မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 10, 2015
ဗိုလ်ကြီး အုန်းကျော်မြင့်အကြောင်းသိလိုသူ တွေအတွက်** **
ဗိုလ်ကြီး အုန်းကျော်မြင့်အကြောင်းသိလိုသူ
တွေအတွက်**
**
ဂျာမနီမှာတော့ စတီဖင် ဘတ် ဆိုတာ ရှိခဲ့ဖူးတယ် ။
သူကတော့ ကိုယ်တိုင် ဗုံးထောင်
ဟစ်တလာကို လုပ်ကြံတာ ။
တကယ်တမ်း
သူ့နောက်မှာ သမ္ဘာရင့်အချို့လည်း
ပါဝင်ပါတယ်။
မအောင်မြင်ခဲ့လို့သာပေါ့ ။
အဓိက ရည်ရွယ်ချက်က
ဒုတိယကမ္ဘာစစ်
ဦးတည်နေတဲ့ ဂျာမန်ခေါင်းဆောင်တွေနဲ့ သူတို့ပေါ်လစီကို ပျက် စေချင်တာပါ ။
သူတို့သာ အောင်မြင်ခဲ့ရင်
ဒုတိယကမ္ဘာစစ် မဖြစ်တော့ဘူး ။
လူသန်း ၅၀ မသေတော့ဘူး ။
မြို့ကြီးပြကြီးပေါင်းများစွာ ရွားရွားမကျေတော့ဘူးပေါ့။
စစ်ကြီးအပြီး နောက်ဆက်တွဲ ကပ်ကြီးတွေလည်း မဆိုက်တော့ဘူးပေါ့ ။
မြန်မာပြည်မှာလည်း
အာဏာရှင်စနစ်ကို မကြိုက်လို့
ဖယ်ရှားဖို့ ကြိုးပမ်းခဲ့တာတွေထဲ
တပ်မတော်အရာရှိတွေကိုယ်တိုင် ကြိုးစားခဲ့တာလည်းရှိခဲ့ဖူးတယ် ။
အဓိကပြောရမယ့်
ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ ထူးချွန်ထက်မြက်လို့
သူရကျော်ထင်လို အတွင်းစည်းက
လူရဲ့ကိုယ်ရေးအရာရှိဖြစ်ခဲ့တယ် ။
သူတို့သာ
အောင်မြင်ခဲ့ရင်လည်း
ယနေ့ မြန်မာပြည်
ဟာ တမျိုးတဖုံဖြစ်နေမှာ ကျိန်းသေဖြစ်ပါတယ် ။
ထုံးစံအတိုင်း သူတို့
တိတ်တိတ်တိုင်ပင်
တဲ့အထဲက လူတစ်ယောက်က ဖွင့်ချတင်ပြလိုက်လို့သာ လွဲချော်ခဲ့ရတာဖြစ်ပါတယ် ။
ဒီချုပ်နာယက ကာချုပ်ဟောင်း ဦးတင်ဦးတောင် သိလျက်သားနဲ့ ထိန်ချန်တယ်ဆိုပြီး
ထောင်ချခံခဲ့ ရပါသေးတယ် ။
ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ မြန်မာလူထုအတွက်တော့
သူရဲကောင်းပါပဲ ။
အခုနေအခါများဆို
သူ့လောက်တောင် ရင်းစရာမလိုပဲ အပြောင်းအလဲကို မြန်ဆန်
ထိရောက် ချောမွေ့အောင် ဆောင်ကြဉ်းပေးနိုင်မယ်ဆို အဲဒီ တပ်မတော်အရာရှိဟာ
လူထုရဲ့ ခိုက်ခိုက်တုန် ထောက်ခံ
မှုကို ဝက်ဝက်ကွဲ ရရှိမှာ အမှန်ပါပဲ ။
မျှော်လင့်နေကြပါတယ် ။
Khaing Soelynn ဗိုလ်ကြီး အုန်းကျော်မြင့်အကြောင်းသိလိုသူ

Khaing Soelynn
Subscribe to:
Post Comments (Atom)
No comments:
Post a Comment