Monday, July 13, 2015

ဖတ်ကြည့်ပေါ့နော် ဘာmassageရသလည်းဆိုတာ ကိုပါ။

ဖတ်ကြည့်ပေါ့နော် ဘာmassageရသလည်းဆိုတာ ကိုပါ။ ပိတ်စေ အမိန့် မှ သတင်း အစများ ================= တင်မောင် အဖို့ သက်တောင့် သက်သာနှင့် လွယ်ကူသော အလုပ် များလည်း ရှိပါသည်။ သတင်း များ ကို မှောင်ချ ရသည်။ ပိတ်ရသည် မှာ လွန်စွာ လွယ်ကူပါသည်။ `ဟောဒီ - ဟောဒီ သတင်း ကို မထည့်နှင့် လို့ အထက် က ညွှန်ကြား ပါတယ်` ဟု အယ်ဒီတာ ချုပ် (၇) ဦး ကို ထပ်ဆင့် ပြောပြ ရုံသာ ဖြစ်ပါ၏။ တခုကောင်းသည် မှာ ၀န်ကြီးများက သတင်း ပိတ်ရန် အမိန့်ပေးသော အခါတွင် ပိတ်စေဟု ညွန်သော သတင်း ကို ၀န်ကြီး များက ဖွင့်ပြော ကြရသောကြောင့် သတင်းမှန် ကို သိခွင့်ရလိုက် သည်။ ၁၉၇၆ ခုနှစ်က နေ့ တနေ့ တွင် ဒု-၀န်ကြီးက တင်မောင်အား ခေါ်ပြီး မေးပါသည်။ `ခင်ဗျားတို့ ကြားကြ ပြီလား`ဟု သူက မေးသည် ကို `ဘာမှ မသိ ရ ပါဘူး ခင်ဗျား` ဟု တင်မောင်က မဆိုင်း မတွ ဖြေလိုက် သည်။ အမှန် အားဖြင့် တစွန်းတစ သိပြီး ဖြစ်သည်။ တိတိ ကျကျ သာမသိသေးစေ ကာမူ စစ်တပ် တွင်း တွင် ကျိတ်ပြီး စစ်ဗိုလ်တွေ ကို အဖမ်း အဆီးရှိနေသည် ကို ခပ်သဲ့သဲ့ သတင်း ထွက်နေပါ သည်။ သတင်း အနံ့ ရရှိသော်လည်း သတင်း ကို ရေးရန် မဆိုထားဘိ၊ သတင်း အဆက် ကို စုံစမ်းရန်ပင် ပြည်သူပိုင် သတင်းစာဆရာကြီးများက သတ္တိ မရှိကြပါ။ `ဗိုလ်ကြီး အုန်းကျော်မြင့် ကို ခင်ဗျား သိလား၊ ဒီကောင်လေး က တော်တော် မိုက်တယ်ဗျာ` ဟု အစ ချီပြီး ဗိုလ်ချုပ်ကြီး နေ၀င်း၊ စစ်စုံထောက် ချုပ်ကြီး၊ ဗိုလ်တင်ဦး၊ သမ္မတကြီး ဦးစန်းယု … စသည့် ထိပ်သီးကြီး များကို ဖယ်ရှားရန် ကြံစည် သော လုပ်ကြံမှုကြီး အကြောင်းကို သူက အသေး စိတ်ပြောပြပါသည်။ စစ်တပ်တွင် ဗိုလ်သင်တန်း မှ ဆင်းလာသည့် စစ်ဗိုလ် အသစ် ကလေးများ ကို ငှက်တော၊ ခွေး တော၊ ကျည်ဆံတော ဖြစ်သော နယ်စပ်ဒေသ သို့ ပို့လေ့ရှိပါသည်။ စာတော်သူ၊ အရည်အချင်းထက် သူများကို မူ စစ်ရုံးချုပ်မှ ဗိုလ်မှူးကြီး များက ခေါ်ယူပြီး ကိုယ်ရေး အရာ ရှိ ခန့်လေ့ ရှိသည်။ ဗိုလ်ကြီးအုန်းကျော်မြင့် ကို ဗိုလ်သင် တန်းဆင်း အနေနှင့် ဒု-ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးကြီးအေးကို က ကောက်ယူပြီး ကိုယ်ရေး အရာရှိ ခန့်လိုက်သည်။ ပညာ ခံကောင်းပြီး ရိုးသားသူ ဗိုလ်ကြီး အုန်းကျော်မြင့် က အမျိုးနှင့် တိုင်းပြည် အတွက် ဆောင်ရွက်မည်ဟူ သော မျိုးချစ်စိတ်နှင့် တပ်တွင်းသို့ ၀င်လာသူဖြစ်လေ ရာ ရန်ကုန်မြို့တော် တွင် ရုံးထိုင်နေကြသော လူ့မလိုင် လူတန်းစား စစ်ဗိုလ်ကြီးများ၏ လောကကို မြင်ရသော အခါ လွန်စွာ တုန်လှုပ်ချောက်ချားမိသည်ဟု ဆိုပါ သည်။ ဦးနေ၀င်း ကိုယ်တိုင် က စတင်ပြီး အပြော တမျိုး၊ အလုပ်တမျိုး၊ တိုင်းပြည်နှင့် စစ်တပ် ကို ညာလိမ်ပြီး ကိုယ်ကျိုး ရှာ နေကြသည့် စားဖားကြီး များသာ ဖြစ် နေသည်ကို မျက်မြင်ကိုယ် တွေ့ သိရှိလာသည်ဟုဆိုပါသည်။ လူထုကြီး အဖို့ ခက်ခဲ ကျပ်တည်းနေသည့် အချိန်တွင် ၀န်ကြီးများ၊ ပါတီခေါင်းဆောင်များ ဖြစ်နေသော စစ် ဗိုလ်ကြီးများက ဇိမ်ခံ ပစ္စည်းအမျိုးမျိုးနှင့် စည်းစိမ် ယစ်နေကြသည်ကို တွေ့ရသဖြင့် စိတ်မချမ်းမသာ ဖြစ်ရ သည်ဟု သိရ ပါသည်။ မတရားမှု များ စာရင်းရှင်းရန် က မလွယ် ကူဘဲ ဦးနေ၀င်းနှင့် တကွ လာဘ်စား သူ စစ်ဦးစီးကြီး များ အသက် ရှည်လေလေ တိုင်းပြည် နစ်နာလေလေ ပဲ ဟု အဖြေကို သိလာသောကြောင့် လုပ်ကြံဖယ်ရှား ရန် ရဲဘော် ရဲဘက် ဗိုလ်ကြီး (၄) ဦးနှင့် တိုင်ပင်ပြီး လျှို့ဝှက်ကြံစည်ပါသည်။ သူတို့ ၏ အကြံအစည် မှာ အောင်မြင် မှု မရကြရှာပါ။ သူတို့ (၄) ဦးနှင့် အခြားစစ်ဗိုလ် (၁၀) ဦးကို ဖမ်းခဲ့ ပါသည်။ မူလက ကြားသိရသော သတင်းထက် ၀န်ကြီးက ပြောပြမှ သိရသည့် သတင်းက ပိုပြည့် စုံပါ သည်။ ယင်း သတင်းစုံ ကို အယ်ဒီတာချုပ်ကြီး များကို တဆင့် တင်ပြပြီး ပုံနှိပ်ခြင်း မပြုရဟု တားမြစ် ရပါ သည်။ နောက်ပိုင်းတွင် အမှုကို ခုံရုံးတင် မှပဲ ရေးကြရပါ၏။ ၀န်ကြီး က မပြောဘဲနှင့် မိမိတို့ အသိနှင့် ပိတ် ရသည့် သတင်းများ လည်း ရှိသည်။ ဥပမာ ဦးနေ၀င်း ကတော် ဒေါ်ခင်မေသန်းသည် မှောင်ခိုကုန် ကူးသော မှောင်ခို ကုန်သည်ကြီး ဖြစ် ပါသည်။ နိုင်ငံခြား မှ ပြန်လာသော အခါတွင် ၀ယ် လာခဲ့သော စီးကရက် က စပြီး ကက်ဆက်၊ အသံ ဖမ်းစက် အထိ မှောင်ခိုဈေး တွင် အမြတ်ကြီးစား ကာ ရောင်းသူ ဖြစ်ပါသည်။ နိုင်ငံခြားသို့လည်း ကျောက်မျက်ရတနာ များ မှောင်ခို ထုတ်လေ့ရှိပါ သည်။ တချီ တွင် ပြင်သစ်ပြည်၊ ပဲရစ်မြို့ လေဆိပ်တွင် မှောင်ခိုကျောက်များ ဖမ်းဆီးမိသဖြင့် အဖမ်းခံ ရသည့်သတင်းကို စာရေးသူတို့ မရေး ၀ံ့ခဲ့ပါ။ ဦးနေ၀င်း ၏ ညီ ဦးသိန်းညွှန့် အား လန်ဒန် သံရုံး တွင် ကုန်သွယ်ရေး အရှာရှိခန့် ထားစဉ်က ဆွစ်ဇာလန်မှ နာရီ များကို အင်္ဂလန်ပြည်တွင်း သို့ မှောင်ခိုသွင်း သောကြောင့် အင်္ဂလိပ် အစိုးရက နှင်ထုတ်သည့် သတင်းကို နိုင်ငံခြား က ရရှိသဖြင့် စာရေးသူတို့က ပင် ၀န်ကြီးကို ပြန်ပြီး သတင်းပေးနိုင်ခဲ့ ပါသည်။ ဦးနေ၀င်း ၏ ဇနီးဟောင်း ဒေါ်တင်တင် ၏ ဖဲဝိုင်း နှင့် ဦးနေ၀င်း ၏ အကိုတော် သခင်လှကွန်း ၏ ဖဲဒိုင် ကို စစ်စုံထောက်များ က ဖမ်းသော သတင်း ကိုမူ ၀န်ကြီးက မရေးကြနှင့် ဟု ပိတ်လေမှ သာ သိရလေ သည်။ ဖဲဝိုင်းများ မပိတ်ခ င်က ဦးနေ၀င်း ကတော်ဟောင်း ဒေါ်တင်တင် က ရန်ကုန်-မော်လမြိုင် မီးရထားကို ခေါက် တုန့် ခေါက်ပြန်စီးပြီး အခကြေးငွေ လက်ခံကာ ကျောက်များ၊ ရွှေများနှင့် နိုင်လွန် စသော နိုင်ငံခြား ကုန်များ မှောင်ခို ကုန်သယ်နေသည်ကို သိ ကြပါလျက် မရေးရဲကြပါ။ ဦးနေ၀င်း ဇနီးသစ် ဒေါ်နီနီမြင့် ၏ ညီမ၊ ခယ်မတော် က အထည် အလိပ် များ မှောင်ခိုထုတ် သဖြင့် အဖမ်း ခံရသော သတင်း ကိုတော့ မရေးလေနှင့်ဟု ၀န်ကြီး က တားမှသာ တင်မောင်တို့ သိကြရပါ၏။ ပြည်သူပိုင် သတင်းစာ များ သည် တပ်မတော် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်နေ၀င်း ၏ ဆွေတော် ရှစ်သောင်း မျိုးတော်ကောင်း တို့၏ မကောင်းမှု မှန်သမျှကို ဖုံးဖိနေကြရသူ များ ဖြစ်ပါသည်။ `သူတို့ အမှုတွေကို သာ ဒီမိုကရေစီခေတ် သတင်း စာများ လို ရေးနိုင်လျှင် အဆီ တထပ်၊ အသားတ ထပ် သတင်းတွေ တောင်လို ပုံနေမှာပေါ့ ကွာ`ဟု သတင်းထောက်ကြီးများ က ညည်းကြရှာပါသည်။ အစိုးရက ထုတ်ပြန်ရန် တာဝန် ရှိသည့် သတင်းမှန် ကိုလည်း လိမ်လည်ပြီး ရေးသား ခဲ့ရပါသည်။ ၁၉၉၅ ခုနှစ်က ဘဏ္ဍာရေးဌာန ဒု-၀န်ကြီး ဦးချစ်မောင် က စာရေး သူ အား ဆင့်ခေါ်သည်။ သတင်းကြေ ညာ ချက် တခုကို ပေးပါသည်။ `မြန်မာကျပ်ငွေတန်ဖိုး ကို ပြုပြင် သတ်မှတ်ခြင်း` ဟု ရေးထားပါသည်။ မြန်မာကျပ်ငွေ တန်ဖိုးကို အမေရိကန် တဒေါ်လာတွင် (၆) ကျပ် (၆၂) ပြား နှုန်း သတ်မှတ်သည်ဟု ဖော်ပြထားပါသည်။ မြန်မာ ကျပ်ငွေ လဲလှယ်နှုန်း သည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရချိန်မှ စတင်ကာ ဒီမိုကရေစီတ ခေတ် လုံးတွင် အမေရိကန် တဒေါ်လာကို (၄) ကျပ် (၇၆) ပြားနှုန်း တည်ငြိမ်စွာ ရှိခဲ့ပါသည်။ ပြည်တွင်း စစ်ကြောင့် စစ် စရိတ်တက်မြင့်ပေး ရပါ လျက် နိုင်ငံခြားသုံးငွေ ကို ရှိသင့် ရှိထိုက် သည့် နှုန်း ထား အတိုင်း ရှာဖွေနိုင်ပါသည်။ စုဆောင်းထားနိုင် ပါသည်။ ထိုကြောင့် မြန်မာကျပ်ငွေ စက္ကူ တန်ဖိုးကို တည်ငြိမ် စွာ ထိန်းသိမ်း ထားနိုင်ခဲ့ပါသည်။ စစ်အစိုး ရတက် လာပြီး (၉) နှစ်ကြာသော အခါ ကျပ်ငွေတန် ဖိုးလျော့သွားပါသည်။ ၁၉၇၁ ခုနှစ်က (၅) ကျပ် (၃၅) ပြားနှုန်းသို့ လျော့ခဲ့ သည်။ တဖန် ၁၉၇၃ ခုနှစ်တွင် (၄) ကျပ် (၈၁) ပြား နှုန်းဖြင့် ပြန်မြှင့် ခဲ့ပါ သည်။ ဤသို့သော ငွေတန်ဖိုး များကို တင်မောင် က မှတ်မိသောကြောင့် `မြန်မာ ကျပ် တန်ဖိုး လျှော့ပြန်ပြီပေါ့` ဟု ပြောမိပါသည်။ ဦးချစ်မောင်က `ဘုရား၊ ဘုရား` ဟု ဘုရား တပြီး `အဲဒီလို များ မရေးလိုက် ပါနဲ့ ကိုယ့်လူ။ ငွေတန်ဖိုး ချတယ်လို့ ရေးလိုက် ရင် ကိုယ့်လူပါ မကဘူး၊ကိုယ် ပါ ရာထူးအဖြုတ် ခံရပါလိမ့်မယ်` ဟု မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် တောင်းပန်ပါသည်။ `အမှန်က တန်ဖိုးချ တာပဲ။ မူလ က တန်ဖိုး နဲ့ တန်ဖိုး သစ်နဲ့ နှိုင်းယှဉ်ကြည့် လျှင် ရှင်းနေတာပဲ။ လူတိုင်း သိနိုင်တာပဲ` ဟု တင်မောင်က ပြန်ပြောသည်။ သူက `ဒါကြောင့် ကြေညာချက် ကို ရုံးက တဆင့် ပို့မပေး ဘဲ ကိုယ့်လူ ကို ခေါ်ရတာပါ။ လူကိုယ်တိုင် ခေါ်ပြီး၊ ရှင်းပြောပြီး အမိန့်ပေးလိုက် လို့ ၀န်ကြီးက မှာပါတယ်။ အရေးကြီးတာ ကတော့ ဗမာသတင်း စာတွေနဲ့ ဗမာ့အသံ က မြန်မာငွေနှုန်း ကြေညာခြင်း လို့ တိုတိုရေး၊ တိုတိုပြောဖို့ ပဲ။ ခင်ဗျားတို့က လျှာ ရှည်ပြီး မူလတန်ဖိုး ကို မရေးပါလေနဲ့` ရှင်းပြပါလေ သည်။ ထုံးစံ အတိုင်း ဘဏ္ဍာရေး ၀န်ကြီးများ အမိန့် ကို လိုက်နာပြီး ငွေတန်ဖိုးချသော သတင်းကို `ငွေ တန် ဖိုး ပြင်ဆင် သတ်မှတ်ခြင်း` ဟု ရေးခဲ့ရပါ သည်။ အသံလွှင့်ခဲ့ရပါသည်။ မိမိ အဖို့ အမြတ်ရသည် မှာ ဦးချစ်မောင် က အတွင်းမှ လျှို့ဝှက်သတင်း တခုကို ပြော လိုက် သဖြင့် သိခဲ့ရ ပါသည်။ ၀န်ကြီး များ အစည်းအဝေး တွင် အခြေအနေ အရ မြန်မာ ကျပ်တန်ဖိုး ကို ငါးပုံ တပုံခန့်၊ အမေရိကန် တ ဒေါ်လာတွင် ကျပ်ငွေ တကျပ်နှင့် ကိုးပြား တိုး ပေးကာ မြန်မာကျပ် တန်ဖိုးကို ချပေး ရမည်ဖြစ် ကြောင်း ဘဏ္ဍာရေး ၀န်ကြီးက တင်ပြ သော အခါ ဦးနေ၀င်းက ထခုန် သည် ဆိုပါသည်။ ဒေါသူပုန် ထကာ ဘဏ္ဍာရေးဝန်ကြီး ကို ဆူပူအော်ဟစ်သည် ဆိုပါ၏။ ဦးနု အစိုးရခေတ် တခေတ်လုံး ကျပ်ငွေ တန်ဖိုးကို ထိန်းသိမ်း ထားနိုင်ပြီး သူ၏ အစိုးရခေတ် တွင် ကျပ် ငွေတန်ဖိုး ကျရသည် ကို `ရာဇ၀င် အတင် မခံနိုင်ဘူး` ဟု အော်ဟစ်ပြောကြောင်း သိရပါသည်။ `မင်းတို့ တတွေ မရှက်ဘူးလား၊ ဦးနုခေတ် က ကျပ်ငွေဈေး တည်အောင် ထိန်းနိုင်ပြီး တို့ခေတ် ကျမှ ငွေ တန်ဖိုးလျှော့ ရလျှင် ရာဇ၀င် ရိုင်းတာပေါ့` ဟု ဆူသည် ဆိုပါသည်။ ဘဏ္ဍာရေး ၀န်ကြီး ခမျာမှာ ကြောက်ဒူး များ တုန်နေ ရှာပြီး နိုင်ငံခြား အကြွေးရှင်နိုင်ငံ များနှင့် ကမ္ဘာ့ဘဏ် က တိုက်တွန်းသည် ကို လိုက်နာ ရမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရက လည်း တိုက်တွန်းကြောင်း၊ ငွေစာရင်း အခက် အခဲ ကြောင့် ဖြစ်ရကြောင်း အသေးစိတ်ရှင်း ပြပြီး အသနား ခံရသည် ဆိုပါသည်။ နောက်ဆုံးတွင် မှ ခေါင်းဆောင်ကြီး က `ဒီတခါ ငါသည်းခံမယ်။ ငါ့ခေတ်တခေတ် လုံး ကျပ်ငွေဈေး ကို မချကြနဲ့။ ငါမသေမချင်း မင်းတို့တတွေ ကျပ် ငွေဈေးကို မချရဘူး` ဟု တိကျပြတ်သား စွာ အမိန့် ပေးခဲ့ သည်ဟု ဦးချစ်မောင် ထံမှ သိရပါသည်။ `ရွှေတိုက်တော် ထဲက နိုင်ငံခြားသုံးငွေတွေ ကို ဗိုလ်ချုပ်ကြီး က မကြာ ခဏ တပွေ့ တပိုက် ထုတ် ယူပြီး နိုင်ငံခြား မှာ ဖြုန်းသုံးနေတာကြောင့် ကျပ်ငွေ စက္ကူ တန်ဖိုး ကျပါတယ်လို့ ခင်ဗျားက ၀င်မပြောဘူး လား` ဟု တင်မောင်က မေးသော အခါ `ကြမ်းကြား လေကြား ဘေးရန်များတဲ့ စကားတွေ မပြောပါနဲ့ ကိုယ့်လူ။ အခု အခန်းထဲက ထွက်သွားပါ` ဟု ပြော ကာ ဦးချစ်မောင်က တင်မောင်အား နှင်ထုတ်ပါသည်။ ထို့ကြောင့် တော်လှန်ရေး အစိုးရ၊ မဆလ အစိုးရ၊န၀တအစိုးရ၊ နအဖအစိုးရ စသဖြင့် စစ်အစိုးရများ အမည်အမျိုးမျိုး ပြောင်းလဲကြစေကာမူ ဦးနေ၀င်းမသေမချင်း မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် စာ ရွက်ပေါ်တွင် မပြောင်းတော့ပြီဟု စိတ်ချနိုင်ကြပါ၏။ ကြေးမုံ ဦးသောင်း

No comments: