မြန်မာနိုင်ငံသားတိုင်းသိသင့်သောနိုင်ငံရေးအကြောင်းအရာများ
၁ ဇူလိုင်လ ၂၀၁၅
အကြောင်းတရားတွေကို ဂဃနဏ အေးအေးလူလူ ပြန်စဉ်းစားရင်
သူတောင်းစားသာသာ သမ္မတ ခေတ်မှာ တွေးတွေးပူပူကာ လူလာဖြစ်ခဲ့တာ စိတ်နာတယ်..။
အမှန်တရားက ဖိနပ်စီးနေချိန်
အဆိုးအမှားက ကမ္ဘာပတ် ပြီးနေပြီ ဆိုသလို
ဟောင်းလောင်းကြီးဖြစ်အောင် အလစ်သုတ်တာကိုက ခေါင်းပေါင်းတွေရဲ့ အလုပ်သစ်...။
မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ဖောက်တာ မဟုတ်
ပတ်မကြီး ဖောက်ပြီး မင်းသားကြီး လုပ်ခဲ့သူ..။
နို့ သောက်ပါလို့ အပြောချိုခဲ့ပြီး
နို့ တိုက်မယ်လို့ အပိုမပြောပဲ ဘာသာရေး ပြဿနာပေါတဲ့ အပျိုချောကို စပွန်စာ ပေးခဲ့သူ..။
နှလုံးသား မီးလောင်ပြင်ကြီးရဲ့ ပစ်မှတ်ကို တည့်တည့်ပစ်ဖို့ 
ပိပိရိရိ သိုင်းကွက်များနဲ့ ဖောက်ပြန်မှုကို ကျားကန်လို့ လေ့ကျင့်ထားကြ
ဓားစာခံ ကျေးလက်တွေ သွေးထွက် နေချိန်မှာ
အားကျမခံ မြီု့ ပြက ကျောက်ပတ်တီး စီးထား ပြီးပြီ..။
ဒဏ်ရာရ သက္ကရာဇ်များနဲ့ ကံကြမ္မာ မလှ ဂဏန်း အက္ခရာ ပုဒ်မများ
၁၀၉ ၁၁၀ စစ်တပ်က
၁၉၆၂ မှာ မိုးပေါ် ထောင်မပစ်ပဲ လက်စွမ်းပြခဲ့တော့
၁၉၄၈ လွတ်လပ်ရေးကာလ က တည်းက အမုန်းတရား သေနတ်ကျည်ဆံများ ခြေစွမ်းပြ
၂၀၁၅ ထိ ဆင်း၇ဲမွဲတေခြင်းကို လက်ယပ်ခေါ်ကာ လေထဲ မုသားစကားများ နှစ်ပါးသွားကခဲ့
၂၀၁၀ မှာ ပြည်သူက မရွေးကောက်တဲ့ အကြောင်းမညီညွတ်တဲ့ ဘောင်းဘီချွတ် သမ္မတ
၂၀၀၈ နာဂစ် ဖွဲ့ စည်းပုံကို အာဏာကောက်ရိုးမျှင်လို ဖက်တွယ် ၊အမှန်တရားကို မျက်ကွယ်ပြု...
၁၉၆၂ ၊ ၁၉၇၄ ၊၁၉၇၆ ၊၁၉၈၈ ၊၊၂၀၀၇ ၊၂၀၁၅ မှာ........
ကျောင်းသား အလုပ်သမား လယ်သမား ရဟန်းပြည်သူများ လမ်းပေါ်တက်ကာ ကြွေးကြော်
၅၉ ( စ ) ၊ ၄၃၆ အတိတ်တစ္ဆေခြောက်နေသော ၂၀၁၅ ရွေးကောက်ပွဲကျင်းပမယ်..။
ဂရိမှာ ကြွေးမြီတွေ စီးပွားရေးပျက်ကပ်နဲ့ အတူ ၊ အပူမီးများ ဖိနပ်စီးပြီး အိမ်ထဲဝင်ရောက်
မသိမသာ ပွင့်လင်းမြင်သာမှု မရှိခြင်းက ချောက်ထဲက နိုင်ငံအား ခြိမ်းခြောက်
မချိတင်ကဲ ဘ၀များ ခြစားမှုများအောက် ပြားပြားမှောက်
ဂရိက ငါတို့ ကို အနာဂတ် တရားခံဘ၀ မရောက်အောင် တရားပြနေတယ်..။
တကယ်တော့ ဆင်းရဲခြင်း မြောင်းထဲ ကျနေတဲ့ တိုင်းပြည်မှာ
တကြော့ပြန် ပြောင်းလဲတယ် လို့ အရှက် မရှိ ၊ ဗြောင်ကျကျ အပ်ကြောင်းထပ်အောင် ပြောပြီး
မျောက် မီးခဲဆော့သလို ကမ္ဘာပတ် တောင်းရဲ တဲ့ သတ္တိရှိသူတွေ အမှောင်ထဲ သမ္မတဖြစ်ခဲ့တယ်..။
အောင်ခိုင်မြင့်
၁ ဇူလိုင်လ ၂၀၁၅
( စစ်တန်းလျားမပြန်မဲ့ ရာသက်ပန် သမ္မတများအတွက် ကဗျာ )
No comments:
Post a Comment