မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 15, 2015
ရှမ်းနီနှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွှတ်ရေးပါတီ ရွေးကောက်ပွဲတွင် ကချင်နှင့်စစ်ကိုင်း၌ ၀င်ပြိုင်မည်
ရှမ်းနီနှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွှတ်ရေးပါတီ ရွေးကောက်ပွဲတွင် ကချင်နှင့်စစ်ကိုင်း၌ ၀င်ပြိုင်မည်
ဇူလှိုင်လ ၁၅ ရက်၊ ၂၀၁၅
အသစ်ဖွဲ့စည်းသည့် ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီက ၂၀၁၅ ရွေး ကောက်ပွဲတွင် ကချင်ပြည် နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ရှိ မြို့ နယ် ၁၂ မြို့နယ်၌ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ကချင်ပြည်နယ်၌ မြစ်ကြီး နား၊ ၀ိုင်းမော်၊ ဗန်းမော်၊မိုင်းဆက်၊ မိုးကောင်း၊ မိုးညှင်းနှင့် ဖားကန့် မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၌ ဟုမ္မလင်း၊ မောင်းပြင်၊ ဗန်း မောက်နှင့် အင်းတော်မြို့နယ်များ ၌ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ယင်းပါတီ အထွေထွေ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ပြောသည်။
‘‘မြို့နယ် ၁၂ ခုမှာ နေရာ ၃၀ လောက် ၀င်ပြိုင်မယ်’’ဟု ၎င်းကဆိုသည်။
ရှမ်းနီ(တိုင်းလိုင်)နှင့်မြောက် ပိုင်းရှမ်းမျိုးနွယ်စုများ၏သွေးစည်း ညီညွတ်ရေးပါတီကို ပြီးခဲ့သည့် မေလ ၂၀ ရက်က ခွင့်ပြုမိန့် အမှတ်စဉ် (၈၄)ဖြင့် တည်ထောင်ခဲ့ ခြင်းဖြစ်သည်။
ပါတီဝင်အင်အားသုံးထောင်ကျော်ရှိသော ယင်းပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးကို ဇူလိုင် ၁၈ ရက်တွင် ပြုလုပ်၍ အသေးစိတ်ဆွေးနွေး မည်ဖြစ်သည်။
7 Day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment