KIA မိုင်းများကို ရှင်းလင်းပေးပြီး ကျေးရွာများ လူနေအိမ်များ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ပေးထားခြင်းကြောင့် စစ်ရှောင်ဒေသခံများ ပျော်ရွှင်
=========================================
4, July, 2015 By Voice Of Kachin
KIA မှ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ ကပ်မှော်၊ ဆိုင်းခရာ၊ နန်ခွန်ဆိုင်နှင့် ဂေါ်လုယန်ကျေးရွာများမှ ဒေသခံပြည်သူများအား စစ်ပြေး ဒုက္ခသည်အဖြစ် ၎င်းတို့ဌာနချုပ်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် စခန်းပတ်ဝန်းကျင်အပြင် ဒေသခံများ၏ တောင်ယာများ ကျေးရွာအ၀င် အထွက်လမ်းများနှင့် ကျေးရွာလူနေအိမ်များအတွင်း ၀င်ရောက်ကာ မြေမြုပ်မိုင်းများ ထောင်ထား ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။ ထိုမိုင်းများကြောင့် ကျေးရွာများရှိ တိရစ္ဆာန်များ ပြန်လည်ရောက်ရှိလာသော ဒေသခံများ နင်းမိပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ ၎င်းကျေးရွာများအတွင်းသို့ တပ်မတော်စစ်ကြောင်းများမှ မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် ၀င်ရောက်ရှင်းလင်း ဖော်ထုတ်ပေးခဲ့ရာ KIA လက်လုပ်မိုင်း အလုံး ၄၀ ကျော်ခန့် ဖော်ထုတ်ပေးခဲ့ရကြောင်း သိရှိရပါသည်။ ကပ်မှော်၊ ဆိုင်းခရာ၊ နန်ခွန်ဆိုင်၊ ဂေါ်လုယန်နှင့် တနိုင်းတို့မှ စစ်ပြေးဒုက္ခသည်များ ပြန်လည်ရောက်ရှိလာကာ တပ်မတော်မှ KIA မိုင်းများ ရှင်းလင်း ဆောင်ရွက်ပေးထားပြီး လူနေအိမ်များ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ပေးထားခြင်း ကြောင့် များစွာ ပျော်ရွှင်နေကြကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းမှာ တပ်မတော်၏ မြင့်မြတ်သောတာဝန်တစ်ရပ်အား ၎င်းဒေသခံများ ကောင်းစွာနည်းလည် သဘောပေါက် သွားခဲ့သည်။
No comments:
Post a Comment