မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, July 25, 2015
မိုးကောင်းမြို့နယ်အတွင်း ရေဘေးဒုက္ခသည်များအား ထောက်ပံ့ပစ္စည်းများပေးအပ် =================================================
မိုးကောင်းမြို့နယ်အတွင်း ရေဘေးဒုက္ခသည်များအား ထောက်ပံ့ပစ္စည်းများပေးအပ်
=================================================
မြစ်ကြီးနား ဇူလိုင် ၂၄
ကချင်ပြည်နယ်၌ ဇူလိုင် ၁၇ ရက်မှ မိုးစတင်ရွာသွန်းခဲ့ပြီး နန့်ရင်း ချောင်းနှင့် နန့်ကောင်းချောင်းတို့ မှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန် ၍ မြင့်တက်ခဲ့သဖြင့် ရေလွှမ်းမိုး မှု ဖြစ်ပွားခဲ့ရာ မိုးကောင်းမြို့နယ် အတွင်း ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရေလွှမ်းမိုးမှု အခြေအနေများနှင့် ရေဘေးကယ် ဆယ်ရေးစခန်းများ၊ နယ်မြေ တိမ်း ရှောင်လာသော မိသားစုဝင်များ၏(IDP) စခန်းများ၊ အခြေခံပညာ ကျောင်းများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာသည် တာဝန်ရှိ သူများနှင့်အတူ ဇူလိုင် ၁၉ ရက်တွင် မိုးကောင်းသာသနာ့ဗိမာန် ယာယီ ဆေးကုသဆောင်သို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော လူနာများ အား အာဟာရနို့ဘူးများ ပေးအပ် ခဲ့ပြီး တရုတ်ဘုံကျောင်း၊ ကွမ်းတုံ ကျောင်း၊ အရှေ့ရပ်ကွက်ဓမ္မာရုံနှင့် တပ်ဦးကျောင်းတိုက်များ၌ ဖွင့်လှစ် ထားသော ယာယီကယ်ဆယ်ရေး စခန်းများရှိ အိမ်ထောင်စု ၁ဝဝ ကျော် အား ပြည်နယ်အစိုးရအဖွဲ့မှ ဆန် အိတ် အလုံး ၅ဝ ၊ ရေသန့်ဘူးများနှင့် ခေါက်ဆွဲထုတ်များ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာနမှ ငွေကျပ် ၁၅၄၁၂၅ဝ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ၊ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ အိမ်ထောင် စုသုံး ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
(ပြည်နယ်ပြန်/ဆက်) မိုးကောင်းမြို့နယ်အတွင်း ရေဘေးဒုက္ခသည်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

(ပြည်နယ်ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment