစ်ခုခုဖြစ်နေလို့ပါဘဲ။ ဘာ့ ကြောင့်ဖြစ်ရတာလဲ။ ချွတ်ယွင်းချက် အပြင် အားနည်းချက်ကိုရှာကြည့်ဖို့ လိုပါတယ်။ ကားစက်သေသွားတော့ ယာဉ်ကြောလမ်းကြောင်းပေါ်မှာဖြစ် နေတယ်။ အန္တရာယ်လွတ်ကင်းတဲ့ လမ်းဘေးတစ်နေရာကို ကားတွန်းရွှေ့ ပါ။ စက်ဖုံးဖွင့်ပြီး မျက်မြင်စစ်ဆေးပါ။ လမ်းဘေးကားရပ်ထားတဲ့နေရာက အန္တရာယ်ကင်းဖို့လိုပါတယ်။ နောက် ကလာတဲ့ကားဝင်မဆောင့်မိအောင် သတိပေး sign တစ်ခုလုပ်ထားဖို့လို ပါတယ်။ အင်ဂျင်အပူချိန်အရမ်းတက်ပြီး ရေတိုင်ကီရေဆူနေသလား။ ဆီကုန် သွားတာလား။ ဆီဂိတ်မှာ ဆီလက် ကျန်ပြသေးသလား။ ဘက်ထရီခေါင်း ချောင်ပြီး လွတ်သွားတာလား။ ဘက် ထရီခေါင်းချောင်နေတာကို သတိမ ထားမိလို့ လမ်းအဆောင့်ဒဏ်တွေဖြစ် တဲ့အခါမှာ မီးပျောက်သွားတတ်ပါ တယ်။ ဓာတ်ဆီကားတစ်စီးမှာ အင်ဂျင် ပုံမှန်လည်ပတ်ဖို့၊ ပုံမှန်အလုပ်လုပ်ဖို့ လေနဲ့ ဆီရောနှောမှုအချိုးမှန်ရပါ တယ်။ မီးပေးစနစ် (Ignition System) ကောင်းရပါတယ်။ ဆိုလိုတာ က ပလပ် (Plug) တွေက တိုင်မင် လိုက် မီးပွား (spark)ပွင့်ပေးဖို့လိုပါ တယ်။ ပုံမှန်အပူချိန်မှာဘဲရှိရပါတယ်။ ရေဆူပြီး အပူလွန်ကဲတာမျိုးဖြစ်ရင် အင်ဂျင်အတွင်းမှာရှိတဲ့ သတ္တုပစ္စတင် တွေပွလာပြီး အင်ဂျင်ကျပ်သွားပါ တယ်။ အင်ဂျင်ကျပ်ရင် စက်ရပ်သွား နိုင်ပါတယ်။ တိုင်မင် Belt ကြိုးပြတ် ထွက်သွားရင်လည်း စက်ထိုးရပ်သွား ပါတယ်။ ကားသော့အုံ (Ignition Switch) မှာ ချွတ်ယွင်းချက်တစ်ခုခုဖြစ်လို့ လုံး ဝမီးပျောက်သွားတာမျိုးလဲဖြစ်တတ်ပါ တယ်။ ဖျူး (Fuse) ပျက်သွားတာ လား၊ မီးပျောက်တာ၊ ဆီပျောက်တာ ကြောင့် စက်ထိုးရပ်နိုင်ပါတယ်။ ဘယ် နားမှာ ဘာဖြစ်နေတာလဲဆိုတာ တိ တိကျကျသိရအောင် ရှာဖို့လိုပါတယ်။ ကားစက်ဖုံးဖွင့်ကြည့်တာ ဘာ တွေထူးခြားနေသလဲ။ ညှော်နံ့ရသ လား၊ ပန်ကာကြိုးချောင်နေသလား၊ ရေတိုင်ကီရေဆူနေသလား၊ ဝါးတား ပိုက်ပေါက်နေသလား အားလုံးကိုစစ် ဆေးကြည့်ပါ။ ကားဟွန်းသံကို ခန့်မှန်လို့ရ အောင် ဟွန်းတီးကြည့်ပါ။ အသံတိုး သလား၊ ကျယ်လောင်တဲ့အသံထွက် သလား၊ ဟွန်းသံလုံးဝမမြည်တာ၊ အ သံတိုးလွန်တာ၊ ကားမီးကြီးအလင်း ရောင်အားနည်းလွန်းတာဆိုရင်တော့ သင့်ကားဘက်ထရီအားကုန်သွားတာ မျိုးဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဟွန်းသံလည်းကျယ်တယ်။ ဝိုင်ဘာရေ သုတ်တံလည်းလည်တယ်။ ရှေ့မီးကြီး လဲလင်းတယ်။ မော်တာဆွဲကြည့်တာ လဲ လည်တယ်ဆိုရင်တော့ ဘက်ထ ရီအခြေအနေကောင်းတယ်ပေါ့။ အင်ဂျင်အပူလွန်ကဲပြီး ရေတိုင် ကီထဲကရေနွေးငွေ့တွေ ပန်းထွက်လာ တဲ့အထိ အခြေအနေဆိုးရင်တော့ အင်ဂျင်ကျပ်ပြီး စက်သေသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ရေတိုင်ကီထဲကို ရေ လောင်းထည့်ပြီး အင်ဂျင်အေးသွား အောင် အအေးခံပါ။ ရေယိုနိုင်တဲ့နေ ရာတွေကို ရှာကြည့်ပါ။ ကားရေဆူရ တဲ့အကြောင်းတွေရှိပါတယ်။ ပန်ကာ ကြိုးလျော့နေရင်လည်း လေဆွဲအား မကောင်းတာကြောင့် ရေတိုင်ကီက အပူစွန့်ထုတ်ပစ်တာအားနည်းလာပါ တယ်။ လျှင်စစ်ပန်ကာအနဲ့ အအေး ခံတဲ့အမျိုးအစားဆိုရင်လည်း ပန်ကာ မလည်တာလား၊ ရေတိုင်ကီမှာ ဖုန်၊ သဲတွေ ပိတ်နေသလား၊ သာမိုစတတ် မကောင်းတာလား၊ အားနည်းချက်အ ပြစ်ရှာကြည့်ပါ။ အင်ဂျင်အပူလွန်ကဲ တာများသွားရင် ဂတ်စ်ကတ်ပြတ်နိုင် ပါတယ်။ အင်ဂျင်အအေးခံပြီး ရေတိုင်ကီ မှာ ရေပြန်ဖြည့်ပါ။ ဘက်ထရီကောင်း လျှင် မော်တာဆွဲကြည့်ပါ။ အင်ဂျင် လှည့်လို့ရတယ်ဆိုရင် စက်ပြန်နှိုးနိုင် ပါတယ်။ ဒါပေမဲ့ ဆီနဲ့ မီးတော့ မှန်ဖို့ လိုပါတယ်။ အင်ဂျင်အေးသွားပေမဲ့ စက်နှိုးမော်တာဆွဲကြည့်တာ လုံးဝမ လည်ဘူးဆိုရင်တော့ Timing Belt ကြိုးပြတ်ပြီး စက်ရပ်သွားရတာလား။ သေချာအောင် Timing Belt ကာဘာ အဖုံးကို ဖွင့်ကြည့်ပါ။ Belt ကြိုးပြတ် တယ်ဆိုရင်တော့ ကားဝပ်ရှော့ကိုဆွဲ ကားတစ်စီးနဲ့ ဆွဲယူသွားပါတော့။ လောင်စာဆီပို့စနစ်ကိုကြည့်ရ အောင်။ ဆီပို့စနစ်မှာ Fuel Pump ဖိအားမှန်ကန်ဖို့လိုပါတယ်။ ဆီစစ်ဗူး ပိတ်နေသလား၊ ဆီထဲမှာ ရေတွေ၊ အမှိုက်စတွေရောပါနေသလား၊ ဆီထဲ မှာရေရောပါနေရင်လည်း စက်ရပ်သွား နိုင်ပါတယ်။ ကာပရိုက်တာသုံးတဲ့ ခေတ်ဟောင်းကားဆိုရင်တော့ ဆီပိတ် တာလား၊ ခေတ်ပေါ်ကားတွေမှာတော့ EFIစနစ်၊ GDI စနစ်သုံးပါတယ်။ ကာပရိုက်တာခေတ်ကိုကျော်လာပြီး လောင်စာဆီကို ကွန်ပျူတာထိန်းချုပ် မှုနဲ့ Injector က ဖြန်းပေးတဲ့စနစ်ပါ။ EFI စနစ်ကားတွေမှာ ဓာတ်ဆီ တိုင်ကီထဲကဆီကို Fuel Pump က တွန်းပို့ပါတယ်။ ဆီပို့ဖိအားက 13 PSI ကနေ 17 PSI ကြားမှာရှိရပါတယ်။ Direct Injection စနစ်သုံးတဲ့ GDI အင်ဂျင်မှာတော့ ဆီဖိအား 40PSI ကနေ 55 PSI အထိရှိရပါတယ်။ ဆီလိုင်းထဲမှာ သတ်မှတ်ဆီဖိအားရှိနေ အောင် Pressure Regulator က ထိန်းပေးပါတယ်။ ဆီဖိအားမှန်နေပေမဲ့ Injector တွေမကောင်းတော့ရင် ဆီ ဖြန်းပေးတာမမှန်တော့ပါဘူး။ Injector တစ်လုံးချင်းကို ကွန်ပျူတာ ECU (Electronic Dontrol Unit) ကဘဲ ထိန်းကျောင်းပေးပါတယ်။ ဆီဖြန်းပေး ရမဲ့ပမာဏနဲ့ တိုင်မင်ကို ECU ကဘဲ အမိန့်ပေးညွှန်ကြားပါတယ်။ ECU ကို အာရုံခံဆင်ဆာတွေက သတင်းပို့လို့ ပေးပါတယ်။ ဒီသတင်းအချက်အ လက်တွေကို အခြေခံပြီး ဆီကိုလို အပ်သလိုဖြန်းပေးတာပါ။ ကားစက်သေတာ မီးပျောက်ရင် လည်း ဖြစ်နိုင်ပါတယ်။ Spark Plug ထိပ်ဖျားမှာ တိုင်မင်ကိုက် မီးပွားပွင့်ရ ပါတယ်။ Plug ထိပ်မှာ မီးမကူးရင် စက်သေသွားနိုင်ပါတယ်။ Plug မီးမ ကူးနိုင်တဲ့အကြောင်းရင်းတွေအများ ကြီးပါဘဲ။ ခေတ်ဟောင်းကားတွေမှာ ပွိုင့်ကမီးဖြတ်ပေးတယ်။ Ignition Coil ကထွက်လာတဲ့ High Tension Voltage ကို ဒစ်စတြီဗျူတာက မီးဖြန်းဝေ ပေးတယ်။ ခေတ်ပေါ်ကားတွေမှာ တော့ ဒစ်စတြီဗျူတာမသုံးတော့ပါဘူး။ ပလပ်တစ်လုံးချင်းကို မီးကွိုင်တစ်လုံး စီသုံးပါတယ်။ မီးတိုင်မင်ကို ကွန်ပျူ တာ ECU (Electronic Control Unit) က ထိန်းချုပ်ပါတယ်။ Crank Shaft Position Sensor က ပို့လိုက် တဲ့သတင်းအချက်အလက်အရ ECU က မီးတိုင်မင်ကို ဆုံးဖြတ်အမိန့်ပေး ပါတယ်။ ဒီနေရာမှာ ဆင်ဆာမကောင်း ရင် ECU က အမိန့်မပေးနိုင်ပါဘူး။ မီးတိုင်မင်မြှင့်တာကိုလည်း ECU က ဘဲလုပ်ပေးပါတယ်။ ပလပ်ကောင်းမှ မီးကူးပြီး မီးပွား (Spark) ပွင့်ပါတယ်။ ပလပ်ကောင်း၊ မကောင်းစမ်းသပ်ကြည့်ရပါတယ်။ ပလပ်ကြိုးသုံးတဲ့ကားတွေမှာ ပလပ် ကြိုးအဖျားကိုဖြုတ်ပြီး မီးစမ်းကြည့်လို့ ရပါတယ်။ အမြင့်ကားတွေမှာတော့ ပလပ်ကြိုးတောင်မသုံးတော့ပါဘူး။ ပလပ်ထိပ်မှာုါညငအငသည ဃသငူ ကို တိုက် ရိုက်စွပ်ထားပါတယ်။ ဒါကို Ignitor လို့လဲ ခေါ်ပါတယ်။ မီး ထွက်၊ မထွက် မီးစမ်းကြည့်လို့ရပါ တယ်။ ဓာတ်ဆီအရည်အသွေးညံ့တာ ကိုသုံးမိရင် ပလပ်ထိပ်တွေမှာ ကာဗွန် ချိုးကပ်တာ၊ —နစ်ချိုးကပ်တာတွေ ဖြစ်နိုင်ပါတယ်။ ပလပ်မကောင်းရင် မီးကူးတာမမှန်တော့ဘဲ။ စက်ထိုးရပ် နိုင်ပါတယ်။ ပလပ်တွေကို ဖြုတ်ဆေး ပါ။ ပလပ်ထိပ်ငုတ်အကွာအဝေးကို ပြန်ချိန်ပါ။ ပလပ်မကောင်းရင် အသစ် တစ်လုံးလဲပါ။ ကွန်ပျူတာစနစ်သုံးတဲ့ ခေတ်ပေါ် ကားတွေမှာ ECU ကို ပါဝါ supply လုပ်ပေးတဲ့Relay ဗူးတွေကောင်းဖို့ လိုပါတယ်။ နောက်တစ်ချက်က ဗို့ အား မတည်မငြိမ်ဖြစ်ရင်လည်း ပြဿ နာဖြစ်နိုင်ပါတယ်။ ECU က 12 Volt မှာဘဲ အလုပ်လုပ်ပါတယ်။ ဗို့အားကျ သွားတာ။ ဒါမှမဟုတ် overcharging ဖြစ်လို့ ဗို့အား 6Vသူအ ထိမြင့်တက် သွားတာမျိုးဆိုရင်တော့ ECU အလုပ် မလုပ်နိုင်တော့ပါဘူး။ ဒီလိုမျိုး မီးပြ ဿနာဖြစ်တာကိုတော့ ပစ္စည်းကိရိ ယာစုံလင်တဲ့ ကားဝပ်ရှော့ပ်မှာဘဲ စမ်းသပ်စစ်ဆေးကြည့်ရပါတယ်။ OBD I-Scan Tool နဲ့ စစ်ဆေးရပါတယ်။ ခေတ်ဟောင်းကားတွေမှာတော့ မီးပျောက်တာကို အပြစ်ရှာရတာလွယ် ပါတယ်။ ကွိုင်တွေ၊ စစ်စတြီဗျူတာ တွေ၊ ပလပ်ကြိုးတွေ ရေစိုသွားရင် တော့ ပလပ်ကိုမီးမရောက်တော့ပါဘူး။ မိုးတွင်းရေကြီးတဲ့လမ်းကိုဖြတ်မောင်း မိရင်တော့ မီးပျောက်ပြီး စက်ထိုးရပ် သွားနိုင်ပါတယ်။ ဆရာ KMA (သိပ္ပံနှင့် နည်းပညာ) (Visited 215 time, 4 visit today)

No comments: