Saturday, July 18, 2015

**ဗိုလ်ချုပ်တည်ဆောက်လိုခဲ့သည့် မြန်မာပြည်** =====****====******----

**ဗိုလ်ချုပ်တည်ဆောက်လိုခဲ့သည့် မြန်မာပြည်** =====****====******---- ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ်တို့လုပ်ကြံခံရ၍ ဗိုလ်ချုပ်အပါအဝင်အာဇာနည်များ အတွက်ရေးဖွဲ့ခဲ့သည့်ကဗျာလေးမှာ “မြန်မာမတော့ပူစရာဘို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင်ကမ်းမို့မို့ဆီက ဖောင်နန်းကတို့နှင့် အကြေဒဂုန်တည်းဟူသော၊ ရေစုန်မျောလေရဲ့၊ သြော် တောင်နန်းမြောက်နန်း အဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က၊ အောင်ပန်းညှိုးရရှာတဲ့၊ အောင်ဆန်းတို့သေပုံနှမြော……တဲ့။ မြန်မာပြည်ဟာ လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်မှာ၂၀၁၅တွင် ၆၇ နှစ် သက်တမ်းတိုင်ခဲ့ပေပြီ။ ဒါ့အပြင် ဒီမိုကရေစီနိုင်ငံအဖြစ်အသွင်ကူးပြောင်း ခဲ့ခြင်းသည်သက်တမ်းငါးနှစ်ပင်ပြည့်ပါ တော့မည်။ တချိန်က ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့် ဗိုလ်ချုပ်လိုချင်သည့် တိုင်းပြည်ခေါင်းဆောင်ဆိုရာ၌ တစ်ဦးတစ်ယောက်တည်း၏ အာဏာ လွှမ်းမိုးပြီးရယူထားသော ခေါင်းဆောင်မှုမျိုးမဟုတ်ဘဲ အဖွဲ့အစည်းဖြင့် ခေါင်းဆောင်သည့် ပုံစံမျိုးဖြစ်ပေသည်။ လူမျိုးရေးသဘောတရားတွင်လည်း ကိုယ့်လူမျိုးမှမြတ်သည်ဟူသော သဘောမျိုးမထားရှိခဲ့ပါ။ ကိုယ့်လူမျိုးအပေါ် ချစ်ခင်သလို တခြားတစ်ပါးသော လူမျိုးများ အပေါ်၌လည်း အထင်သေးခြင်း မုန်းတီးခြင်းမဖြစ်ကြဘဲ အပြန်အလှန်လေးစားချစ်ခင်ကြသော တစ်ကမ္ဘာလုံးနှင့် ယှဉ်သည့် အကျိုးစီးပွား ကို လိုလားသောစိတ်မျိုကိုထားရှိခဲ့သူဖြစ် ပါသည်။ လွတ်လပ်စွာထုတ်ဖေါ်ခွင့် လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာ စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ကိုးကွယ်ခွင့်၊ မတရားဖမ်းအဆီးချုပ်အနှောင်ခြင်း ကင်းလွတ်ခွင့်၊ လူတိုင်းအခြေခံ ပညာသင်ကြားနိုင်ခွင့်၊ ဆေးဝါးအကူအညီများအခမဲ့ရရှိရေး တောင်သူလယ်သမားများနဲ့ အလုပ်သမားတွေရဲ့ အခွင့်အလမ်းများကို အစိုးရကဖန်တီးပေးရေး တိုင်းရင်းသားလူနည်းစုများရဲ့ အခွင့်ရေးများရရှိစေရေးအတွက် တိုင်းရင်းသားလူမျိုးတိုင်း၊ ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ကိုအစိုးရအနေဖြင့် စောငိ့်ရှောက်ပေးရေးတို့ပါဝင်ပါသည်။ ဗိုလ်ချုပ်ဟာတိုင်းရင်းသားများအရေးကို ခေါင်းထဲမှာအလေးပေးဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ပြည်မနဲ့မဖွံ့ဖြိုးသေးသည့်တောင်တန်း ဒေသများဆိုပြီး ဗြိတိလျှတို့ရဲ့သွေးခွဲအုပ်ချုပ်သည့် စကားလုံးများကိုအမိအရဖယ်ရှားပြီး မြန်မာပြည်လွှတ်လပ်ရေးရအောင်ကြံ ဆောင်ခဲ့သူဖြစ်ပါတယ် မရှိတော့တဲ့သူကို မျှော်မှန်း လွမ်းစွတ်တသနေခြင်း မဟုတ်သော်လည်း ဒီနေ့မြန်မာပြည်ဟာ ဗိုလ်ချုပ်လိုလားခဲ့သည့်မြန်မာပြည်ဖြစ်ခဲ့ပါ သည်လားဆိုတာကိုတော့ဆန်းစစ်အဖြေ ရှာနေမိပါသည်။ **ဗိုလ်ချုပ်တည်ဆောက်လိုခဲ့သည့် မြန်မာပြည်** =====****====******---- ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ်တို့လုပ်ကြံခံရ၍ ဗိုလ်ချုပ်အပါအဝင်အာဇာနည်များ အတွက်ရေးဖွဲ့ခဲ့သည့်ကဗျာလေးမှာ “မြန်မာမတော့ပူစရာဘို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင်ကမ်းမို့မို့ဆီက ဖောင်နန်းကတို့နှင့် အကြေဒဂုန်တည်းဟူသော၊ ရေစုန်မျောလေရဲ့၊ သြော် တောင်နန်းမြောက်နန်း အဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က၊ အောင်ပန်းညှိုးရရှာတဲ့၊ အောင်ဆန်းတို့သေပုံနှမြော……တဲ့။ မြန်မာပြည်ဟာ လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်မှာ၂၀၁၅တွင် ၆၇ နှစ် သက်တမ်းတိုင်ခဲ့ပေပြီ။ ဒါ့အပြင် ဒီမိုကရေစီနိုင်ငံအဖြစ်အသွင်ကူးပြောင်း ခဲ့ခြင်းသည်သက်တမ်းငါးနှစ်ပင်ပြည့်ပါ တော့မည်။ တချိန်က ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့် ဗိုလ်ချုပ်လိုချင်သည့် တိုင်းပြည်ခေါင်းဆောင်ဆိုရာ၌ တစ်ဦးတစ်ယောက်တည်း၏ အာဏာ လွှမ်းမိုးပြီးရယူထားသော ခေါင်းဆောင်မှုမျိုးမဟုတ်ဘဲ အဖွဲ့အစည်းဖြင့် ခေါင်းဆောင်သည့် ပုံစံမျိုးဖြစ်ပေသည်။ လူမျိုးရေးသဘောတရားတွင်လည်း ကိုယ့်လူမျိုးမှမြတ်သည်ဟူသော သဘောမျိုးမထားရှိခဲ့ပါ။ ကိုယ့်လူမျိုးအပေါ် ချစ်ခင်သလို တခြားတစ်ပါးသော လူမျိုးများ အပေါ်၌လည်း အထင်သေးခြင်း မုန်းတီးခြင်းမဖြစ်ကြဘဲ အပြန်အလှန်လေးစားချစ်ခင်ကြသော တစ်ကမ္ဘာလုံးနှင့် ယှဉ်သည့် အကျိုးစီးပွား ကို လိုလားသောစိတ်မျိုကိုထားရှိခဲ့သူဖြစ် ပါသည်။ လွတ်လပ်စွာထုတ်ဖေါ်ခွင့် လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာ စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ကိုးကွယ်ခွင့်၊ မတရားဖမ်းအဆီးချုပ်အနှောင်ခြင်း ကင်းလွတ်ခွင့်၊ လူတိုင်းအခြေခံ ပညာသင်ကြားနိုင်ခွင့်၊ ဆေးဝါးအကူအညီများအခမဲ့ရရှိရေး တောင်သူလယ်သမားများနဲ့ အလုပ်သမားတွေရဲ့ အခွင့်အလမ်းများကို အစိုးရကဖန်တီးပေးရေး တိုင်းရင်းသားလူနည်းစုများရဲ့ အခွင့်ရေးများရရှိစေရေးအတွက် တိုင်းရင်းသားလူမျိုးတိုင်း၊ ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ကိုအစိုးရအနေဖြင့် စောငိ့်ရှောက်ပေးရေးတို့ပါဝင်ပါသည်။ ဗိုလ်ချုပ်ဟာတိုင်းရင်းသားများအရေးကို ခေါင်းထဲမှာအလေးပေးဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ပြည်မနဲ့မဖွံ့ဖြိုးသေးသည့်တောင်တန်း ဒေသများဆိုပြီး ဗြိတိလျှတို့ရဲ့သွေးခွဲအုပ်ချုပ်သည့် စကားလုံးများကိုအမိအရဖယ်ရှားပြီး မြန်မာပြည်လွှတ်လပ်ရေးရအောင်ကြံ ဆောင်ခဲ့သူဖြစ်ပါတယ် မရှိတော့တဲ့သူကို မျှော်မှန်း လွမ်းစွတ်တသနေခြင်း မဟုတ်သော်လည်း ဒီနေ့မြန်မာပြည်ဟာ ဗိုလ်ချုပ်လိုလားခဲ့သည့်မြန်မာပြည်ဖြစ်ခဲ့ပါ သည်လားဆိုတာကိုတော့ဆန်းစစ်အဖြေ ရှာနေမိပါသည်။

No comments: