Wednesday, July 8, 2015

“မဟုတ်တရုတ်မလုပ်နဲ့(၄)”===================

“မဟုတ်တရုတ်မလုပ်နဲ့(၄)”===================

ကလေးမ နာမည်က အေးအေးအောင်၊ အသက်က(၁၂)နှစ်၊ လုပ်သက်က(၁)နှစ်ကျော်၊ လုပ်ငန်းက သန့်ရှင်းရေးနှင့်ပန်းကန်ဆေး၊ လုပ်ငန်းခွင်က တရုတ်အထည်ဆိုင်။လခက တစ်သောင်းကျပ်။ ကြိုထုတ်ထားတဲ့ ခြောက်လစာပဲ ရရှိသေး။ နောက်ခြောက်လစာလုံးဝမပေး။မနက်အစောစာလုံးဝမကျွေး၊ နေ့လည်စာကို ညနေ ၃း၀၀ နာရီမှကျွေး။ ညနေ ၃း၀၀ နာရီမထိုးမချင်းတစ်နေကုန်ဘာမှမစားရ၊ ကော်ဖီတောင် မသောက်ရ။ ည ၁၀း၀၀ နာရီကျော်မှ ညစာစားရ။အိပ်ရတာက သမံတလင်း၊ အိပ်ရာခင်းက ပီနံအိတ်၊ စောင်မရှိ၊ ခေါင်းအုံးမရှိ၊ခြင်ထောင်မပါ၊ ခြင်ဆေးမပါ။ငါးနှစ်သမီးလေးကို ကျောင်းထားပေးမယ်လိမ်ခေါ်သွားပြီး အလုပ်တွေပဲဖိခိုင်းနေလို့ ကျောင်းပုံမှန်တက်ခွင့်မရ၊ ငါးနှစ်သမီးလေးကအေးအေးအောင်နှင့် ညီအစ်မအရင်း။အမေသေသွားတာ ၃-နှစ်ကျော်ပြီ အဖေက စစ်သား ကူမဲမြို့မှာနေ။အလုပ်ရှင်တွေက ဦးစိုင်းညီ+ဒေါ်နုနုဝင်း(ခ)မစိုး(ခ)အကျဲ။ ၆၂လမ်း၊ မနော်ဟာရီလမ်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမှာ YOSAWA ဖက်ရှင်အထည်ဆိုင်မှာနေ။ သမီးလေးတစ်ယောက်ရှိ။ဦးစိုင်းညီက ဗုဒ္ဓဘာသာ၊ အကျဲက ဘာသာမဲ့လိုလို ဘုရားမဲ့လိုလို။ဦးစိုင်းညီက အေးအေးအောင်ကို တစ်ခါတရံပါးရိုက်တာမျိုးရှိ။ ကင်းမြီးကောက်ထောင်ခိုင်းတာ သုံးကြိမ်တောင် ရှိ။အကျဲ(ခ)တရုတ်မက ပလာယာနှင့် လက်သည်းတွေခွါ၊ လက်ထိပ်တွေညှပ်၊ဆီးအိုးသွန်တာ နောက်ကျလို့ ဆီးတွေသောက်ခိုင်း၊ မသောက်လို့ ပါးစပ်ကိုပလာယာနှင့်ညှပ်ပြီး ပါးစပ်ထဲ ဆီးတွေလောင်းချ။ဦးခေါင်းကိုလည်း တွေ့ကရာထုလို့ ဦးထိပ်မှာ ဆံပင်တွေ ကွက်တိကွက်ကျားဖြစ်နေ။နောက်ဆုံးဒစ်ရာကရေနွေးပူလောင်းခံရတာ လက်မောင်းတွေမှာနောက်ကျောတွေမှာအရေပြားတွေ အပူလောင်ထားတာ မြင်ရက်စရာမရှိ။ထွက်ပြေးရင် လည်ပင်းသွေးကြောဖောက်ပြီး သတ်ပစ်မယ်ခြိမ်းခြောက်ထား၊ တစ်နှစ်သာကျော်လာတယ် ဘယ်သူနှင့်မှတွေ့ခွင့်မရ။ အော်ဟစ်အကူအညီမတောင်းနိုင်အောင်ပါးစပ်ကို တိပ်နှင့်ကပ်ထား။6.7.2015 ရက်နေ့ ည ၁း၀၀ နာရီကျော်မှာ ထမင်းဝယ်ခိုင်းလို့ ထမင်းဝယ်ရင်း အစ်မ မအိမွန်အိမ် ထွက်ပြေး လာခဲ့။ အစ်မ မအိမွန်အိမ်က၅၅ လမ်းမှာ ခုနစ်ပြတိတိခြေကျင်ထွက်ပြေးလာခဲ့ခြင်းဖြစ်။ညဆယ်နာရီကျော် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ယောက်တည်း အဖော်မပါဘဲ ထွက်ပြေးလာတဲ့ပုံ တွေးကြည့်နိုင်။အကြီးမ ထွက်ပြေးလာတော့ အငယ်မလေးကို ဖခင်ဦးခင်မောင်ဝင်းရှိရာ ကူမဲသို့ တရုတ်အကျဲ ကိုယ်တိုင်လာပို့ သွား။ ကျန် ခြောက်လစာတော့ ပေးမသွား။အခုတော့ အမှတ်(၁၁)ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပါပြီ။ (ပ)၂၆၇/၂၀၁၅။ ပုဒ်မ(၃၂၄)(၃၄၄)ပါ။ ညတွင်းချင်း ဆေးစာနှင့်သွားပြီး ဆေးရုံပြထားပါပြီ။ညီအစ်မ နှစ်ယောက်လုံးကို ကျောင်းထားပေးဖို့နှင့် အစစအရာရာ အကူအညီပေးဖို့ ပြင်ဆင်ပြီးပါပြီ။ကျုပ်တို့တိုင်းပည်မှာ ကျုပ်တို့ဗမာတွေဒီအတိုင်းပဲ အနှိမ်ခံဘဝနှင့်နေသွားကြတော့မှာလားဗျာ......။အရင်တစ်ခါလည်း တရုတ်အိမ်က အိမ်ဖော်တစ်ယောက် အိမ်မှာ အပေါ့အပါသွားခွင့်မရလို့ အများသုံးအိမ်သာတန်းဆီ အဝေးကြီးသွားပြီး အိမ်သာတက်ရတယ်လို့ လျှောက်ဖူးတာ ကြုံခဲ့ရတယ်။နောက်တစ်ယောက်က အိမ်သာကို ဘရပ်ရှ်ဖြင့်ဆေးတာ မပြောင်လို့ လက်နှင့်နှိုက်ပြီး ဆေးခိုင်းလို့ နေ့စဉ်လက်နှင့်ပဲ ဆေးခဲ့ရတယ်လို့ ကန်ကြီးကုန်းသတင်းစာရှင်းလင်းပွဲမှာ ကာယကံရှင်ကိုယ်တိုင် ရင်ဖွင့်တာကြုံခဲ့ရတယ်။အဲဒီလို လူမဆန်တဲ့ တရုတ်တွေရှိရင် သတင်းပို့ကြပါဗျာ။ ကျောင်းမှန်ကန်မှန်းသိအောင် ကောင်းကောင်းကြီး ဆုံးမပြလိုက်မယ်။(တိုင်စာပူးတွဲတင်ပြလိုက်ပါတယ်။)ဝီရသူ(မစိုးရိမ်)8.7.2015AM 1:15==========================================================သို့စခန်းမှူးအမှတ်(၁၁)နယ်မြေရဲစခန်းရက်စွဲ၊ ၇.၇.၂၀၁၅အကြောင်းအရာ။ ။ အမှုဖွင့်အရေးယူပေးပါရန် တိုင်ကြားခြင်း။မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊(ဇဇ-၆)၊ ထွန်တုံးရပ်ကွက်၊ ၅၅လမ်း၊ အနောက်ချောင်းကျူးတဲတွင် နေထိုင်သည့် ကျွန်မ မအိမွန်(ဘ)ဦးခင်မောင်ဝင်း၊ ဗမာ/ဗုဒ္ဓ၊ မှီခိုနေထိုင်သူမှ ရိုသေစွာ တိုင်တန်းပါသည်။ကျွန်မ၏ ညီမအရင်းတော်စပ်သူ မအေးအေးအောင်(၁၂)နှစ်အား လွန်ခဲ့သော ၂၀၁၄ ခုနှစ်(၆)လပိုင်းခန့်မှစ၍ YOSAWA Fashionအဝတ်အထည်ဆိုင်ပိုင်ရှင် အကျဲ(ခ)မစိုး(ခ)ဒေါ်နုနုဝင်းထံသို့(၁)လလျှင် တစ်သောင်းကျပ်နှုံးဖြင့် ဆိုင်ဝန်ထမ်းအကူခန့်အပ်ထားခဲ့ပြီးနောက် ညီမဖြစ်သူ မအေးအေးအောင်၏ ပြောပြချက်အရ(၁)လခန့်ကြာသည့်အချိန်မှစ၍ မအေးအေးအောင်အားအရွယ်နှင့်မမျှသော ကြမ်းတမ်းသော လုပ်ငန်းများစွာအား မညှာမတာခိုင်းခဲ့ပြီး နေ့စဉ်နှင့်အမျှရိုက်နှက်နှိပ်စက်ခြင်းများပြုလုပ်ပါသည်။ ထိုကဲ့သို့ ပြုလုပ်မှုများအား မည်သူကိုမျှပြန်မပြောရန် ခြိမ်းခြောက်ငေါက်ငမ်းထားပြီး အိမ်ထဲမှ အိမ်အပြင်သို့ ထွက်ခွင့်လုံး ဝမပေးခဲ့ပါ။ မိသားစုနှင့်လည်း လုံးဝဆက်သွယ်ခွင့် တွေ့ဆုံခွင့်ပေးခဲ့ခြင်းလည်းမရှိပါ။ လုပ်ငန်းခိုင်းသည့်အခါ အသက်အရွယ်နှင့်မမျှတသော လုပ်ငန်းများကိုခိုင်းသည့်အတွက်မအေးအေးအောင်အနေဖြင့် နိုင်နင်းအောင် မလုပ်နိုင်သည့်အခါမျိုးတွင် လက်သည်းများအား ပလယာနှင့်ဆွဲခွာခြင်း၊ နားနှင့်ကုတ်သားများအားလည်း ပလာယာနှင့်ဆွဲခြင်း၊ ဒဏ်ရာအနာတရသွေးထွက်သည်အထိ လက်သည်းများနှင့် ဆိတ်ဖဲ့ခြင်းများကို ဆိုင်ရှင်ဒေါ်နုနုဝင်းနှင့် ခင်ပွန်းဖြစ်သူ ဦးစိုင်းညီတို့မှ မကြာခဏ ညှင်းပန်းနှိပ်စက်မှုမျိုးများပြုလုပ်သည်။ အစားအသောက်များအား ပုံမှန်မကြွေးခြင်း၊ မျက်နှာအားလက်သည်းများနှင့် ကုတ်ဖဲ့ခြင်းများ၊ အိမ်လှေကား ပေါ်မှ တွန်းချခြင်းများလည်းပြုလုပ်ခဲ့သည့်အတွက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါသည်။ ဒေါ်နုနုဝင်းတို့ဇနီးမောင်နှံ(၂)ဦးမှ ထိုသို့ညှင်းပန်းနှိပ်စက်မှုများပြုလုပ်သည်ကို အခြားသူများအား ပြောပြခြင်း၊ နေအိမ်မှထွက်ပြေးခြင်းများပြုလုပ်ပါက လည်ပင်းရှိသွေးကြောများအား ဖောက်ပြီးသတ်ပစ်မည်ဟု ကလေး ငယ်အားခြိမ်းခြောက်ထားပြီး ယနေ့ အချိန်ထိမည်သူနှင့်မျှ ပေးတွေ့ခြင်းလည်းမရှိပါ။ ကလေးငယ်အား ဒေါ်နုနုဝင်းမှ ၄င်းတို့အိမ်ခန်းအတွင်းရှိ အပေါ့စွန့်ထားသော ဆီးအိုးအား နေ့စဉ်သွန်ခိုင်းခြင်း၊ လုပ်ငန်းများမအား သည့်အတွက် ကလေးငယ်မှ ထိုဆီးအိုးအား သွန်ရန်နောက်ကျသည့်အခါတွင် ထိုဆီးအိုးအတွင်းရှိ ဆီးများအား ကလေးအားသောက်ခိုင်းခြင်း၊ ရုန်းကန်းငြင်းဆန်သည့်အခါ ပါးစပ်ကိုပလာယာနှင့်ညှပ်၍လောင်းချခြင်း၊ အနီးနားတွင်ရှိ မာသောအရာဝတ္ထုများနှင့် ဦးခေါင်းအားထုသဖြင့် မကြာခဏ ဦးခေါင်းပေါက်မြဲဒဏ်ရာရရှိသည့်အခါ ဆေးဝါးကုသပေးခြင်းမျိုးမရှိဘဲ ပစ်ထားပါသည်။ လွန်ခဲ့သော(၁၅)ရက်(၁၆)ရက်ခန့်တွင် မအေးအေး အောင်အား အစားအသောက်ပုံမှန်မကြွေးသည့်အတွက် ဗိုက်ဆာသဖြင့် ဒေါ်နုနုဝင်းတို့ဝယ်ယူထားသည့် နို့ဆီအားနှိက်စားမိသည့်အတွက် ဒေါ်နုနုဝင်းမှ ကော်ဖီဖျော်သည့်ရေနွေးပူဖြင့် တစ်ကိုယ်လုံးအားလှမ်းပက်သဖြင့် အရေခွံများပူလောင်စုတ်ပြဲခြင်း၊ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသည်။ မအေးအေးအောင်၏ အသက်အရွယ်မှာ(၁၂)အရွယ်သာရှိသေးသည့်ငယ်ရွယ်နုနယ်လွန်းသော ကလေးငယ်တစ်ဦးဖြစ်သည့် အတွက် ၄င်းအပေါ်တွင် ပြုလုပ်ကျူးလွန်ထားသော ဒဏ်ရာများမှာ အသက်အရွယ်နှင့်မမျှအောင် ကိုယ်ခန္ဓာအနှံ့အပြား၌ အမာရွတ်များစွဲထင်ကျန်ရစ်နေပြီးစိတ်ဓာတ်ပိုင်းဆိုင်ရာအရ ချို့ယွင်းချက်များနောင် တစ်ချိန်တွင် ဖ်ြစပေါ်လာနိုင်သည့်အတွက် အသက်အရွယ်ငယ်ရွယ်လွန်းလှသည့် ကလေးငယ်တစ်ဦးအား သားသမီးခြင်းမစာနာ လူသားခြင်းစာနာစိတ်လုံးဝမရှိသဖြင့် မန္တလေးမြို့ရှိ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့စုရုံး၊ မြို့သစ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ ဥက္ကဋ္ဌကြီးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ညိုဝင်းနှင့်ဒေါ်ခင်ဆွေဦးအား လူကိုယ်တိုင်သွားရောက်တိုင်တန်းသည့်အပြင် ကျွန်မ၏ညီအစ်မ အရင်း မအေးအေးအောင်အပေါ် ဥပဒေမဲ့ညှင်းပန်းနှိပ်စက်ရိုက်နှက်သည့် ဆိုင်ပိုင်ရှင် အကျဲ(ခ)မစိုး(ခ)ဒေါ်နုနုဝင်းနှင့် ၄င်း၏ခင်ပွန်းဖြစ်သူ ကိုစိုင်းညီတို့အား ထိရောက်ပြင်းထန်စွာ အရေးယူပေးပါရန် တိုင်ကြားအပ် ပါသည်။တိုင်တန်းသူမအိမွန်(ဘ)ဦးခင်မောင်ဝင်းဖုန်း-၀၉-၇၉၇၇၃၈

No comments: