Monday, July 13, 2015

NLD ကိုယ်စားလှယ်လောင်း လျှောက်လွှာ နှင့် အငြင်းပွားဖွယ်ရာများ ====================================

NLD ကိုယ်စားလှယ်လောင်း လျှောက်လွှာ နှင့် အငြင်းပွားဖွယ်ရာများ ==================================== ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပရန် ရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာခဲ့သည်။ ၎င်းနေ့မှာပင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းအား သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထား တင်သွင်းရန် UEC မှ ကြေညာချက်ထုတ်ခဲ့သည်။ အဆိုပါကြေညာချက်ထုတ်ပြီး ၃ ရက်အကြာ ဇူလိုင်လ ၁၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို အလျင်စလို ကျင်းပခဲ့၍ ကိုယ်စားလှယ်လောင်း အရည်အချင်းများသတ်မှတ်သည့် ကြေညာချက်ကို ဇူလိုင်လ ၁၂ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် သတ်မှတ်ထားသော ကန့်သတ်ချက်အချို့ကြောင့် ပါတီအတွင်း မညီညွတ်မှုများ ရှိနေကြောင်း သိရသည်။ - ဒီချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ရေးအခြေခံများ နံပါတ် (ဆ)တွင် “အရည်အချင်းတူပါက (၁) အမျိုးသမီး၊ (၂) လူငယ်၊ (၃) တိုင်းရင်းသား တို့ကို အစီအစဉ်အလိုက် ဦးစားပေးရန်” ဟူ၍ ဖော်ပြထားသည်။ အဆိုပါအချက်သည် လူ့အခွင့်ရေးရှုထောင့်၊ အမျိုးသမီး အခွင့်အရေးရှုထောင့်နှင့် တိုင်းရင်းသားအခွင့်အရေးရှုထောင့်မှ ကြည့်လျှင် မှန်ကန်သည်ဟု ယေဘုယျအားဖြင့် ယူဆရသော်လည်း ထိုအချက်ကြောင့် အငြင်းပွားမှုများရှိနေသည်။ ဒီချုပ်တွင် အမျိုးသမီး နှင့် လူငယ် မှာ လူနည်းစုသာဖြစ်ပြီး တိုင်းရင်းသား ဦးရေမှာ မရှိသလောက်ဖြစ်သည်။ လက်ရှိ ဗဟိုကော်မတီဝင်များ၊ ပြည်နယ်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် ဒီချုပ် ဥက္ကဋ္ဌများတွင် လူငယ် နှင့် တိုင်းရင်းသားများ မတွေ့ရဘဲ ဒီချုပ်တွင် နှစ်ပေါင်းများစွာ အနစ်နာခံ၊ အဖိနှိပ်ခံ လုပ်ကိုင်လာခဲ့ကြသည့် အသက်ရွယ်ကြီး အမျိုးသားများသာ ဖြစ်ရာ ၎င်း တို့ကို ပစ်ပယ်၍ အခြားသူများကို ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းမှာ လက်ခံနိုင်စရာမရှိပေ။ ၁၉၈၉ ခုနှစ်မှစတင်၍ ခံယူချက်ကြီးစွာဖြင့် NLD အတွက် သစ္စာရှိရှိ အပင်ပန်းဆင်းရဲခံနေရသူများအထက်တွင် မနေ့တစ်နေ့က ပါတီဝင်ဖြစ်လာသည့် လူငယ်များ၊ တိုင်းရင်းသားများနှင့် အမျိုးသမီးများကို လွှတ်တော်အမတ်နေရာ ပေးခြင်းအား ပါတီဝင်အားလုံးက မလိုလားကြပေ။ - ဥက္ကဋ္ဌက မိန်းမဖြစ်ခြင်းကြောင့် အမျိုးသမီးကို ဦးစားပေးခြင်းက မတရားကြောင်း ဝေဖန်မှုများ ရှိနေသလို၊ ပြည်ထောင်စုပါတီဟု နာမည်ခံလိုခြင်းကြောင့် တိုင်းရင်းသားများကို နေရာပေးခြင်းအား ပါတီဝင်များက ကန့်ကွက်ကြသည်။ လတ်တလော ဝေဖန်ခံနေရသည့် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၀) ပြည့်လွန်ပြီးသော အရွယ်ကို ဖုံးကွယ်ရန်အတွက် လူငယ်များကို အမတ်ရွေးချယ်ကာ အဖွဲ့ချုပ်ပါတီမှ သက်ကြီးပါတီမဟုတ်ကြောင်း သက်သေပြရန် ကြိုးစားခြင်းအား မူလပါတီဝင်များက မလိုလားကြပေ။ အထူးသဖြင့် အဆိုပါ တိုင်းရင်းသားသာကူးများ၊ အနုပညာရှင်သာကူးများ၊ နိုင်ငံရေးနားမလည်သည့် ပေါ်ပြူလာဖြစ်လိုသူ အမျိုးသမီးများ၊ ရင့်ကျက်တည်ငြိမ်မှုမရှိသည့် လူငယ်များကို လွှတ်တော်အမတ်အဖြစ် ရွေးချယ်၍ ယခင် ပါတီဝင်ဟောင်းများ၊ NLD ချွတ်ချုံကျစဉ်က သစ္စာရှိရှိ ဝန်းရံခဲ့သူများ၊ အောက်ခြေသိမ်း NLD ပါတီဝင်များက အဆိုပါ လွှတ်တော်အမတ် သာကူးများအောက်တွင် တာဝန်ထမ်းဆောင်ရပါက ပါတီစည်းလုံးမှုပျက်ပြားကာ ပါတီ ပြိုကွဲသွားနိုင်ကြောင်း ပါတီတွင်းဝေဖန် သုံးသပ်မှုများရှိနေပါသည်။ - ဒေါက်တာမျိုးချစ် NLD ကိုယ်စားလှယ်လောင်း လျှောက်လွှာ နှင့် အငြင်းပွားဖွယ်ရာများ ==================================== ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပရန် ရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာခဲ့သည်။ ၎င်းနေ့မှာပင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းအား သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထား တင်သွင်းရန် UEC မှ ကြေညာချက်ထုတ်ခဲ့သည်။ အဆိုပါကြေညာချက်ထုတ်ပြီး ၃ ရက်အကြာ ဇူလိုင်လ ၁၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို အလျင်စလို ကျင်းပခဲ့၍ ကိုယ်စားလှယ်လောင်း အရည်အချင်းများသတ်မှတ်သည့် ကြေညာချက်ကို ဇူလိုင်လ ၁၂ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် သတ်မှတ်ထားသော ကန့်သတ်ချက်အချို့ကြောင့် ပါတီအတွင်း မညီညွတ်မှုများ ရှိနေကြောင်း သိရသည်။ - ဒီချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ရေးအခြေခံများ နံပါတ် (ဆ)တွင် “အရည်အချင်းတူပါက (၁) အမျိုးသမီး၊ (၂) လူငယ်၊ (၃) တိုင်းရင်းသား တို့ကို အစီအစဉ်အလိုက် ဦးစားပေးရန်” ဟူ၍ ဖော်ပြထားသည်။ အဆိုပါအချက်သည် လူ့အခွင့်ရေးရှုထောင့်၊ အမျိုးသမီး အခွင့်အရေးရှုထောင့်နှင့် တိုင်းရင်းသားအခွင့်အရေးရှုထောင့်မှ ကြည့်လျှင် မှန်ကန်သည်ဟု ယေဘုယျအားဖြင့် ယူဆရသော်လည်း ထိုအချက်ကြောင့် အငြင်းပွားမှုများရှိနေသည်။ ဒီချုပ်တွင် အမျိုးသမီး နှင့် လူငယ် မှာ လူနည်းစုသာဖြစ်ပြီး တိုင်းရင်းသား ဦးရေမှာ မရှိသလောက်ဖြစ်သည်။ လက်ရှိ ဗဟိုကော်မတီဝင်များ၊ ပြည်နယ်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် ဒီချုပ် ဥက္ကဋ္ဌများတွင် လူငယ် နှင့် တိုင်းရင်းသားများ မတွေ့ရဘဲ ဒီချုပ်တွင် နှစ်ပေါင်းများစွာ အနစ်နာခံ၊ အဖိနှိပ်ခံ လုပ်ကိုင်လာခဲ့ကြသည့် အသက်ရွယ်ကြီး အမျိုးသားများသာ ဖြစ်ရာ ၎င်း တို့ကို ပစ်ပယ်၍ အခြားသူများကို ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းမှာ လက်ခံနိုင်စရာမရှိပေ။ ၁၉၈၉ ခုနှစ်မှစတင်၍ ခံယူချက်ကြီးစွာဖြင့် NLD အတွက် သစ္စာရှိရှိ အပင်ပန်းဆင်းရဲခံနေရသူများအထက်တွင် မနေ့တစ်နေ့က ပါတီဝင်ဖြစ်လာသည့် လူငယ်များ၊ တိုင်းရင်းသားများနှင့် အမျိုးသမီးများကို လွှတ်တော်အမတ်နေရာ ပေးခြင်းအား ပါတီဝင်အားလုံးက မလိုလားကြပေ။ - ဥက္ကဋ္ဌက မိန်းမဖြစ်ခြင်းကြောင့် အမျိုးသမီးကို ဦးစားပေးခြင်းက မတရားကြောင်း ဝေဖန်မှုများ ရှိနေသလို၊ ပြည်ထောင်စုပါတီဟု နာမည်ခံလိုခြင်းကြောင့် တိုင်းရင်းသားများကို နေရာပေးခြင်းအား ပါတီဝင်များက ကန့်ကွက်ကြသည်။ လတ်တလော ဝေဖန်ခံနေရသည့် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၀) ပြည့်လွန်ပြီးသော အရွယ်ကို ဖုံးကွယ်ရန်အတွက် လူငယ်များကို အမတ်ရွေးချယ်ကာ အဖွဲ့ချုပ်ပါတီမှ သက်ကြီးပါတီမဟုတ်ကြောင်း သက်သေပြရန် ကြိုးစားခြင်းအား မူလပါတီဝင်များက မလိုလားကြပေ။ အထူးသဖြင့် အဆိုပါ တိုင်းရင်းသားသာကူးများ၊ အနုပညာရှင်သာကူးများ၊ နိုင်ငံရေးနားမလည်သည့် ပေါ်ပြူလာဖြစ်လိုသူ အမျိုးသမီးများ၊ ရင့်ကျက်တည်ငြိမ်မှုမရှိသည့် လူငယ်များကို လွှတ်တော်အမတ်အဖြစ် ရွေးချယ်၍ ယခင် ပါတီဝင်ဟောင်းများ၊ NLD ချွတ်ချုံကျစဉ်က သစ္စာရှိရှိ ဝန်းရံခဲ့သူများ၊ အောက်ခြေသိမ်း NLD ပါတီဝင်များက အဆိုပါ လွှတ်တော်အမတ် သာကူးများအောက်တွင် တာဝန်ထမ်းဆောင်ရပါက ပါတီစည်းလုံးမှုပျက်ပြားကာ ပါတီ ပြိုကွဲသွားနိုင်ကြောင်း ပါတီတွင်းဝေဖန် သုံးသပ်မှုများရှိနေပါသည်။ - ဒေါက်တာမျိုးချစ် http://www.myanmarexpress.net/2015/07/nld_13.html

No comments: