Saturday, July 18, 2015

မုံးကိုး-ဖောင်းဆိုင် သွားကားလမ်း ၊ မန်ယန်းလမ်းခွဲတွင် KIAအဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား ဒေသခံရွာသား ၂ ဦး နင်းမိ

မုံးကိုး-ဖောင်းဆိုင် သွားကားလမ်း ၊ မန်ယန်းလမ်းခွဲတွင် KIAအဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား ဒေသခံရွာသား ၂ ဦး နင်းမိ ဇူလှိုင်လ ၁၈ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ မုံးကိုးမြို့နယ်၊ မန်ယန်းကျေးရွာမှ ဒေသခံရွာသား ၂ ဦးသည် ဇူလိုင်လ ၁၆ ရက်နေ့တွင် မုံးကိုး-ဖောင်းဆိုင်သွားကားလမ်း၊ မန်ယန်းလမ်းခွဲတွင် KIA အဖွဲ့မှ ထောင်ထားသောမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံကျေးရွာသားတစ်ဦးထံမှ သိရသည်။ ဖြစ်စဉ်မှာ မုံးကိုးမြို့နယ်၊ မန်ယန်းကျေးရွာမှ ဒေသခံရွာသား ၂ ဦးသည် ဇူလိုင်လ ၁၆ ရက်နေ့တွင် တောင်ယာမှ မုံးကိုး-ဖောင်းဆိုင် သွားကားလမ်းအတိုင်းပြန်လာရာ မန်ယန်းလမ်းခွဲတွင် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံး အား နင်းမိပေါက်ကွဲသဖြင့် ရန်ထန့်မှာ မိုင်းစထိမှန်သေဆုံးသွားခဲ့ပြီး ဟာချော်မှာ ယာခြေထောက် နှင့်ဝမ်းဗိုက် မိုင်းစထိမှန်(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။ ဒဏ်ရာရရှိသည့် ဟာချော်အား ဆေးကုသမှုခံယူရန်အတွက် ၎င်း၏မိဘများမှ မုံးကိုးမြို့ပေါ်သို့ ဇူလိုင်လ ၁၆ ရက်နေ့ညနေ ၆ နာရီခန့်တွင် ခေါ်ဆောင်သွားကြောင်း ဟာချော်၏မိဘများ၏ ပြောပြချက်အရ သိရှိရပါသည်။ KIA အဖွဲ့၏ အစိုးရတပ်များ ၀င်ရောက်လာစဉ် ဒဏ်ရာရရှိစေရန်ရည်ရွယ်၍ ကျေးရွာများအနီး တစ်ဝိုက်တွင် မိုင်းထောင်ခြင်းများကြောင့် ဒေသခံများအနေဖြင့် ကျေးရွာများအတွင်းမှ ၎င်းတို့၏ တောင်ယာလုပ်ငန်းများ လုပ်ကိုင် ရန်သွားရောက်ရာတွင် စိုးရိမ်ထိတ်လန့်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကျေးရွာ အုပ်ချုပ် ရေးမှူး တစ်ဦးထံမှ သိရှိရပါသည်။ နော်ဂျာ မုံးကိုး-ဖောင်းဆိုင် သွားကားလမ်း ၊ မန်ယန်းလမ်းခွဲတွင် KIAအဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား ဒေသခံရွာသား ၂ ဦး နင်းမိ ဇူလှိုင်လ ၁၈ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ မုံးကိုးမြို့နယ်၊ မန်ယန်းကျေးရွာမှ ဒေသခံရွာသား ၂ ဦးသည် ဇူလိုင်လ ၁၆ ရက်နေ့တွင် မုံးကိုး-ဖောင်းဆိုင်သွားကားလမ်း၊ မန်ယန်းလမ်းခွဲတွင် KIA အဖွဲ့မှ ထောင်ထားသောမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံကျေးရွာသားတစ်ဦးထံမှ သိရသည်။ ဖြစ်စဉ်မှာ မုံးကိုးမြို့နယ်၊ မန်ယန်းကျေးရွာမှ ဒေသခံရွာသား ၂ ဦးသည် ဇူလိုင်လ ၁၆ ရက်နေ့တွင် တောင်ယာမှ မုံးကိုး-ဖောင်းဆိုင် သွားကားလမ်းအတိုင်းပြန်လာရာ မန်ယန်းလမ်းခွဲတွင် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံး အား နင်းမိပေါက်ကွဲသဖြင့် ရန်ထန့်မှာ မိုင်းစထိမှန်သေဆုံးသွားခဲ့ပြီး ဟာချော်မှာ ယာခြေထောက် နှင့်ဝမ်းဗိုက် မိုင်းစထိမှန်(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။ ဒဏ်ရာရရှိသည့် ဟာချော်အား ဆေးကုသမှုခံယူရန်အတွက် ၎င်း၏မိဘများမှ မုံးကိုးမြို့ပေါ်သို့ ဇူလိုင်လ ၁၆ ရက်နေ့ညနေ ၆ နာရီခန့်တွင် ခေါ်ဆောင်သွားကြောင်း ဟာချော်၏မိဘများ၏ ပြောပြချက်အရ သိရှိရပါသည်။ KIA အဖွဲ့၏ အစိုးရတပ်များ ၀င်ရောက်လာစဉ် ဒဏ်ရာရရှိစေရန်ရည်ရွယ်၍ ကျေးရွာများအနီး တစ်ဝိုက်တွင် မိုင်းထောင်ခြင်းများကြောင့် ဒေသခံများအနေဖြင့် ကျေးရွာများအတွင်းမှ ၎င်းတို့၏ တောင်ယာလုပ်ငန်းများ လုပ်ကိုင် ရန်သွားရောက်ရာတွင် စိုးရိမ်ထိတ်လန့်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကျေးရွာ အုပ်ချုပ် ရေးမှူး တစ်ဦးထံမှ သိရှိရပါသည်။ နော်ဂျာ

No comments: