Sunday, July 19, 2015

မိုးသည်းရေလျှံ၍ မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်အချို့ ရပ်ဆိုင်း၊ကန့်ဘလူမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု ကူညီဆောင်ရွက် ===========================================

မိုးသည်းရေလျှံ၍ မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်အချို့ ရပ်ဆိုင်း၊ကန့်ဘလူမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု ကူညီဆောင်ရွက် =========================================== ကန့်ဘလူ ဇူလိုင် ၁၈ စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူမြို့နယ်၌ ဇူလိုင် ၁၅၊ ၁၆၊ ၁၇ ရက်တို့တွင် အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေး-မြစ်ကြီးနား အစုန်/ အဆန် ရထားများသည် ဇူလိုင် ၁၇ ရက် မွန်းလွဲ ၁ နာရီမှစ၍ ချပ်သင်းဘူတာ နှင့် ချပ်ကြီးဘူတာတို့၌ ရပ်တန့်ထားရ ကြောင်း သိရသည်။ ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီခွဲ က ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လတ်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးလွင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးမြင့်ဇော်နှင့်အဖွဲ့ သည် ချပ်သင်းကျေးရွာအတွင်း မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက် နစ်မြုပ်နေမှု၊ မီးရထားသံလမ်းများ အပေါ် ရေလွှမ်းဖြတ်ကျော်နေမှုများ ကြည့်ရှုစစ်ဆေးရန်နှင့် လိုအပ်သည် များ ကူညီထောက်ပံ့ပေးရန် သွား ရောက်ခဲ့သည်။ ချပ်သင်းဘူတာ၌ ရပ်တန့်ထား သော အမှတ်(၅၅)အဆန် အထူး အမြန်ရထားနှင့် အမှတ် (၄၅) ရွာ ထောင်-ကောလင်းအဆန် လော်ကယ် ရထားတို့ ရပ်တန့်ထားရာ ယင်းရထား နှစ်စင်းပေါ်မှ ခရီးသည်များနှင့်ချပ်သင်း ကျေးရွာ မြေနိမ့်ပိုင်းရေဝင်ရောက် နစ်မြုပ်နေသော ပြည်သူများကို ထမင်းထုပ်များ လိုက်လံဝေငှခဲ့သည်။ ချပ်သင်း တိုက်နယ်ဆေးရုံမှ ဒေါက်တာ ကျော်မျိုးဇော်နှင့်အဖွဲ့ သည် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်အတွက် ချပ်သင်းဘူတာ၌ ကျန်းမာရေးဆေးခန်း ဖွင့်လှစ် ဆောင် ရွက်လျက်ရှိသည်။ မွန်းလွဲ ၂ နာရီထိ ကန့်ဘလူမြို့နယ်၌ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် လူ၊ တိရစ္ဆာန် များ သေဆုံး၊ ပျောက်ဆုံးမှုမရှိသေး ကြောင်း သိရသည်။ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် ၌ လျှပ်စစ်ရုံးအတွင်း ရေအနက် သုံးပေခန့်အထိ တက်နေပြီး လျှပ်စစ် ရုံး တောင်ဘက်နှင့် နှင်းဆီလမ်းမပေါ် တစ်ဖာလုံခန့်တွင် ရေအနက် နှစ်ပေ ခန့် တက်ရောက်လျက်ရှိသည်။ မြိုင် သာယာလမ်းမနှင့် ရထားသံလမ်းကြား လူနေအိမ်အချို့ ရေနှစ်ပေကျော်ခန့် ရေတက်လျက်ရှိသည်။ ကန့်ဘလူ-ကျွန်းလှ(မြိုင်သာယာလမ်းမ အရှည် တစ်ဖာလုံခွဲခန့်) လမ်းပေါ် ရေအနက် နှစ်ပေခန့် တက်ရောက်လျက်ရှိသည်။ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်အောင် ဆန်းလမ်းတွင်လည်း လမ်းမပေါ်နှင့် လူနေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်လျက်ရှိသည်။ အမှတ် (၁) ရပ်ကွက် တိုးချဲ့ရပ်ကွက်၌လည်း ရေများဝင်ရောက်လျက်ရှိရာ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ် လျှပ်စစ်ရုံးနှင့် လူနေအိမ်များမှပစ္စည်း များကို ရေလွတ်ရာသို့ ရွှေ့ပြောင်း ပေးလျက်ရှိပြီး ရေနစ်မြုပ်မှုကြောင့် ယာဉ်သွားလာမှုမပြတ်ရှိကြောင်းနှင့် ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက ကန့်ဘလူမြို့၏ မိုးရေချိန်သည် ၃ ဒသမ ၆၂ လက်မရှိကြောင်း သိရ သည်။ အောင်ဝင်းငြိမ်း(ကန့်ဘလူ) မိုးသည်းရေလျှံ၍ မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်အချို့ ရပ်ဆိုင်း၊ကန့်ဘလူမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု ကူညီဆောင်ရွက် =========================================== ကန့်ဘလူ ဇူလိုင် ၁၈ စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူမြို့နယ်၌ ဇူလိုင် ၁၅၊ ၁၆၊ ၁၇ ရက်တို့တွင် အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေး-မြစ်ကြီးနား အစုန်/ အဆန် ရထားများသည် ဇူလိုင် ၁၇ ရက် မွန်းလွဲ ၁ နာရီမှစ၍ ချပ်သင်းဘူတာ နှင့် ချပ်ကြီးဘူတာတို့၌ ရပ်တန့်ထားရ ကြောင်း သိရသည်။ ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီခွဲ က ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လတ်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးလွင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးမြင့်ဇော်နှင့်အဖွဲ့ သည် ချပ်သင်းကျေးရွာအတွင်း မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက် နစ်မြုပ်နေမှု၊ မီးရထားသံလမ်းများ အပေါ် ရေလွှမ်းဖြတ်ကျော်နေမှုများ ကြည့်ရှုစစ်ဆေးရန်နှင့် လိုအပ်သည် များ ကူညီထောက်ပံ့ပေးရန် သွား ရောက်ခဲ့သည်။ ချပ်သင်းဘူတာ၌ ရပ်တန့်ထား သော အမှတ်(၅၅)အဆန် အထူး အမြန်ရထားနှင့် အမှတ် (၄၅) ရွာ ထောင်-ကောလင်းအဆန် လော်ကယ် ရထားတို့ ရပ်တန့်ထားရာ ယင်းရထား နှစ်စင်းပေါ်မှ ခရီးသည်များနှင့်ချပ်သင်း ကျေးရွာ မြေနိမ့်ပိုင်းရေဝင်ရောက် နစ်မြုပ်နေသော ပြည်သူများကို ထမင်းထုပ်များ လိုက်လံဝေငှခဲ့သည်။ ချပ်သင်း တိုက်နယ်ဆေးရုံမှ ဒေါက်တာ ကျော်မျိုးဇော်နှင့်အဖွဲ့ သည် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်အတွက် ချပ်သင်းဘူတာ၌ ကျန်းမာရေးဆေးခန်း ဖွင့်လှစ် ဆောင် ရွက်လျက်ရှိသည်။ မွန်းလွဲ ၂ နာရီထိ ကန့်ဘလူမြို့နယ်၌ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် လူ၊ တိရစ္ဆာန် များ သေဆုံး၊ ပျောက်ဆုံးမှုမရှိသေး ကြောင်း သိရသည်။ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် ၌ လျှပ်စစ်ရုံးအတွင်း ရေအနက် သုံးပေခန့်အထိ တက်နေပြီး လျှပ်စစ် ရုံး တောင်ဘက်နှင့် နှင်းဆီလမ်းမပေါ် တစ်ဖာလုံခန့်တွင် ရေအနက် နှစ်ပေ ခန့် တက်ရောက်လျက်ရှိသည်။ မြိုင် သာယာလမ်းမနှင့် ရထားသံလမ်းကြား လူနေအိမ်အချို့ ရေနှစ်ပေကျော်ခန့် ရေတက်လျက်ရှိသည်။ ကန့်ဘလူ-ကျွန်းလှ(မြိုင်သာယာလမ်းမ အရှည် တစ်ဖာလုံခွဲခန့်) လမ်းပေါ် ရေအနက် နှစ်ပေခန့် တက်ရောက်လျက်ရှိသည်။ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်အောင် ဆန်းလမ်းတွင်လည်း လမ်းမပေါ်နှင့် လူနေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်လျက်ရှိသည်။ အမှတ် (၁) ရပ်ကွက် တိုးချဲ့ရပ်ကွက်၌လည်း ရေများဝင်ရောက်လျက်ရှိရာ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ် လျှပ်စစ်ရုံးနှင့် လူနေအိမ်များမှပစ္စည်း များကို ရေလွတ်ရာသို့ ရွှေ့ပြောင်း ပေးလျက်ရှိပြီး ရေနစ်မြုပ်မှုကြောင့် ယာဉ်သွားလာမှုမပြတ်ရှိကြောင်းနှင့် ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက ကန့်ဘလူမြို့၏ မိုးရေချိန်သည် ၃ ဒသမ ၆၂ လက်မရှိကြောင်း သိရ သည်။ အောင်ဝင်းငြိမ်း(ကန့်ဘလူ)

No comments: