Sunday, July 19, 2015

ကန့်ဘလူမြို့နယ် ၌ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ လမ်းကြောင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝန်တစ်ဦး ရေစီးဖြင့်မျောပါသေဆုံး =====================================

ကန့်ဘလူမြို့နယ် ၌ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ လမ်းကြောင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝန်တစ်ဦး ရေစီးဖြင့်မျောပါသေဆုံး ===================================== ကန့်ဘလူ ဇူလိုင် ၁၈ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ဟင်သော်ရဲကင်းမှ ရဲ တပ်ဖွဲ့ဝင်နှစ်ဦးမှာ လမ်းတံတားပျက်စီးမှု ရှိ/မရှိစစ်ဆေးစဉ် ကားလမ်း ပေါ် ရေကျော်နေမှုကို ဖြတ်သန်းချိန်တွင် ရေစီးဖြင့်မျောပါသွားခဲ့သည်။ ဖြစ်စဉ်မှာ အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ရွှေဘို-မြစ်ကြီးနား မဟာ ဗျူဟာကားလမ်း မိုင်တိုင်အမှတ် ၇၂/၂နှင့် ၃ ကြား ပန်းကုန်းသာတံတား နှင့် ဝါးရုံတံတားကြား ကားလမ်းပေါ်ရေကျော်နေသည့်နေရာကို ဖြတ်သန်း စဉ် ရေစီးဖြင့် ကားလမ်းဘေးရေမြောင်းအတွင်းသို့ ပြုတ်ကျပြီး မျောပါသွား ခဲ့ရာ တပ်ဖွဲ့ဝင်တစ်ဦးမှာ ရေကူးပြီးပြန်လည်ရောက်ရှိခဲ့သော်လည်း ကျန် တပ်ဖွဲ့ဝင်တစ်ဦးမှာ ရေမြောင်းမှတစ်ဆင့် ပန်းကုန်းသာချောင်းအတွင်း သို့ ဆက်လက်မျောပါသွားခဲ့သည်။ အဆိုပါ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းရှာဖွေခဲ့ရာ မွန်းလွဲ ၁ နာရီခန့်တွင် မိုင်တိုင်အမှတ် ၇၂/၅ ခန့်တွင် အလောင်းဆယ်ယူ ရရှိခဲ့သဖြင့် သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ ကန့်ဘလူမြို့နယ် မင်းမြင်ဆည်အောက်ရှိ အင်းမ(မြောက်)ရွာတွင် လည်း ချောင်းရေလျှံပြီး ရွာအတွင်းသို့ ရေများဝင်ရောက်လာသဖြင့် ရေ လွတ်ရာ အင်းမ(တောင်)ရွာသို့ ပြောင်းရွှေ့ရေးစီမံဆောင်ရွက်ခဲ့ရာ အိမ်ထောင်စု ၉၆ စု၊ လူဦးရေ ၄၇၁ ဦးနှင့် ကျွဲ၊ နွားများအပါအဝင် ပြောင်းရွှေ့ပြီးဖြစ်ကြောင်း သိရသည်။ အောင်ဝင်းငြိမ်း(ကန့်ဘလူ)

No comments: