ထားဝယ်ခရိုင်
လောင်းလုံးမြို့နယ်တွင် မိုးစပါးစိုက် တောင်သူများအား
စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးပြီး ဖြစ်သော်လည်း မြိုနယ်
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနက ပုံစံ ၇ ထုတ်ပေးလျှင်
ထပ်မံထုတ်ချေးပေးသွားမည့် အစီအစဉ်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာ
ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးဇော်နိုင်ဦး က ပြောကြားသည်။
ယင်းထုတ်ချေးငွေသည်
မေလမှ စက်တင်ဘာလအထိ ချေးငွေကာလဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊
မတ်လများတွင် ချေးငွေများပြန်လည် ဆပ်ရမည်ဖြစ်ပြီး
ကြန့်ကြာသောတောင်သူများအား တည်ဆဲဥပဒေ အရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
မန်နေဂျာထံမှ သိရသည်။
ထားဝယ်ခရိုင်
လောင်းလုံးမြို့နယ်အတွင်းရှိ ၂ဝ၁၆ ခုနှစ် မိုးစပါး စိုက်တောင်သူများအား
သက်သာချောင်ချိစေရန် အတွက် ကျေးရွာပေါင်း ၃၈ ရွာကို မေ ၁၉ ရက်မှစ၍
မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ မိုးစပါးစိုက်တောင်သူများအား
ထုတ်ချေးပေးခဲ့ရာ ဇူလိုင် ၂၈ ရက်တွင် ချေးငွေများ
ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ယင်းချေးငွေများထုတ်ချေးရာတွင်
ငွေကျပ် ၃၄၇၆၂ ဒသမ ၅ သိန်း ခန့်မှန်းထားရှိပြီး
ထုတ်ချေးငွေပြီးစီးချိန်အထိ ကျေးရွာပေါင်း ၃၈ ရွာ၊ လယ်မြေဧက ၂၂၂၂၄ ဧကကို
တစ်ဧကလျှင်ငွေကျပ် တစ်သိန်းခွဲ ထုတ်ချေးပေးခဲ့ရာ ငွေကျပ် ၃၃၃၃၆ သိန်း
ထုတ်ချေးပေးပြီး ဖြစ်သည်။
Ref: MOI
The Ladies News
No comments:
Post a Comment