မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 15, 2015
ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှတ်နေခြင်းသည် ဒေသခံပြည်သူလူထုကို နှိပ်စက်ရာ ရောက်စေ =======================
ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှတ်နေခြင်းသည် ဒေသခံပြည်သူလူထုကို နှိပ်စက်ရာ ရောက်စေ
==================================================
14, July, 2015 By Voice Of Kachin
ကချင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတား၊ ရေအားလျှပ်စစ် အစရှိသဖြင့် စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းက ပိတ်ပင်မှုတွေ ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်နေတာကြောင့် အစစအရာရာ နောက်ကျနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အလိုက် အစိုးရမှ ဘက်ဂျက် ချထားပေးကာ လုပ်ကိုင်ဆောင်ရွက်စေကြောင်း သိရှိရပါသည်။ သို့သော် မြို့နယ်အများစုမှာ KIA ကြောင့် မြို့အတွင်းမှာသာ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ကြရကြောင်း ကျေးရွာများထိ သွားရောက် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တဆင့် သိရှိရသည်။
ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ပန်ဝါမြို့နယ်များတွင် အစိုးရမှ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သိန်းပေါင်းများစွာ ချထားသော်လည်း KIA မှ နှောင့်ယှတ်ဖျက်ဆီး နေသောကြောင့် ကျေးရွာများအထိ သွားရောက်လုပ်ကိုင် ဆောင်ရွက်နိုင်စွမ်း မရှိဘူးလို့ သိရှိရပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများမှာ KIA ကိုထောက်ခံလို့ မဟုတ် ကြောက်လို့သာ ငြိမ်နေရကြောင်း KIA သြဇာလွှမ်းမိုးသော ကျေးရွာများမှ သိရှိရပါသည်။ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှတ်နေခြင်းသည် ဒေသခံပြည်သူလူထုကို နှိပ်စက်ရာ ရောက်စေ
==================================================
14, July, 2015 By Voice Of Kachin
ကချင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတား၊ ရေအားလျှပ်စစ် အစရှိသဖြင့် စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းက ပိတ်ပင်မှုတွေ ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်နေတာကြောင့် အစစအရာရာ နောက်ကျနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အလိုက် အစိုးရမှ ဘက်ဂျက် ချထားပေးကာ လုပ်ကိုင်ဆောင်ရွက်စေကြောင်း သိရှိရပါသည်။ သို့သော် မြို့နယ်အများစုမှာ KIA ကြောင့် မြို့အတွင်းမှာသာ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ကြရကြောင်း ကျေးရွာများထိ သွားရောက် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တဆင့် သိရှိရသည်။
ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ပန်ဝါမြို့နယ်များတွင် အစိုးရမှ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သိန်းပေါင်းများစွာ ချထားသော်လည်း KIA မှ နှောင့်ယှတ်ဖျက်ဆီး နေသောကြောင့် ကျေးရွာများအထိ သွားရောက်လုပ်ကိုင် ဆောင်ရွက်နိုင်စွမ်း မရှိဘူးလို့ သိရှိရပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများမှာ KIA ကိုထောက်ခံလို့ မဟုတ် ကြောက်လို့သာ ငြိမ်နေရကြောင်း KIA သြဇာလွှမ်းမိုးသော ကျေးရွာများမှ သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment