မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 8, 2015
ဒေသခံလုပ်ငန်းရှင်များအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေး ကောက်ခံ

ဇူလှိုင်လ ၈ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်ဒေသအတွင်း စီးပွားရေးလုပ်ငန်းရှင် များအား KIA အဖွဲ့မှ ဇူလိုင်လ ၄ ရက်နေ့တွင် ဆက်ကြေးငွေများ အတင်း အကြပ် ကောက်ခံသွားခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
“ ဒီဒေသမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေ အများကြီးပဲ၊ ကုမ္ပဏီတွေ၊ ဈေးဆိုင်ခန်းတွေ၊ စက်သုံး ဆီအရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကုန်စုံဈေးဆိုင်တွေ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်း ဆိုင်တွေနဲ့ ဆက်ကြေး အမြဲတမ်းပေးဆောင်နေရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ကို ဇူလိုင်လ ၄ ရက်နေ့ကစပြီး KIA အဖွဲ့က ဆက်ကြေး အတင်းအကြပ် ကောက်ခံနေတယ်။ ဆက်ကြေးငွေပေးဆောင်ခြင်း မရှိတဲ့ကုမ္ပဏီတွေနဲ့ ဆောက်လုပ်ရေး ပစ္စည်းအရောင်း ဆိုင်တွေဆိုရင် မိုင်းထောင်ဖောက်ခွဲ၊ လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခြင်း ခံရတာတွေရှိတယ်။ ဆက်ကြေးပေးဆောင်ခြင်းမရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ ဆိုင်ပိုင်ရှင်ကိုလည်း နည်းမျိုးစုံနဲ့ ဒုက္ခပေးသွားမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားတယ် ’’ ဟု ဒေသခံစားသောက်ဆိုင် ပိုင်ရှင်တစ်ဦးမှ ပြောကြားခဲ့သည်။
KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဆက်ကြေးငွေနှင့်အခြားအစားအသောက်များ မကြာခဏ လာရောက်ကောက်ခံခြင်း ကြောင့် လုပ်ငန်းမလည်ပတ်နိုင်သည့် ကုမ္ပဏီများနှင့် အခြားလုပ်ငန်းရှင်များမှာ ဆက်ကြေးငွေ ပေးဆောင်ရန် အခက်အခဲ များရှိနေကြောင်း ဒေသခံလုပ်ငန်းရှင် တစ်ဦးမှ ပြောပါသည်။
ထို့အပြင် KIA အဖွဲ့မှ ဆက်ကြေးငွေပေးဆောင်ခြင်းမရှိသည့် ကုမ္ပဏီများ ၊ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များအား မိုင်းထောင်ဖောက်ခွဲခြင်း များကြောင့် လုပ်ငန်းရှင်များမှာ စိုးရိမ်ကြောက်လန့်နေကြပြီး လုပ်ငန်းများ ရပ်ဆိုင်းရမလိုဖြစ်နေ ကြောင်း လုပ်ငန်းရှင်တစ်ဦးမှလည်း ပြောကြားခဲ့ ပါသည်။
ဆိုင်နော်(ဖားကန့်) ဒေသခံလုပ်ငန်းရှင်များအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေး ကောက်ခံ

ဆိုင်နော်(ဖားကန့်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment