"ဆွမ်ပရာဘွမ်မြို့နယ်ရှိ KIAတပ်ရင်း(၇) အထိနာပြီး ဆုတ်ခွာလျက်ရှိ"=============================================
ဆွမ်ပရာဘွမ်မြို့နယ်တွင် အခြေစိုက်ထားသောအင်အား(၁၀၀)ခန့်ရှိ KIAတပ်ရင်း(၇)အား မြန်မာ့တပ်မတော်မှ အင်အား ၅၀၀ခန့်နှင့် လီဆူပြည်သူ့စစ်မှ အင်အား ၁၀၀ ခန့်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။တပ်မတော်မှ ဂျက်လေယာဉ်များကလည်း အသင့်အနေအထားဖြင့် ထိုးစစ်ဆင်ရန်ရောက်ရှိနေပြီး ရာသီဥတုဆိုးရွားနေ သဖြင့် လေကြောင်းတိုက်ခိုက်မှုအား ခေတ္တာ့ရပ်တန့်ထားပါတယ်။KIAတပ်ရင်း(၇)မှတပ်သားအဆင့်ရှိသူ ၅ဦးမှ လီဆူမိန်းမပျိုလေးအား ၀ိုင်းပြီးမုဒိန်းကျင့်မှုဖြစ်ပွားခဲ့သောကြောင့် လီဆူပြည်သူ့စစ်မှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။၁၅.၇.၂၀၁၅ရက်နေ့ကလည်း KIAတပ်ရင်း(၇)မှလက်နက်ကြီးများဖြင့်ပြစ်ခတ်မှုကြောင့် ဆွမ်ပရာဘွမ်ပြည်သူ့ဆေးရုံကြီး နှင့် ပေ၂၀၀ခန့်အကွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဆေးရုံစောင့်လူနာတစ်ဦး၏ ခြေထောက်ထိမှန်ခဲ့ပါတယ်။လီဆူ နှင့် ရ၀မ်လူမျိုးများကလည်း KIAလက်နက်ကိုင်အဖွဲ့သည် လွန်ခဲ့သည့်နှစ်များက ငှင်းတို့၏မိဘ မောင်နှမများကိုရက်ရက်စက်စက် သတ်ပြစ်ခဲ့သည့်အတွက် ယခုအချိန်တွင် လက်စားချေလိုစိတ်ပြင်းပြနေ တယ်လို့လည်းသိရပါတယ်။KBCအသင်းအနေဖြင့် ပိတ်မိနေသော KIAတပ်ရင်း(၇)မှတပ်သားများအား ဒုက္ခသည်များ (သို့မဟုတ်) လူ့အခွင့်အရေးဟုခေါင်းစဉ်တပ်ကာ တဖက်လှည့်နည်းဖြင့် ကယ်ထုတ်မည်ကိုလည်း မြို့ခံများက စိုးရိမ်နေကြပါတယ်။ရ၀မ်ပြည်သူ့စစ်မှ အင်အား (၈၀)ခန့်ကလည်း KIAတပ်ရင်း(၇)အား ထိုးစစ်ဆင်တိုက်ခိုက်ရန် လာရောက်ပူးပေါင်းတော့မည်ဟု မြစ်ကြီးနားသတင်းထောက်တစ်ဦးက တယ်လီဖုန်းဖြင့်သတင်းပေးပို့လာပါတယ်။မြစ်ကြီးနားသတင
No comments:
Post a Comment