မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 15, 2015
သုံးလအတွင်းတရားမ၀င်သစ်တန်ချိန် နှစ်သောင်းနီးပါး ဖမ်းမိ
သုံးလအတွင်းတရားမ၀င်သစ်တန်ချိန် နှစ်သောင်းနီးပါး ဖမ်းမိ
ဇူလှိုင်လ ၁၅ ရက်၊ ၂၀၁၅
ယခုဘဏ္ဍာနှစ် တွင် ဧပြီမှ ဇွန်လအထိ သုံးလ အတွင်း တရားမ၀င်သစ်တန်ချိန် နှစ်သောင်းခန့် ဖမ်းဆီးရမိခဲ့ပြီး ယခင်လများနှင့်နှိုင်းယှဉ်ပါက တ ရားမ၀င်သစ်ထုတ်လုပ် ဖမ်းဆီးရ မိမှုလျော့နည်းလာကြောင်း သစ် တောရေးရာဝန်ကြီးဌာနမှ သ တင်းရရှိသည်။
သစ်တောရေးရာဝန်ကြီး ဌာနသည် သုံးလအတွင်း တရားမ ၀င်သစ်ထုတ်လုပ်သူများထံမှ ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ် များကို ဖမ်းဆီးရမိခဲ့ပြီး သစ်တန် ချိန်စုစုပေါင်း ၁၈,၀၆၄ ဒသမ ၈,၆၈၇ တန် ဖမ်းဆီးခဲ့ကြောင်း သစ်တောဝန်ကြီးဌာနစာရင်းများ အရ သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုတွင် ကျွန်းသစ်လုံး ၅,၉၈၂ ဒသမ ၆,၁၃၉ တန်၊ ကျွန်းသစ်ခွဲသား ၁,၅၈၉ ဒသမ ၃,၁၃၆ ၊ သစ်မာ လုံး ၁,၃၆၀ ဒသမ ၇,၄၂၀ တန်၊ သစ်မာခွဲ ၁,၈၃၁ ဒသမ ၀,၂၈၁ တန်နှင့် အခြားသစ်လုံး ၄,၇၃၈ ဒသမ ၇,၆၀၇ တန်၊ ခွဲသား၂,၅၆၂ ဒသမ ၄,၁၀၄ တန်တို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။
‘‘အရင်လတွေထက်တော့ တရားမ၀င် သစ်ဖမ်းဆီးရမိမှု လျော့နည်းလာတဲ့သဘောတော့ တွေ့ရတယ်။ မိုးတွင်းဆိုတော့ သစ်ထုတ်လုပ်တဲ့သူတွေ လုပ်ငန်း တွေနားထားလို့လည်း ဖြစ်နိုင်ပါ တယ်’’ဟု သစ်စစ်ဆေးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ဖမ်းဆီးမှုတွင် သစ် ထုတ်လုပ်သူ တရားခံစုစုပေါင်း ၁,၃၉၀ဦး၊ ယာဉ် ၄၁၃ စီး၊ ဆိုင် ကယ် ၉၂ စီး၊ ထော်လာဂျီ ၂၄ စီး တို့ကို ဖမ်းဆီးရမိခဲ့ပြီး သစ်စက် ၁၆၆ စက်၊ စက်လှေသမ္ဗန် ၄၇ စီး၊ လွှဝိုင်း ၁၈၆ ခု၊ ချိန်းဆော စက်လွှ ၁၀၈ခုတို့ကိုလည်း ဖမ်း ဆီးရမိခဲ့ကြောင်း သတင်းရရှိ သည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် တရားမ၀င်သစ်ခိုးထုတ်လုပ် မှုများကို သစ်တောရေးရာဝန်ကြီး ဌာနက ဖမ်းဆီးခဲ့ရာ သစ်လုံးတန် ၂၉၀,၀၀၀ ကျော်၊ သစ်ခွဲသားတန် ၂၁,၀၀၀ ကျော်တို့ကို ဖမ်းဆီးရမိ ခဲ့ကြောင်း သတင်းရရှိသည်။
7 Day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment