မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 16, 2015
တောင်ပြို(လက်ဝဲ)စခန်းတွင် ယာယီခိုလှုံခွင့်ပေးထားသော စိစစ်ပြီးဖြစ်သည့် လှေစီးသွားလာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆၅ ဦးအား ဇူလိုင် ၂၂ ရက်တွင် ပြန်လည်လွှဲပြောင်းရန် ညှိနှိုင်းလျက်ရှိ ===========================
တောင်ပြို(လက်ဝဲ)စခန်းတွင် ယာယီခိုလှုံခွင့်ပေးထားသော စိစစ်ပြီးဖြစ်သည့် လှေစီးသွားလာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆၅ ဦးအား ဇူလိုင် ၂၂ ရက်တွင် ပြန်လည်လွှဲပြောင်းရန် ညှိနှိုင်းလျက်ရှိ
========================================
နေပြည်တော် ဇူလိုင် ၁၅
တပ်မတော်(ရေ)က မေ ၂၁ ရက် နှင့် ၂၉ ရက်တို့တွင် မြန်မာရေပိုင်နက်အတွင်း ကယ်ဆယ်ခဲ့သည့် လှေစီး သွားလာသူများကို မူရင်းနေရပ်သို့ ပြန်လည်ပို့ဆောင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ဇွန်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၁၈၇ ဦးကို ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။
တောင်ပြို(လက်ဝဲ)စခန်းတွင်ကျန်ရှိနေသည့် လှေစီးသွားလာသူ ၅၄၄ ဦးအနက် ဘင်္ဂလားဒေ့ရှ်ဘက်မှ စိစစ် ပြီး ပြန်လည်လက်ခံရန် အတည်ပြုပြီးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၁၆၅ ဦးကို ဇူလိုင် ၂၂ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်း ရန် နှစ်ဖက်ညှိနှိုင်းလျက်ရှိသည်။
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ လွှဲပြောင်းရန် ကျန်ရှိနေ သော လှေစီးသွားလာသူများအပေါ် စိစစ်သည့်လုပ်ငန်းစဉ်အရ မူရင်းနေရပ်သို့ အမြန်ပြန်နိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
တောင်ပြို(လက်ဝဲ)တွင် ယာယီခိုလှုံခွင့်ပေးထားသူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment