မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 8, 2015
မငြိမ်းချမ်းခဲ့သော ငြိမ်းချမ်းရေး ဗိသုကာကြီး၏ နောက်ဆုံးခရီး (၂)

ဦးသန့် ၏ ရုပ်ကလာပ်ကို ကျို က္ကဆံ ကွင်းပြင်ကြီးတွင် ၄ ရက်ခန့်.ထားရှိစဉ်အတွင်း နိုင်ငံခြားသံတမန် များ အပါအ၀င် ရဟန်းရှင်လူ ထောင်ပေါင်းများစွာတို့က လာရောက်ဂါဝရ ပြု ခဲ့ကြပေသည်။
ရုပ်ကလာပ်ကို သဂြိုလ်ရာ သတ်မှတ်ထားသည့် ဒီဇင်ဘာ ၅ ရက်သို့ ရောက်ရှိလာခဲ့ပေပြီ။
ရန်ကုန်ရှိ တက္ကသိုလ် ကောလိပ် အသီးသီးမှ ကျောင်းသားများက ဈာပန ကော်မီတီကို ဖွဲ့စည်းခဲ့ကြပြီး ဈာပနကို စနစ်တကျ လိုက်ပါပို့ဆောင်နိုင်ရေးအတွက် ဘတ်စ်ကားများ ငှားရမ်းရရှိနိုင်ရန် အလို့ငှာ ကုန်းလမ်းပို့ဆောင်ရေး ဌာနသို့ ချည်းကပ်ခဲ့ကြသည်။
သို့သော် မထင်မှတ်သည်တို့ကား ဖြစ်ခဲ့ပေပြီ။ မိမိတို့ကျောင်းအလိုက် စနစ်တကျ လိုက်ပါ ပို့ဆောင်နိုင်ရေးအတွက် လုံးပမ်းခဲ့ကြသော ကျောင်းသားများအား အစိုးရမှ မည်သည့် ယာဉ်ကိုမျ မငှားရဟူသော အမိန့်ကြောင့် ငှား၍ မဖြစ်ကြောင်း နေရာတိုင်းမှ ယဉ်ကျေးစွာ ငြင်းဆိုခဲ့ကြသည့် အဖြစ်ပင်။
သို့အတွက် ကျောင်းသားများက ရန်ကုန် ၀ိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်မှ ကျို က္ကဆံ ကွင်းအထိ လမ်းလျောက်ချီတက်ကြရန် ဆုံးဖြတ်ခဲ့ကြပေပြီ။ တက္ကသိုလ် ကောလိပ် အသီးသီးမှ ကျောင်းသားများက စုရပ်ဖြစ်ရာ ရန်ကုန် တက္ကသိုလ်သို့ နေရာအသီးသီးမှ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြသည်။ ထိုအချိန်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ ကျောင်းသားများက စုရပ်သို့ ဂျစ်ကား သုံးလေးစီးဖြင့် လော်စပီကာများ သယ်၍ ရောက်ရှိလာကြရာ အသင့်ရောက်ရှိနေကြသော ကျောင်းသားများက ၀မ်းသာမြူးတူးစွာ အော်ဟစ်အားပေးခဲ့ကြသည်။
ထိုကဲ့သို့ ကျောင်းသားများ မြူးတူးရွှင်ပြနေရခြင်းမှာ အခြားလေးနက်သော အကြောင်းတရပ်လည်း ရှိပေသေးသည်။ အခြားတော့မဟုတ်၊ သွေးစွန်းခဲ့ရသည့် ၁၉၆၂ ဂျူ လိုင် (၇) ရက် နောက်ပိုင်းတွင် ယခုကဲ့သို့ ပြန်လည် စုစည်းခွင့် ရခဲ့ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်သောကြောင့်ပင်တည်း။
ကျောင်းသားများက ချီတက်ရာ လမ်းတလျောက်တွင် လော်စပီကာမှတဆင့် လူထုကြီးအား ယခုကဲ့သို့ ခွင့်တောင်းပန်ကြားခဲ့ပေသည်။
"လေးစားရပါသော ရပ်မိရပ်ဖများခင်ဗျား၊.က္ဈန်တော်တို့ ကျောင်းသားများသည် ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်အား ဂါဝရပြု ရန် နှင့် သူ၏ နောက်ဆုံးခရီးအား လိုက်ပါ ပို့ဆောင်နိုင်ရန် သွားရောက်နေကြခြင်း ဖြစ်ပါတယ် ခင်ဗျာ"
လမ်းတလျောက်ရှိ လူထုကြီးကလည်း ကျောင်းသားများကို ကောင်းချီးပေးကြကာ အဖျော်ရေ များ ကမ်းလှမ်းခဲ့ကြသည်။
နေလည် ၁၂ နာရီ ကျော်ကျော် လေး တွင် ကျောင်းသားများ ကျိုက္ကဆံကွင်းသို့ ဆိုက်ရောက်လာခဲ့ကြသည်။ ပူပြင်းလှသော မွန်းတည့် နေရောင်အောက်တွင် ခ္ဈေးဒီးဒီးကျနေကြသော်လည်း မမှုမထားနိုင်ပဲ သတိအနေအထားဖြင့် လွမ်းသူပန်းခွေချကာ ငြိမ်းချမ်းရေး တရားရှင်ကြီးအား ငြိမ်သက်စွာ ဂါဝရ ပြု ခဲ့ကြသည်။
သံဃာတော်များက ရေစက်ချ အမျဝေ၍ ပရိတ်တရားများ ရွတ်ဖတ် သရဇ္ဇယ် နေခိုက်တွင်လည်း ငြိမ်သက်စွာ တရားနာယူခဲ့ကြသည်။
လာရောက်ကြသော လူထုကြီးကြောင့် ဖုန်တထောင်းထောင်း ထနေသည့် ကွင်းပြင်ကြီးအောက်တွင် အကာအရံမဲ့စွာဖြင့် ကမ္ဘာတ၀ှမ်းကားလေးစားတန်ဘိုးထားခဲ့သော နိုင်ငံကျက်သရေဆောင် သားကောင်းသားမြတ်ကြီး ၏ ရုပ်ကြွင်း လဲလျောင်းနေသည့် မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်လိုက်ကြရသော ကျောင်းသားများအဖို့ ရင်ထဲတွင် ဆို့နှင့်လာကြသည်။ ထို့အပြင် အစိုးရမင်းများထံမှ လွမ်းသူ ပန်းခွေကလေး တခုမျပင် ရောက်မလာသည့် အဖြစ်ကြောင့်လည်း ဒေါသများ အလိပ်လိုက် အလိပ်လိုက် ထွက်ပေါ်လာကာ ဘာကြောင့်လဲ ဘာအတွက် ဒီလို ပြစ်စလက်ခတ် စီစဉ်ရသလဲ ဟူသော မေးခွန်းများ အချင်းချင်း လက်တို့ မေးမြန်းကုန်ကြပေပြီ။
ကျောင်းသားများအကြား မကျေနပ်မှုများက တဖြေးဖြေး ပြင်းထန်လာကာ အခြေအနေများက တင်းမာလာလျက်ရှိသည်။ ထိုအချိန်တွင် ဒေါသကို မထိမ်းနိုင်သော ကျောင်းသားအချို .မှ ငြိမ်းချမ်းရေး ဖခင်ကြီး မြှုပ်နှံဘို့ ဂူဗိမာန် တခု ဖန်တီးကြမယ်။ ကျူ ပ်တို့ ဒါကို ဖြစ်အောင်လုပ်ကြရမယ်ဟု အော်ဟစ်လိုက်ကြရာမှ ကမ္ဘာ့ခေါါင်းဆောင်ကြီး တဦးဖြစ်ခဲ့သော ဗမာ့သားကောင်းကြီးအား နှောင်းလူတို့ အတုယူ.လေးစားတန်ဘိုး ထားတတ်ရန် ထိုက်တန်သော ဂူ ဗိမာန်ကြီးတခု တည်ဆောက် ထားရှိမှသာ သင့်တော်ပေမည်ဟု ကျောင်းသားများ သဘောပေါက်လာခဲ့ကြသည်။ အဆိုပါ အရေး အထမြောက်ရန် ကျောင်းသားများက မိမိတို့ဘာသာ လုံ့လထုတ်ကြမှသာ ဖြစ်မည်ဟု ထိုနေရာမှာပင် တညီတညွတ်တည်းဆုံးဖြတ်လိုက်ကြတော့သည်။
HSW
(ဆက်လက် ဖေါ်ပြ ပါမယ်) မငြိမ်းချမ်းခဲ့သော ငြိမ်းချမ်းရေး ဗိသုကာကြီး၏ နောက်ဆုံးခရီး (၂)

(ဆက်လက် ဖေါ်ပြ ပါမယ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment