Monday, July 6, 2015

၅၉( စ ) ပြင်ဆင်ရေး ကြိုးစားခဲ့တယ် အမျိုးသားရေးအမြင်နဲ့ကန့်ကွက်လေတော့ ၄၃၆ ကို မျက်စောင်းထိုးတယ် ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒမဲကောက်ယူပါတယ်

၅၉( စ ) ပြင်ဆင်ရေး ကြိုးစားခဲ့တယ်
အမျိုးသားရေးအမြင်နဲ့ကန့်ကွက်လေတော့ ၄၃၆ ကို မျက်စောင်းထိုးတယ်
၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒမဲကောက်ယူပါတယ်

သတ်မှတ်ရက်အချိန်မှီ ၁၃ ရာခိုင်နှုန်း ကောက်ယူပြမည်ဟူသော ကြွေးကြော်သံတွေနဲ့ သတ်မှတ်ရက်ထက်ကျော်လွန်စွာ ကောက်ယူခဲ့သော်လဲ ၅ ရာခိုင်နှုန်းမပြည့်မှီခဲ့

တဖန် လွှတ်တော်အတွင်းမဲခွဲဆုံးဖြတ်ချက် ရယူကာ ၄၃၆ ပြင်ဆင်ရေး ထပ်မံကြိုးစားပြန်တယ် သတ်မှတ်ရာခိုင်နှုန်းမပြည့်မှီသောကြောင့် ထပ်မံရှုံးနိမ့်ခဲ့ပြန်ပါတယ်

ပညာရေးဥပဒေအကြောင်းပြ နိုင်ငံဆူပူအောင် ကျောင်းသားလူငယ်အချို့ကို သွေးထိုးပေးခဲ့ပါတယ် ပညာရေးဥပဒေပြင်ဆင်ရေးအတွင်း အမျိုးသားရေး အခြေခံအဆင့်လေးတောင် မပါလို့ နိုင်ငံဆူပူမူဟာ ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး

လွှတ်တော်အတွင်း ၄၃၆ ပြင်ဆင်ရေး ၅၉ ( စ ) ပြင်ဆင်ရေး မအောင်မြင်ခြင်းဟာလဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အကြောင်းပြချက်နဲ့ ရှုံးနိမ့်ခြင်းကို ဆန္ဒပြဆူပူစေမူနဲ့ နိုင်ငံဆူပူအောင် ထပ်မံကြိုးစားပြန်ပါတယ်

ဒါပေမယ့် အမျိုးသားရေးမပါဝင်တဲ့ ပြည်သူလူထု အကျိုးစီးပွားတိုးတက်ရေးစသည့် အချက်များ ပါဝင်မူမရှိပဲ မိမိအာဏာရရှိရေးသာ ဦးတည်နေသောကြောင့် ထပ်မံရှုံးနိမ့်ခဲ့ရပြန်ပါတယ်

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးပါတီကြီးတစ်ခုဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာဆိုရင် ဟောပြောပွဲများ လေလံပွဲများ နဲ့ မူဆလင်များအတွက် မူဆလင်ကူညီရေးအသင်း အဆင့်သာသာ သာရှိပြီး

ယနေ့အထိ ဥက္က္တဌကြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး ဥက္ကဌ ရာထူးကို ရရှိထားသော်လည်း တရားဥပဒေစိုးမိုးရေး အတွက် မည်သည့် လုပ်ဆောင်ချက်မျှ မရှိသေးပါ

ကော့မှူး မြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားလွှတ်တော်အတွင်း အစည်းအဝေးများ တက်ရောက်နေသော်လဲ ကော့မှူးမြို့နယ် တိုးတက်ဖွံ့ဖြိုးရေး အတွက် မည်သည့်လုပ်ဆောင်ချက်မျှ မရှိသေးပါ

လက်တွေ့သဘောကို ဓမ္မဒိဌာန် ကျကျ သုံးသပ်ရမည်ဆိုပါက NLD ပါတီဆိုသည်မှာ အလကား အလေနတ္တော နလဘိန်းတုန်း ဖက်ခွက်စား အဆံမရှိ ဟန်သာရှိပြီး ကမ္ဘာကျော် နိုဘဲလ်ဆုဘန်းပြ အာဏာရူးနေသော ပါတီ အမည်ခံ စည်းမရှိ ကမ်းမရှိ အဖွဲ့အစည်းသဘောသာ ဖြစ်ပါသည်

No comments: