မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 10, 2015
ဂျပန်ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် KDDI ၊ Sumitomo တို့နှင့် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း (MPT) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့သည့်နောက် မိုဘိုင်းဖုန်းအသုံးပြုသူ လူဦးရေသည် ၇ သန်းခန့် တိုးတက်လာ
ဂျပန်ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် KDDI ၊ Sumitomo တို့နှင့် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း (MPT) တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့သည့်နောက် မိုဘိုင်းဖုန်းအသုံးပြုသူ လူဦးရေသည် ၇ သန်းခန့် တိုးတက်လာခဲ့သည်ဟု သိရသည်။ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီများနှင့် မပူးပေါင်းခင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တစ်ဦးတည်း ရပ်တည်စဉ်က မိုဘိုင်းဖုန်း အသုံးပြုသူဦးရေသည် ၆ သန်းခန့်သာရှိခဲ့ပြီး ပူးပေါင်းပြီးသည့် နောက်ပိုင်း မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် ၁၃ သန်းကျော်သို့ ရောက်ရှိလာခဲ့ကြောင်း KDDI မှ ဈေးကွက် ဒါရိုက်တာဖြစ်သူ Mr. Takashi Shigeno က ပြောသည်။မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အစိုးရပိုင် ဆက်သွယ်ရေး အော်ပရေတာအဖြစ် နှစ်ပေါင်း ၁၃၀ ကျော်သည့်တိုင် တစ်ဦးတည်း လုပ်ကိုင်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လမှစတင်၍ ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်ကြသော KDDI ၊ Sumitomo နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှင့် MPT တို့ ပူးပေါင်းခဲ့သည့်နောက်ပိုင်း ဈေးနှုန်းအရ အခြားသော ဆက်သွယ်ရေး အော်ပရေတာများနှင့် ပြိုင်ဆိုင်ခြင်း ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တည်ဆောက်ပြီး ကွန်ရက်များကို အဆင့်မြှင့်တင်ခြင်း စသည့်လုပ်ငန်းစဉ်တို့ကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ထို့အပြင် ဆွေသဟာဟူသော ဝန်ဆောင်မှုကို ၎င်းတို့က မိတ်ဆက်ခဲ့ပြီး အဆိုပါဝန်ဆောင်မှုကို လက်ရှိအချိန်၌ မိုဘိုင်းဖုန်း အသုံးပြုသူ တစ်ဝက်ကျော်က ရယူ အသုံးပြုနေကြသည်ဟု သိရသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မူရင်းပိုင်ဆိုင်မှုကို ယနေ့အချိန်အထိ မသိရှိရသေးသော်လည်း ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီတို့ သည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ထပ်မံဖြည့်သွင်း၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ဈေးကွက်ကို ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။သတင်းထုတ်ပြန်ချက်များအရ သမိုင်းတစ်လျှောက် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီများ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။Tags: KDDIMPT
Subscribe to:
Post Comments (Atom)
No comments:
Post a Comment