Saturday, July 18, 2015

ဒေါ်အောင်ဆန်းစုကြည်က ၈၈မျိုးဆက် (ငြိမ်း/ပွင့်)များအား မဲဆန္ဒနယ် ၁၀ ခု ခွင့်ပြုပေးထားခြင်းအား NLD ပါတီဝင်များ မကျေနပ်

ဒေါ်အောင်ဆန်းစုကြည်က ၈၈မျိုးဆက် (ငြိမ်း/ပွင့်)များအား မဲဆန္ဒနယ် ၁၀ ခု ခွင့်ပြုပေးထားခြင်းအား NLD ပါတီဝင်များ မကျေနပ် ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲဝင်နိုင်ရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ခေါင်းဆောင်များအတွက် မဲဆန္ဒနယ် ၁၀ ခုအား ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုပေးခဲ့ခြင်းကို NLD ပါတီဝင်အချို့က ကျေနပ်ခြင်းမရှိကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က ၄င်းတို့အတွက် မဲဆန္ဒနယ် ၁၀ နေရာ ခွင့်ပြုပေးထားကြောင်း အမည်မဖော်လိုသူ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ “အန်တီက ကျွန်တော်တို့အတွက် NLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ မဲဆန္ဒနယ် ၁၀ နေရာ ခွင့်ပြု ပေးထားတယ်။ အဲထဲက ရှစ်နေရာက ဝင်ပြိုင်ဖို့ သေချာတယ်။ ဦးကိုကိုကြီးတို့ မမီးမီးတို့လို ခေါင်းဆောင်ပိုင်း ဝင်ပြိုင်ကြမယ်” ဟု ၄င်းက ပြောကြားသည်။ ယခုကဲ့သို့ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့ဝင်များ NLD ကိုယ်စားပြုရွေးကောက်ပွဲဝင်မည့်ကိစ္စကို ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုခဲ့ခြင်းမဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်၏ တစ်ဦးတည်းသဘောဖြင့်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်များအနေဖြင့် သိရှိခြင်းမရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောကြားခဲ့သည်။ “ကျွန်တော်တိုတို့တော့ တရားဝင်ဘာမှမပြောဘူး။ သတင်းတွေတော့ ကြားနေရတယ်။ ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုပေးလိုက်တာဖြစ်မယ်” ဟု ၄င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သတ်မှတ်ခဲ့သောNLD ပါတီ၏ ကိုယ်စားလှယ်လောင်းသတ်မှတ်ချက်တွင် ကိုယ်စား လှယ်လောင်းသည် ပါတီဝင်ဖြစ်ရမည်ဟု ပါရှိသော်လည်း ယခုကဲ့သို့ ပါတီဝင်မဟုတ်သူများကို ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ ကိုယ်သတ်မှတ်သည့် စည်းကမ်းကို ကိုယ်တိုင်ချိုးဖောက်သကဲ့သို့ဖြစ်နေသည်၊ ပါတီအတွက် အချိန်ပေးလုပ်နေသူများကို နေရာမပေးသကဲ့သို့ဖြစ်နေသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပါတီဝင်တစ်ဦးဖြစ်သူ ကိုမျိုးလင်းက ဆိုသည်။ “ကိုယ်စားလှယ်လောင်းဟာ ပါတီဝင်ဖြစ်ရမယ်လို့ အန်တီပဲသတ်မှတ်ခဲ့တာပဲလေ။ တကယ်လည်း ပါတီဝင်ပဲ ကိုယ်စား လှယ်လောင်းဖြစ်သင့်ပါတယ်။ ၈၈ ဆိုတဲ့သူတွေက ကိုယ်တိုင်လည်း ပါတီမထောင်နိုင်၊ အန်တီလက်အောက်မှာပဲ မလုပ် ချင်နဲ့။ ငြိမ်း/ပွင့်ဆိုပြီး ဆိုးရော့ ပေးစာ ကမ်းစာ စားနေတာ တစ်နိုင်ငံလုံးသိပါတယ်။ ခုလို သူတို့အတွက် စားခွက်ပျောက် ခါနီးမှ ပါတီကိုယ်စားလှယ်လောင်းဆိုပြီး လာလုပ်တာကို လက်မခံနိုင်ပါဘူး။ အန်တီကလည်း ကိုယ့်သတ်မှတ်ချက် ကိုယ်ပြန်ဖျက်သလိုဖြစ်နေတယ်။ ဟိုအရင်ကတည်းက ပါတီမှာလုပ်နေတဲ့သူတွေက ကိုယ်စားလှယ်လောင်းမဖြစ်ရဘူး ဆိုတော့ ခံစားရတာပေါ့။ အလုပ်တော့ လုပ်ရပြီး နေရာမရဘူးဆိုတော့” ဟု ၄င်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က ၈၈မျိုးဆက် (ငြိမ်း/ပွင့်)များအား မဲဆန္ဒနယ် ၁၀ ခု ခွင့်ပြုပေးထားခြင်းအား NLD ပါတီဝင်များ မကျေနပ် ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲဝင်နိုင်ရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ခေါင်းဆောင်များအတွက် မဲဆန္ဒနယ် ၁၀ ခုအား ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုပေးခဲ့ခြင်းကို NLD ပါတီဝင်အချို့က ကျေနပ်ခြင်းမရှိကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က ၄င်းတို့အတွက် မဲဆန္ဒနယ် ၁၀ နေရာ ခွင့်ပြုပေးထားကြောင်း အမည်မဖော်လိုသူ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ “အန်တီက ကျွန်တော်တို့အတွက် NLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ မဲဆန္ဒနယ် ၁၀ နေရာ ခွင့်ပြု ပေးထားတယ်။ အဲထဲက ရှစ်နေရာက ဝင်ပြိုင်ဖို့ သေချာတယ်။ ဦးကိုကိုကြီးတို့ မမီးမီးတို့လို ခေါင်းဆောင်ပိုင်း ဝင်ပြိုင်ကြမယ်” ဟု ၄င်းက ပြောကြားသည်။ ယခုကဲ့သို့ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့ဝင်များ NLD ကိုယ်စားပြုရွေးကောက်ပွဲဝင်မည့်ကိစ္စကို ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုခဲ့ခြင်းမဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်၏ တစ်ဦးတည်းသဘောဖြင့်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်များအနေဖြင့် သိရှိခြင်းမရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောကြားခဲ့သည်။ “ကျွန်တော်တိုတို့တော့ တရားဝင်ဘာမှမပြောဘူး။ သတင်းတွေတော့ ကြားနေရတယ်။ ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုပေးလိုက်တာဖြစ်မယ်” ဟု ၄င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သတ်မှတ်ခဲ့သောNLD ပါတီ၏ ကိုယ်စားလှယ်လောင်းသတ်မှတ်ချက်တွင် ကိုယ်စား လှယ်လောင်းသည် ပါတီဝင်ဖြစ်ရမည်ဟု ပါရှိသော်လည်း ယခုကဲ့သို့ ပါတီဝင်မဟုတ်သူများကို ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ ကိုယ်သတ်မှတ်သည့် စည်းကမ်းကို ကိုယ်တိုင်ချိုးဖောက်သကဲ့သို့ဖြစ်နေသည်၊ ပါတီအတွက် အချိန်ပေးလုပ်နေသူများကို နေရာမပေးသကဲ့သို့ဖြစ်နေသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပါတီဝင်တစ်ဦးဖြစ်သူ ကိုမျိုးလင်းက ဆိုသည်။ “ကိုယ်စားလှယ်လောင်းဟာ ပါတီဝင်ဖြစ်ရမယ်လို့ အန်တီပဲသတ်မှတ်ခဲ့တာပဲလေ။ တကယ်လည်း ပါတီဝင်ပဲ ကိုယ်စား လှယ်လောင်းဖြစ်သင့်ပါတယ်။ ၈၈ ဆိုတဲ့သူတွေက ကိုယ်တိုင်လည်း ပါတီမထောင်နိုင်၊ အန်တီလက်အောက်မှာပဲ မလုပ် ချင်နဲ့။ ငြိမ်း/ပွင့်ဆိုပြီး ဆိုးရော့ ပေးစာ ကမ်းစာ စားနေတာ တစ်နိုင်ငံလုံးသိပါတယ်။ ခုလို သူတို့အတွက် စားခွက်ပျောက် ခါနီးမှ ပါတီကိုယ်စားလှယ်လောင်းဆိုပြီး လာလုပ်တာကို လက်မခံနိုင်ပါဘူး။ အန်တီကလည်း ကိုယ့်သတ်မှတ်ချက် ကိုယ်ပြန်ဖျက်သလိုဖြစ်နေတယ်။ ဟိုအရင်ကတည်းက ပါတီမှာလုပ်နေတဲ့သူတွေက ကိုယ်စားလှယ်လောင်းမဖြစ်ရဘူး ဆိုတော့ ခံစားရတာပေါ့။ အလုပ်တော့ လုပ်ရပြီး နေရာမရဘူးဆိုတော့” ဟု ၄င်းက ပြောသည်။

No comments: