မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 10, 2015
ဦးအောင်သောင်း နာမကျန်းမဖြစ်ခင် နောက်ဆုံးအချိန်က ဘာတွေပြောခဲ့သလဲ =============================================
ဦးအောင်သောင်း နာမကျန်းမဖြစ်ခင် နောက်ဆုံးအချိန်က ဘာတွေပြောခဲ့သလဲ
=============================================
လက်ရှိပြည်ခိုင်ဖြိုးပါတီရဲ့ အတိုင်ပင်ခံ ဦးအောင်သောင်းဟာ (၈.၇.၂၀၁၅) ဗုဒ္ဓဟူး ည ၁၂ နာရီခန့်က သူ့ရဲ့ နေပြည်တော်အိမ်မှာ ရုတ်တရက် သတိလစ် သွားခဲ့ပါတယ်။
ဘယ်လိုမှ သတိပြန်မလည်တာကြောင့်၊ (၉.၇.၂၀၁၅) ရက်နေ့ မနက်ပိုင်းက
စင်ကာပူ ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေလျက်ရှိပါတယ်။
ယခုနေ့လယ်ပိုင်းအထိ စစ်ဆေးကုသနေရဆဲဖြစ်ပြီး သတိပြန်မရသေးတာကြောင့်
အသေးစိပ်ကို ထုတ်ပြန်လို့မရသေး
ဘူးလို့ သူ့မိသားစုဝင်တစ်ဦးက ရန်ကုန်မီဒီယာဂရု(ပ်)ကို ပြောကြားခဲ့ပါတယ်။
ဦးအောင်သောင်း ယင်းကဲ့သို့ နာမကျန်းမဖြစ်ခင်နောက်ဆုံးအချိန်များက ရန်ကုန်မီဒီယာ ဂရု(ပ်)မှ လတ်တလောနိုင်ငံရေးအခြေအနေများနဲ့ ထိပ်တန်း သိချင်ဖွယ် ကိစ္စတချို့ကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
၎င်းတွေ့ဆုံခြင်းအား ရန်ကုန်တိုင်းဂျာနယ် အတွဲ (၁၁)၊ အမှတ် (၂၆) ယနေ့ ထုတ်တွင် ပါရှိသည့်အတိုင်း မချွင်းမချန် ဖော်ပြပေးလိုက်ရပါသည်။
*********************************************
ပြည်ခိုင်ဖြိုးပါတီ အတိုင်ပင်ခံ ဦးအောင်သောင်းနှင့်တွေ့ဆုံခြင်း။
=========================================
ကျွန်တော်ဟာ ရစရာဆိုလို့ ပါးစပ်ပဲရှိတယ်

- ကျော်စိုးဦးတွေ့ဆုံမေးမြန်းသည်။
၂၀၁၅ ရွေးကောက်ပွဲဝင်မည့် အင်န်အယ်လ် ဒီပါတီကိုယ်စားလှယ်လောင်းများ ပိုင် ဆိုင်မှုတင်ပြရမည်ဟု ဒေါ်အောင်ဆန်း စုကြည်ကဆိုသည်။
ယင်းအနေအထားတွင် ပြည်သူများက အာဏာရပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ၏ပိုင်ဆိုင်မှုကိုစိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။
ထို့အပြင် ဖွဲ့ စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ကျောင်းသားဆန္ဒပြ ပွဲများယခုရက်ပိုင်းတွင်ပေါ်ပေါက်ခဲ့ရာ ရွေးကောက်ပွဲမ တည်မငြိမ်ဖြစ်လာမည်ကို ပြည်သူများက စိုးရိမ်ပူပန်နေ ကြသည်။
ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ပြည်ခိုင် ဖြိုးပါတီ အတိုင်ပင်ခံဦးအောင်သောင်းအား သူ၏နေအိမ်တွင် ရန်ကုန် တိုင်းမ်ဂျာနယ်မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး - NLD
ပါတီကရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေကို ပိုင်ဆိုင်မှုစာရင်း လူထုကိုချပြရမယ် လို့ပြောဆိုထားတော့ ပြည်ခိုင်ဖြိုးပါတီကရော အဲဒီလိုချ ပြသွားဖို့အစီအစဉ်ရှိပါသလားသိပါရစေ။
ဖြေ -
ကျွန်တော့်အမြင်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။
ဘာမှရစရာအကြောင်းလည်း မရှိဘူး။
ဒါကတော့ ကျွန်တော်ထင်တယ် အခက်အခဲဖြစ် လိမ့်မယ်လို့ထင်ပါတယ်။
ကျွန်တော်တို့က အစိုးရဌာနတွေ မှာ
တာဝန်ယူတဲ့ဝန်ကြီးဖြစ်တဲ့သူ၊
ဒုဝန်ကြီးဖြစ်တဲ့သူတွေက တင်ရမှာလေ။
ဥပဒေမှာလည်းပြဋ္ဌာန်းထားတယ်။
အဲဒီ အချိန်မှလိုတယ်လို့ထင်တယ်။
ကျန်တဲ့အချိန်မှာမလိုဘူး လို့ထင်တယ်။
ဘာကြောင့်လဲဆိုတော့
ကျွန်တော်တို့လွှတ် တော်ကိုယ်စားလှယ်တွေက အာဏာလည်းမရှိဘူး။
လုပ် ပိုင်ခွင့်လည်းမရှိဘူး။
ဥပဒေပြုခွင့်၊ ဆွေးနွေးခွင့်အမှန်အ တိုင်းပြောရရင် ကျွန်တော်ဟာရစရာဆို
လို့ ပါးစပ်ပဲရှိတယ်။
ဒီပါးစပ်ပဲရှိတယ်။
တခြားဘာမှမရှိလို့ လွှတ်တော်ကိုယ်
စား လှယ်အနေနဲ့က ဘာမှမလိုဘူးလို့ထင်
တယ်။
ဒါက ကျွန် တော့်အမြင်ပါ။
သို့သော် ပါတီတစ်ခုအနေနဲ့ကတော့
နိုင်ငံ ရေးကစားကွက်အနေနဲ့ ဆောင်ရွက်ကောင်းဆောင်ရွက် မှာပါ။
ဒါကိုမဝေဖန်လိုပါဘူး။
မေး -
ပြည်သူတွေကြားမှာ ဒီပဲယင်းအရေးနဲ့ပတ်သက်ပြီး
အန် ကယ့်ကို ကြိုးကိုင်သူအဖြစ် ပြောဆိုဝေဖန်နေတာတွေရှိပါ တယ်။
အဲဒါနဲ့ပတ်သက်ပြီးဘာများပြောချင်ပါသလဲ။
ဖြေ -
ကျွန်တော့်ကို သူတို့က တစ်ဖက်သတ်စွပ်စွဲခဲ့ကြတာ ပါ။
တချို့နိုင်ငံရေးအမြင်မှားသူတွေက ဒါစွပ်စွဲတာတွေပါ။
ကျွန်တော်က ဒီဘက်မှာတက်တက်ကြွကြွလုပ် တော့စွပ်စွဲပြီး သိက္ခာကျအောင်လုပ်တဲ့သဘော တွေလည်းရှိတယ်။
အားလုံးတောက် လျှောက်စွပ်စွဲနေတာ။
အဲဒီမှာမပါဘူးဆို တာကိုလည်း တောက်လျှောက်ပြောခဲ့ တယ်။
ဒါကိုလည်း ဦးခင်ညွန့်က ဘယ် သူတွေပါတယ်ဆိုတာကို သူ့စာအုပ် မှာထုတ်ပြန်ပြီးဖြစ်တယ်။
အဲဒီမှာ လုံးဝမပတ်သက်ပါဘူး။
သိလည်းမ သိဘူး။
သိနိုင်ခွင့်ရှိတဲ့သူလည်း မဟုတ်ဘူး။
ဦးခင်ညွန့်စာအုပ်ကို ဖတ်ကြည့်လိုက်ပါ။
အ မှန်အတိုင်းရေးထားတာပါ။
ကျန်တဲ့ကိစ္စတွေလည်းရှိပါ တယ်။
စွပ်စွဲထားတာပါ။
ဒါကမလိုတမာတွေနဲ့စွပ်စွဲတာပါ။
မေး -
ကျောင်းသားသပိတ်စစ်ကြောင်း မန္တလေးကနေချီတက်လာ တုန်းက တောင်သာမြို့ပြင် နန်းမြင့်တောင်ကြား
မှာ အဝိုင်း ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အန်ကယ်ပါဝင်ပတ်သက်မှုရှိ တယ်လို့ပြောဆိုနေမှုတွေကိုရော ဘာများတုံ့ပြန်ချင်ပါသလဲ။
ဖြေ -
ဒါမမှန်ပါဘူး။
ဘုန်းကြီးနဲ့လူထုပါပဲ။
အထောက်အ ကူပြုအဖွဲ့တွေပါ။ တမင်တကာအထင်လွဲနေတာဖြစ်ပါ
တယ်။ သူတို့ကိုယ်တိုင်သွားချင်လည်း
သွား၊ နေချင်လည်း နေပါ။
တစ်ယောက်ယောက်ကနေ
ခဲနဲ့ပေါက်လည်း ကျွန် တော်ကစီစဉ်တယ်လို့ပြောနိုင်တယ်။
တစ်ယောက်ယောက် က
ရေနဲ့ပဲပက်ပက်၊ သဲနဲ့ပဲပက်ပက်ကျွန်တော်လို့ပြောနိုင်
တယ်။ ဒီလိုပြောနိုင်လို့ ဘာမှမလုပ်ကြပါနဲ့။
သူတို့အိပ်မယ် ဆိုရင် ကောင်းကောင်းမွန်မွန်အိပ်ကြပါစေ။
ထမင်းကျွေး စရာရှိလည်းကျွေးလိုက်ပါ။
အခြားသူတွေက လာပြီးတော့ ထင်ယောင်ထင်မှားမလုပ်နိုင်အောင်လာပြီး ကာကွယ်ပေး လိုက်ပါလို့ ကျွန်တော်က အဲဒီလိုညွှန်ကြားခဲ့ ပါတယ်။
ဒါဆိုရင် ကျွန်တော်ကဘာ သဘောလဲဆိုတာသိပါတယ်။
မေး -
အန်ကယ့်အနေနဲ့ လာမယ့်ရွေး ကောက်ပွဲမှာကိုယ်စားလှယ် ဝင်အရွေး
ခံပြီး အရင်တုန်းက လိုဝန်ကြီးတာဝန်တွေ ရယူ သွားဖို့အစီအစဉ်ရှိပါသလား။
ဖြေ -
ကျွန်တော့်အနေနဲ့ကတော့ ၂ဝ၁ဝကတည်းက ဝင် မရွေးဘူးလို့ ပြောထားပါတယ်။
ရွေးပါဆိုလို့ ၂ဝ၁ဝမှာ ရွေးခဲ့တာဖြစ်တယ်။
ကျွန် တော့်နယ် ကျွန်တော့်ဒေသမှာ ပထမဆုံးဖြစ်လာတော့ ဖွံ့ဖြိုးရေးကိုအနှစ် ၂ဝကျော်တိုင် ဆောင်ရွက်နေတာဖြစ်တယ်။
ကျွန်တော်ဘာရာထူးမှလဲ မယူဘူး။
ဘာရာထူးမှလဲ မလိုချင်ဘူး။
လွှတ်တော်မှာတောင် ဘာတာဝန်မှမယူဘူးလို့ စောစောပိုင်းကပြောထားတယ်။
အခြေအနေတွေက မယူမဖြစ်လို့ယူခဲ့ရတယ်။
အခုလဲ ကျွန်တော်အာဏာယူဖို့ ရာထူးယူဖို့လုံးဝအစီအစဉ်မရှိပါဘူး။
ကျွန်တော့်အသက်အရွယ်လဲရတယ်။
ကျန်းမာရေး ကောင်းပါတယ်။ ဝင်ရွေးဖို့မရွေးဖို့မသေချာပါဘူး။
အဲဒီ အစီအစဉ်သိပ်မရှိပါဘူး။
မေး -
ကျောင်းသားတွေက လွှတ်တော်မှာရှိတဲ့တပ်မတော်သား ၂၅ရာခိုင်နှုန်းထွက်ခွာပေးရေးတောင်း
ဆိုမှုတွေအပေါ်မှာ အန်ကယ့်သဘောထားသိပါရစေ။
ဖြေ -
ဒါက ဒီလိုတိုက်ရိုက်အနေနဲ့
တပ်မတော်ကို စွပ်စွဲ လို့မရပါဘူး။
သူပါချင်လို့ပါတာမဟုတ်ဘူး။
အခြေခံဥပဒေ ကပါဝင်ခွင့်ရှိလို့ပါတာပါ။
သူတို့ပြောရမှာ အခြေခံဥပဒေ ကိုပြောပါ။
အခြေခံဥပဒေပြင်ဖို့ကိုသာပြောပါ။
အ ခြေခံဥပဒေအရပါခွင့်ရှိတဲ့တပ်မတော်
ကို ဘာမှ စွပ်စွဲပြောဆိုစရာမလိုပါဘူး။
ဒါက မရိုးသားပါ ဘူး။
သူတို့ပြောရမှာက တစ်အချက်ကိုပါ။
နှစ် ကိုပြောစရာမလိုပါဘူး။
တစ်ကအခြေခံဥပဒေ ပြင်ဆင်ရေးပါ။
အခြေခံဥပဒေကပါခွင့်မရှိ ရင် တပ်က
မပါဘူး။
အခြေခံဥပဒေအရပါခွင့် ရှိလို့ပါတယ်။
ဒါကအဆင့်ကျော်ပြီးဖြစ်နေ တယ်လို့ယူဆပါတယ်။
ပြင်ဆင်ရေးကိုသာလျှင် ဆန္ဒထုတ်ဖော်လို့ရပါတယ်။
တိုက်တွန်းလို့ရပါတယ်။
တွန်းအား၊
ဖိအားပေးလို့ရတယ်။
ကျော်ပြီးလုပ် တယ်လို့ထင်ပါတယ်။
ခင်ဗျားစဉ်းစားကြည့် လေ။
ခင်ဗျားဒီကိုလာတာ ကျွန်တော်
ခွင့်ပြုလို့ ပါ။
ခင်ဗျားလာရကောင်းမလားဆိုပြီး
ဝေဖန် လို့မရဘူး။
ဝေဖန်ချင်ရင် ကျွန်တော့်ကိုဝေဖန်ပါ။
ဘာလို့လက်ခံတာလဲဆိုရင်
ကျွန်တော်ရှင်းပြ မယ်။
အခြေခံဥပဒေကိုပဲပြင်ဖို့လိုတယ်။
အခြေခံ ဥပဒေအရပါတာ။
သေနတ်နဲ့ခြိမ်းခြောက်ပြီး လာတာမဟုတ်ဘူး။
ဒါကတော့ သူတို့ကိုယ် တိုင်နေတာပါ
အခြေခံဥပဒေအရ ခွင့်မပြုရင် သူတို့ပြင်မှာပါ။
အခြေခံဥပဒေ ရအောင်ပြင် လေ။
တိုက်တွန်းပေါ့၊
ဆန္ဒပြပေါ့၊
ဒါကတော့ လုပ်သင့်တယ်လို့ထင်တယ်။
မေး -
ပညာရေးဥပဒေကြမ်းဆန္ဒပြပွဲကြောင့်
အချုပ် ထဲ ရောက်နေတဲ့ကျောင်းသားတွေ ပြန်လည် လွတ်မြောက်ဖို့ တောင်းဆိုနေမှုအပေါ်မှာရော အန်ကယ်ဘာများပြောချင်ပါသလဲ။
ဖြေ - ဒါကတော့ ကျွန်တော်လည်း သူတို့ဘယ် လိုအဓိပ္ပာယ် ဘယ်လိုဥပဒေတွေနဲ့ ဆောင် ရွက်နေတယ်ဆိုတာကို ဥပဒေရဲ့အတိမ်အနက် တွေကိုမသိပါဘူး။ ဒီလောက်လည်းနားမလည် ပါဘူး။
ဒါကိုတော့ ကျွန်တော်ဝင်ပြီးတော့ မလေ့ လာဘူး။
သတင်းကိုတော့ နားထောင်နေပါ တယ်။
အဲဒီကနေ မတည်မငြိမ်ဖြစ်တာတော့ မဖြစ်စေချင်ဘူး။
ကျောင်းသားတွေက ကျောင်း ခန်းထဲ
မှာ နေရမှာဖြစ်တဲ့အတွက် ကျောင်း ဆက်တက်ဖို့၊ ပညာဆက်သင်ဖို့ အခွင့်အလမ်း ပေးဖို့သင့်ပါတယ်။
မြန်မြန်လေးဆောင်ရွက်ပြီး အောင်လုပ်သင့်တယ်လို့ ထင်ပါတယ်။
မေး -
နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပေါ် ပုဂ္ဂိုလ်ရေးအရ အန်ကယ်ဘယ်လိုမြင် ပါသလဲ။
ဖြေ -
သူကလည်းပဲ ဗိုလ်ချုပ်သမီးလည်းဖြစ်
တယ်။
သူက နိုင်ငံရေးလည်းနားလည်တယ်။
ဥာဏ်လည်းကောင်းတယ်။
ထက်မြက်တယ်။
နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့တယ်။
ကျွန်တော့် အနေနဲ့ကတော့ အရည်အချင်းရှိသူလို့မြင်ပါ တယ်။
ခုလို ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။ ဦးအောင်သောင်း နာမကျန်းမဖြစ်ခင် နောက်ဆုံးအချိန်က ဘာတွေပြောခဲ့သလဲ

ခုလို ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။
#TheYangonTimes
https://www.facebook.com/yangonmediagroup
Subscribe to:
Post Comments (Atom)
No comments:
Post a Comment