မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 10, 2015
Myanmar Military News သိန်းနီမြို့နယ်တွင် SSPP/SSA အဖွဲ့နှင့် TNLA အဖွဲ့တို့ ပူးပေါင်းပြီး ဒေသခံတိုင်းရင်းသားများထံမှ လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ

10.7.2015
SSPP/SSA နှင့် TNLA ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ ကုန်းညောင်ကျေးရွာအုပ်စု၊ လွယ်ငေါင်းကျေးရွာသို့ ဇူလိုင်လ ၈ ရက်နေ့တွင်ရောက်ရှိလာပြီး ဒေသခံတိုင်းရင်းသားများထံမှ လူသစ် ၈ ဦးနှင့် ဆက်ကြေးငွေများအား အတင်းအကြပ်ကောက်ခံသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရ ပါသည်။
“ သူတို့တွေက အဖွဲ့ ၂ ဖွဲ့ပေါင်း ရွာထဲကိုဝင်လာပြီး လက်နက်ပြခြိမ်းခြောက် တောင်းတာလေ၊ ဒေသခံတွေလည်း ကြောက်ရွံ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိကြတော့ဘူး၊ သူတို့တောင်းတာမပေးရင် သတ်ပစ်မယ်ပြောလို့ ရွာသားတွေလည်း မရှိရှိတာလေးတွေထုတ်ပေးလိုက်ရတယ် ”ဟု ဒေသခံရွာသားတစ်ဦး မှ ပြောကြားခဲ့ပါသည်။
SSPP/SSA အဖွဲ့နှင့် TNLA အဖွဲ့တို့သည် သိန်းနီမြို့နယ်၊ ကုန်းညောင်ကျေးရွာအုပ်စုအပြင် ဆယ်အူကျေးရွာ အုပ်စုနှင့် နမ့်ခိုင်ကျေးရွာအုပ်စုပတ်ဝန်းကျင်တွင် ခိုအောင်နေထိုင်ပြီး ဆက်ကြေးကောက်ခံခြင်းအပြင် လူသစ်စုခြင်းများ ပြုလုပ် လျက်ရှိကြောင်း သိရှိရပါသည်။
SSPP/SSA နှင့် TNLA ပူးပေါင်းအဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသားကျေးရွာများရှိ အသက် ၁၅ နှစ်ပြည့်ပြီးသော ယောက်ျားများအား ၄င်းတို့အဖွဲ့တွင် တာဝန်ထမ်းဆောင်ခိုင်းခြင်းအပြင် အတင်းအကြပ်ဆက်ကြေး ငွေကောက် ခံမှုကြောင့် ဒေသခံများသည် အခြားမြို့များသို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် တောင်ယာစိုက်ပျိုးချိန် ရောက်နေသော်လည်း စိုက်ပျိုး ရေးမလုပ်နိုင်သောကြောင့် မိသားစုစားဝတ် နေရေးအတွက် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း လွယ်ငေါင်းကျေးရွာ သားတစ်ဦးမှ ဆက်လက်ပြောကြားသွားသည်။
စိုင်းကောင်းစံ
Shan News သိန်းနီမြို့နယ်တွင် SSPP/SSA အဖွဲ့နှင့် TNLA အဖွဲ့တို့ ပူးပေါင်းပြီး ဒေသခံတိုင်းရင်းသားများထံမှ လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ
10.7.2015
SSPP/SSA နှင့် TNLA ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့နယ်၊ ကုန်းညောင်ကျေးရွာအုပ်စု၊ လွယ်ငေါင်းကျေးရွာသို့ ဇူလိုင်လ ၈ ရက်နေ့တွင်ရောက်ရှိလာပြီး ဒေသခံတိုင်းရင်းသားများထံမှ လူသစ် ၈ ဦးနှင့် ဆက်ကြေးငွေများအား အတင်းအကြပ်ကောက်ခံသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရ ပါသည်။
“ သူတို့တွေက အဖွဲ့ ၂ ဖွဲ့ပေါင်း ရွာထဲကိုဝင်လာပြီး လက်နက်ပြခြိမ်းခြောက် တောင်းတာလေ၊ ဒေသခံတွေလည်း ကြောက်ရွံ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိကြတော့ဘူး၊ သူတို့တောင်းတာမပေးရင် သတ်ပစ်မယ်ပြောလို့ ရွာသားတွေလည်း မရှိရှိတာလေးတွေထုတ်ပေးလိုက်ရတယ် ”ဟု ဒေသခံရွာသားတစ်ဦး မှ ပြောကြားခဲ့ပါသည်။
SSPP/SSA အဖွဲ့နှင့် TNLA အဖွဲ့တို့သည် သိန်းနီမြို့နယ်၊ ကုန်းညောင်ကျေးရွာအုပ်စုအပြင် ဆယ်အူကျေးရွာ အုပ်စုနှင့် နမ့်ခိုင်ကျေးရွာအုပ်စုပတ်ဝန်းကျင်တွင် ခိုအောင်နေထိုင်ပြီး ဆက်ကြေးကောက်ခံခြင်းအပြင် လူသစ်စုခြင်းများ ပြုလုပ် လျက်ရှိကြောင်း သိရှိရပါသည်။
SSPP/SSA နှင့် TNLA ပူးပေါင်းအဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသားကျေးရွာများရှိ အသက် ၁၅ နှစ်ပြည့်ပြီးသော ယောက်ျားများအား ၄င်းတို့အဖွဲ့တွင် တာဝန်ထမ်းဆောင်ခိုင်းခြင်းအပြင် အတင်းအကြပ်ဆက်ကြေး ငွေကောက် ခံမှုကြောင့် ဒေသခံများသည် အခြားမြို့များသို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် တောင်ယာစိုက်ပျိုးချိန် ရောက်နေသော်လည်း စိုက်ပျိုး ရေးမလုပ်နိုင်သောကြောင့် မိသားစုစားဝတ် နေရေးအတွက် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း လွယ်ငေါင်းကျေးရွာ သားတစ်ဦးမှ ဆက်လက်ပြောကြားသွားသည်။
စိုင်းကောင်းစံ
Shan News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment