ဒါးကချောင်းရေများ
အဆက်မပြတ် တိုးဝင်လာမှုကြောင့် ဧရာဝတီ တိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင်
ရေများ ထပ်မံဝင်ရောက်လျက်ရှိပြီး သြဂုတ် ၁၅ ရက်ထိ မြို့ပေါ်
ချောင်းအနီးဝန်းကျင်မှ နေအိမ်များ၊ ကျေးရွာအုပ်စု ၂၇ စုရှိ ကျေးရွာပေါင်း
၇၄ ရွာမှ အိမ်ခြေ ၃၄၄၁ အိမ်၊ လူဦးရေ ၁၃၆၂ဝ ဦးတို့ ရေဝင်ရောက်ခြင်း
ခံနေရသည်။
ယင်း
ကျေးရွာများသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဦးဆောင်သည့်
သဘာဝဘေးအန္တရာယ် တားဆီး ကာကွယ်ရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်
အလှူရှင်များ သွားရောက်၍ ကူညီရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
လက်ရှိ
မြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းနှစ်ခုနှင့် ကျေးရွာတွင် ကယ်ဆယ်ရေးစခန်း
ခြောက်ခု စုစုပေါင်း ကယ်ဆယ်ရေးစခန်းရှစ်ခု ဖွင့်ထားရပြီး လူဦးရေ ၁ဝဝ၇ ဦး
ရောက်ရှိလျက်ရှိကာ မြို့နယ် အတွင်းရှိ စေတနာရှင် ပြည်သူများ၊
ပရဟိတအဖွဲ့များက အလှူငွေ၊ ထမင်းထုပ်၊ ဆန်၊ ခေါက်ဆွဲခြောက်၊ ဆေးဝါး၊
ရေသန်ဘူး၊ ငါးသေတ္တာ၊ အဝတ်အထည်နှင့် အခြားစားသောက်ကုန် ပစ္စည်း များကို
ရေဝင်ရောက် သည့်ကျေးရွာများနှင့်  ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်
လှူဒါန်းလျက်ရှိကြောင်း သိရသည်။
Ref : MOI
The Ladies News
No comments:
Post a Comment