Wednesday, July 15, 2015

စာဖတ်ကြပါ***

စာဖတ်ကြပါ*** ===== ဒေါ်အောင်ဆန်းစုကြည် အမြဲပြောသည် စာဖတ်ကြပါ။ ပြည်သူတွေကိုစာဖတ်ကြပါ သူမအမြဲပြောသလို သူမလည်းအမြဲစာဖတ်သည်။ စာဖတ်တယ်ဆိုတာ ကောင်းတယ်ပြောပေမဲ့ အကျိုးရှိမဲ့စာပေတွေကိုတော့ ဖတ်ရပေမပေါ့နော် အများအားဖြင့် ကျွန်မတို့မြန်မာလူမျိုးတွေဟာ စာဖတ်အားနည်းကြပါတယ် အဓိကကတော့ တိုင်းပြည်ကဆင်းရဲလို့ပါပဲ။ တိုင်းပြည်ဆင်းရဲလို့ ပြည်သူကမွဲတယ် အတန်းပညာအဆုံးထိမသင်နိုင်ပါ ကျောင်းကထွက် ဘဝတက္ကသိုလ်ဆိုတာကြီးကိုတက်ကြ ရပါတယ်။ ဘဝတက္ကသိုလ်ထဲမှာရုန်းကန်ရင်းနဲ့ အသိပညာ ဗဟုသုတဆိုတာက ဖတ်ဖို့ လေ့လာဖို့အလှမ်းဝေးသွားကြရပါ တယ်။ တချို့ကြတော့လည်းပညာတွေသင်ယူနေ ကြပေမဲ့အတန်းစာကလွဲ ဘာမှစိတ်မဝင်စားသူလည်းရှိကြပါတယ်။ သူတပါးပြောတော့ဘာမှမသိ တောင်ကြည့် မြောက်ကြည့် သူများပြောဟုတ်နိုးနိုး ယုံတတ်ကြတယ်။ ကျောင်းပြီးဘွဲ့ရ အိမ်ထောင်ကျ အပြင်ဗဟုသုတဆိုတာကဝေး စာဝတ်နေရေးဖွေရှာပေးနေရတာနဲ့ တိုင်းရေး ပြည်ရေးတွေကို မိမိ မိသားစုအရေးထက် ဘယ်သူ့မှကြည့် နိုင်တာမဟုတ်ပါ။ ဘဝတွေကိုရုန်းကန်ရှာဖွေရင်းနဲ့ ဘယ်အစိုးရတွေဘယ်လိုမကောင်းကောင်း မိသားစုအတွက်ကိုအံတင်းတင့်စေ့ပြီး ရှာဖွေနေကြရတာအမြင်ပါ။ မိုးဘာကြောင့်ရွာရတယ် ဖားအော်လို့ရွာရတယ် ဖားဘာကြောင့်အော်ရတယ် မြွေကိုက်လို့အော်ရတယ်ဆိုသလို ပြည်သူတွေ မိမိတို့ဘဝတွေ ဒီလိုဘဝရောက်နေ ရခြင်းကိုအဖြေရှာဖို့ထက် မိသားစုအဆင်ပြေရေးကို ပဲလုံးပန်းနေကြရတာဖြစ်ပါတယ်။ မိသားစုနဲ့ခွဲ ရေခြားမြေခြား အန္တရယ်ကြားမှာနေပြီး သူတပါးတိုင်းပြည်မှာမျက်နှာငုံ့ပြီးလုပ် နေကြရတဲ့မြန်မာပြည်ကလုပ်သားတွေ… စဉ်းစားကြပါ ဘဝကိုလွယ်လွယ်မဖြတ်သန်းကြပါနဲ့။ အရက်သောက် ဖဲရိုက်နေမဲ့အစား တန်ဖိုးရှိတဲ့အချိန်တွေမှာဖတ်နိုင်သမျှ အသိပညာတိုးမဲ့စာလေးတွေကိုဖတ်ကြ ပါ။ စာဖတ်ခြင်းဟာ သင့်ရဲ့လူနေမှုအဆင့်အတန်း အသိပညာ နဲ့ဆင်ခြင်တုံတရားတို့ကို ရရှိစေလာမှာဖြစ်ပါတယ်။ ပြောတိုင်းယုံတတ်တဲ့သူတွေဟာ စာမဖတ်ကြလို့ပါ။ တိုင်းပြည်ကမွဲ လူဆင်းရဲ စာလည်းမတတ် စာမဖတ် စာမဖတ်တော့ ပြောတိုင်းယုံ ဆင်ခြင်တုံတရားနည်းရသည်။ ဒီနေ့မြန်မာပြည်မှာ သွေးခွဲခြင်တိုင်းခွဲပြီး ဘာသာရေးမှိုင်း လူမျိုးရေးမှိုင်းတွေရဲ့ ဝါဒမှိုင်းတွေကိုမိသူတော်တော်များများ ဟာ အသိပညာ ဗဟုသုတနည်းပြီး ဆင်ခြင်တုံတရားနည်းသူတွေအတော် များကြတာကိုတွေ့ကြရပါတယ် မြန်မာပြည်ရဲ့တောလက်ကျေးရွာ အတော်များများဟာ စာဖတ်နိုင်ကြဖို့နေနေသာ သတင်းစာတစောင် ဂျာနယ်တစောင် နေ့စဉ် ဝယ်ဖတ်ကြဖို့ထက် ထမင်းနပ်မှန်ရေးအတွက်ကျိုးစားရှာဖွေ လုပ်ကိုင်နေကြရသူများဖြစ်ပါတယ် မိမိတို့ဘဝတွေ တစထက် တစ ပိုမိုကြပ်တည်းလာကြရ တာကိုသိကြတယ် ဒါဟာ ဘာကြောင့်လည်းဆိုတာကို တချို့သောသူတွေကသိကြသလို တချို့သောသူတွေကညဏ်မှီအောင်မတွေး နိုင်ကြသူတွေလည်းရှိကြပါတယ်။ ၂၀၁၂ရွေးကောက်ပွဲအပြီးမှာ မြန်မာပြည်ရဲ့ကျေးလက်တောရွာတွေက တောသူ တောင်သားတွေဟာ ဟိုးးးယခင် ၁၉၉၀ပြည့်ကလို ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားရှိတဲ့ယုံကြည်တချို့ဟာ သွေးခွဲလှုံ့ဆော်မှုတချို့တို့ကြောင့် သူတို့အသိတွေ ဝေဝါးသွားကြရသည်။ သူတို့အဲ့လိုဖြစ်သွားရတာကိုအပြစ်မတင် လိုပါ အဲ့လိုမျိုးအသိတွေတွေကို ပြည်သူတွေဆီ massage တွေအမှားပေးသော လူတစုကြောင့်ဖြစ်ပေသည်။ ဒါ့ကြောင့် ပြောတိုင်းယုံ မသိလည်းယုံ မမြင်လည်းယုံနေကြရတဲ့ဘဝတွေကနေ လွတ်ကင်းချင်ကြတယ်ဆိုပါရင် စာဖတ်ကြပါ စာဖတ်ခြင်းဟာ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်ခံယူချက် ကိုယ်ပိုင် ယုံကြည်ချက်တို့ဖြစ်ပေါ်လာ မည်မှာ မလွဲမသွေဧကန်ရကြပေမည်။ ကျေးဇူးတင်ပါသည် အားလုံးကိုလေးစားစွာဖြင့်

No comments: