မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, July 7, 2015
မိုးရာသီကုန်ဆုံးလျှင် လှေစီးရွှေ့ပြောင်းအခြေချသူများ နည်းလမ်းအသစ်ဖြင့် ပိုမိုဝင်ရောက်လာဖွယ် ရှိဟုဆို

ဘန်ကောက်၊ ဇူလိုင် ၆
မိုးရာသီကုန်ဆုံးသည့် အချိန်တွင် လှေစီးရွှေ့ပြောင်း အခြေချသူများသည် နည်းလမ်းအသစ်များဖြင့် ပိုမိုဝင်ရောက်လာဖွယ် ရှိသည်ဟု ထိုင်းရဲအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ထိုင်းအာဏာပိုင်များသည် မေလမှ စတင်၍ လှေစီးရွှေ့ပြောင်းသူများ တရားမဝင် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး လူကုန်ကူးမှုဖြင့် သံသယရှိ ၆၉ ဦးအထိ ဖမ်းဆီးခဲ့ကာ ၁၁၉ ဦးကို အလိုရှိစာရင်း ထုတ်ပြန်ခဲ့သော်လည်း ကျွမ်းကျင်သူများကမူ လူမှောင်ခိုဂိုဏ်းများ အရေးအပေါ် ယခုထက် များစွာပိုလုပ်ဆောင်ရန် လိုနေသေးသည်ဟု ပြောကြားထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် တာဝန်ကျနေသော အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးကမူ ၎င်းအနေနှင့် လူမှောင်ခိုသမားများက တရားမဝင် ရွှေ့ပြောင်းအခြေချသူများကို သယ်ဆောင်ရာတွင် နည်းလမ်းပြောင်းလဲပြီး ယခင်ကဲ့သို့ တစ်ကြိမ်တည်းနှင့် အများအပြား မခေါ်ဆောင်လာတော့ဘဲ အဖွဲ့ငယ်များအဖြစ် သို့မဟုတ် တစ်ဦးချင်း ခေါ်ဆောင်လာမည်ကို စိုးရိမ်နေမိသည်ဟု ပြောကြားခဲ့သည်။
“မိုးရွာတာ ရပ်သွားတာနဲ့ ကျွန်တော်တို့ ရိုဟင်ဂျာတွေ ပိုဝင်ရောက်လာတာနဲ့ ကြုံရနိုင်ပြီး ဒီတစ်ခါမှာ လူမှောင်ခိုသမားတွေဟာ နည်းလမ်းအသစ်တွေ ပြောင်းလဲအသုံးပြုလာနိုင်ပါတယ်” ဟု ယင်းရဲအရာရှိက ပြောကြားသည်။
မုတ်သုံရာသီ ကျရောက်ချိန်မှစ၍ လူမှောင်ခိုသမားများ၏ တရားမဝင် ခေါ်ဆောင်မှုဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းကိုဖြတ်၍ ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်မှု ရပ်တန့်သွားခဲ့သော်လည်း မုန်တိုင်းရာသီ ကုန်ဆုံးသွားသည်နှင့် ရွှေ့ပြောင်းအခြေချသူများ၏ လှေများ ပိုမိုရောက်ရှိလာနိုင်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှဌာနခွဲ၏ ဒုဒါရိုက်တာ ဖီးလ်ရောဘတ်ဆင်က ပြောကြားသည်။
“ဒီလူမှောင်ခိုဂိုဏ်းတွေကို အမြစ်မဖြတ်နိုင်ရင်တော့ ကျွန်တော်တို့ ပိုပြီးဆိုးရွားတာတွေနဲ့ ကြုံရဦးမှာပါ” ဟု မစ္စတာ ရောဘတ်ဆင်က ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် အကြမ်းဖက်ပဋိပက္ခများ နောက်ပိုင်းတွင် လူသာချင်း စာနာမှုဆိုင်ရာ အခြေအနေများမှာ ပိုမိုဆိုးရွားသွားခဲ့ပြီး ထိုအခြေအနေက မိုးရာသီကုန်ဆုံးချိန်တွင် ပိုမိုများပြားသည့် လှေစီးရွှေ့ပြောင်းသူများ ပေါ်ပေါက်စေလိမ့်မည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသည်။
တရားဝင်ဒုက္ခသည် အဖြစ် သတ်မှတ်ခြင်း မခံရသော လှေစီးရွှေ့ပြောင်းသူများမှာ တရားမဝင် ရွှေ့ပြောင်းသူများအဖြစ် သတ်မှတ်ခံရပြီး ထိုင်းနိုင်ငံတောင်ပိုင်းရှိ ထိန်းသိမ်းရေးစခန်းများ၊ ယာယီတဲများတွင် ထိန်းသိမ်းခြင်းခံရလျက် ရှိသည်။ မိုးရာသီကုန်ဆုံးလျှင် လှေစီးရွှေ့ပြောင်းအခြေချသူများ နည်းလမ်းအသစ်ဖြင့် ပိုမိုဝင်ရောက်လာဖွယ် ရှိဟုဆို
ဘန်ကောက်၊ ဇူလိုင် ၆
မိုးရာသီကုန်ဆုံးသည့် အချိန်တွင် လှေစီးရွှေ့ပြောင်း အခြေချသူများသည် နည်းလမ်းအသစ်များဖြင့် ပိုမိုဝင်ရောက်လာဖွယ် ရှိသည်ဟု ထိုင်းရဲအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ထိုင်းအာဏာပိုင်များသည် မေလမှ စတင်၍ လှေစီးရွှေ့ပြောင်းသူများ တရားမဝင် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး လူကုန်ကူးမှုဖြင့် သံသယရှိ ၆၉ ဦးအထိ ဖမ်းဆီးခဲ့ကာ ၁၁၉ ဦးကို အလိုရှိစာရင်း ထုတ်ပြန်ခဲ့သော်လည်း ကျွမ်းကျင်သူများကမူ လူမှောင်ခိုဂိုဏ်းများ အရေးအပေါ် ယခုထက် များစွာပိုလုပ်ဆောင်ရန် လိုနေသေးသည်ဟု ပြောကြားထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် တာဝန်ကျနေသော အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးကမူ ၎င်းအနေနှင့် လူမှောင်ခိုသမားများက တရားမဝင် ရွှေ့ပြောင်းအခြေချသူများကို သယ်ဆောင်ရာတွင် နည်းလမ်းပြောင်းလဲပြီး ယခင်ကဲ့သို့ တစ်ကြိမ်တည်းနှင့် အများအပြား မခေါ်ဆောင်လာတော့ဘဲ အဖွဲ့ငယ်များအဖြစ် သို့မဟုတ် တစ်ဦးချင်း ခေါ်ဆောင်လာမည်ကို စိုးရိမ်နေမိသည်ဟု ပြောကြားခဲ့သည်။
“မိုးရွာတာ ရပ်သွားတာနဲ့ ကျွန်တော်တို့ ရိုဟင်ဂျာတွေ ပိုဝင်ရောက်လာတာနဲ့ ကြုံရနိုင်ပြီး ဒီတစ်ခါမှာ လူမှောင်ခိုသမားတွေဟာ နည်းလမ်းအသစ်တွေ ပြောင်းလဲအသုံးပြုလာနိုင်ပါတယ်” ဟု ယင်းရဲအရာရှိက ပြောကြားသည်။
မုတ်သုံရာသီ ကျရောက်ချိန်မှစ၍ လူမှောင်ခိုသမားများ၏ တရားမဝင် ခေါ်ဆောင်မှုဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းကိုဖြတ်၍ ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်မှု ရပ်တန့်သွားခဲ့သော်လည်း မုန်တိုင်းရာသီ ကုန်ဆုံးသွားသည်နှင့် ရွှေ့ပြောင်းအခြေချသူများ၏ လှေများ ပိုမိုရောက်ရှိလာနိုင်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှဌာနခွဲ၏ ဒုဒါရိုက်တာ ဖီးလ်ရောဘတ်ဆင်က ပြောကြားသည်။
“ဒီလူမှောင်ခိုဂိုဏ်းတွေကို အမြစ်မဖြတ်နိုင်ရင်တော့ ကျွန်တော်တို့ ပိုပြီးဆိုးရွားတာတွေနဲ့ ကြုံရဦးမှာပါ” ဟု မစ္စတာ ရောဘတ်ဆင်က ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် အကြမ်းဖက်ပဋိပက္ခများ နောက်ပိုင်းတွင် လူသာချင်း စာနာမှုဆိုင်ရာ အခြေအနေများမှာ ပိုမိုဆိုးရွားသွားခဲ့ပြီး ထိုအခြေအနေက မိုးရာသီကုန်ဆုံးချိန်တွင် ပိုမိုများပြားသည့် လှေစီးရွှေ့ပြောင်းသူများ ပေါ်ပေါက်စေလိမ့်မည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသည်။
တရားဝင်ဒုက္ခသည် အဖြစ် သတ်မှတ်ခြင်း မခံရသော လှေစီးရွှေ့ပြောင်းသူများမှာ တရားမဝင် ရွှေ့ပြောင်းသူများအဖြစ် သတ်မှတ်ခံရပြီး ထိုင်းနိုင်ငံတောင်ပိုင်းရှိ ထိန်းသိမ်းရေးစခန်းများ၊ ယာယီတဲများတွင် ထိန်းသိမ်းခြင်းခံရလျက် ရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment