ရခိုင်ပြည်နယ်၊
ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာအုပ်စု၊ ကြံချိုင်ကျေးရွာရှိ မြေဧက(၆.၁၀)
တွင် သီးနှံ စိုက်ပျိုးနေသူအား တရားရုံးမှ အနိုင်ပေးလိုက်သည့်အတွက် အမှုကို
ပြန်လည်စစ်ဆေးပေးရန် ဒေသခံ (၁၀၀) ကျော်မှ သြဂုတ်လ(၁၇) ရက်တွင် ဆန္ဒဖော်ထုတ်
တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
“ကျေးရွာနဲ့
မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီက ကျွန်တော်တို့ ရွာသား(၈၈)ဦးကို
တရားအနိုင်ပေး ဆုံးဖြတ်ပေးပြီးပါပြီ။ အဲဒါကိုမှ
ခရိုင်မြေယာမြေစီမံခန့်ခွဲရေး ကော်မတီမှာ ရွာသား(၈၈)ယောက် အရှုံးပေး
လိုက်တယ်။ ဒါကြောင့် အမှုမှန်ပေါ်ပေါက်အောင် ပြန်လည်စစ်ဆေးပေးဖို့
ဆန္ဒဖော်ထုတ်ရတာပါ” ဟု ကြံချိုင်ကျေးရွာမှ ဆန္ဒပြရာတွင် ဦးဆောင်သူ
ဦးမောင်အေးကြည်က ပြောသည်။
ဓည၀တီ
ရေတပ်စခန်းမှ မြေဧက(၁၄၃၇.၅၀) ဧကကို ပြန်လည် စွန့်လွှတ်ပေးခဲ့ပြီး
အဆိုပါမြေများမှ ၁၂၂ ဧကအား စစ်တောကျေးရွာအုပ်စု၊ ကြံချိုင်ကျေးရွာမှ ရွာသား
၈၈ ဦးမှ စိုက်ပျိုးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ရွာသား တစ်ဦးသည် မြေ ၁၂၂
ဧကမှ ၆.၁၀ ဧကတွင် လာရောက် စိုက်ပျိုးနေသဖြင့် ရွာသား ၈၈ ဦးမှ
တရားစွဲခဲ့သည်။
အဆိုပါ
စိုက်ပျိုးနေသူအား ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၇)ရက်တွင်
ခရိုင်မြေယာစီမံခန့်ခွဲရေး ကော်မတီမှ တရားဝင် စိုက်ပျိုးခွင့်
ပေးလိုက်သည့်အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။
“အကြမ်းအားဖြင့်
ဆည်ကာရီမှုခင်းက တစ်ရွာနဲ့တစ်ယောက် ဖြစ်နေတာပါ။ နောက်ဆုံးခရိုင်မှာ
တက်ကြတော့ ခရိုင်မြေယာ စီမံခန့်ခွဲမှုကော်မတီရဲ့ ဆုံးဖြတ်ချက်ကို လက်မခံလို့
နောက်ဆုံး ဆန္ဒဖော်ထုတ်ကြတာပါ” ဟု ကျောက်ဖြူမြို့နယ်၊ အုပ်ချူပ်ရေးမှူး
ဦးညီညီလင်းက ပြောသည်။
ကြံချိုင်ကျေးရွာသားများသည်
မြို့နယ်အာဏာပိုင်နှင့် ကျောက်ဖြူမြို့မရဲစခန်းမှ ဆန္ဒဖော်ထုတ်ခွင့်ကို
သြဂုတ်လ (၁၆) ရက်တွင် ရရှိခဲ့ပြီး သြဂုတ်လ(၁၇)ရက်၊ နေ့လည် (၁၂)နာရီ
ကျောက်ဖြူမြို့၊နာရီစင်ကွင်းမှ ဖြတ်လမ်း(၃)၊ ဈေးလမ်းနှင့်
ဗိုလ်ချုပ်လမ်းများအတိုင်း လှည့်လည်ဖော်ထုတ်ခဲ့ကြောင်း သိရသည်။
MMK
The Ladies News
No comments:
Post a Comment