Tuesday, July 14, 2015

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းနိုင်ကြောင်း အသိပေးကြေညာခြင်း ===================

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းနိုင်ကြောင်း အသိပေးကြေညာခြင်း =================================================== ၂ဝ၁၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက် ၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ အရ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ် များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်း ခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များကို ၈-၇-၂ဝ၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၂၉/၂ဝ၁၅)ဖြင့် ထုတ်ပြန် ကြေညာပြီး ဖြစ်ပါသည်။ ၂။ သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်မြေအလိုက် လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသူ (မသန်စွမ်းသူများအပါအဝင်) တစ်ဦးသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၂ နှင့် နည်းဥပဒေ ၁၈ တို့အရ မိမိတို့ဝင်ရောက်ယှဉ်ပြိုင်လိုသည့် မဲဆန္ဒနယ်နှင့် သက်ဆိုင်သည့် နေပြည်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲထံတွင် (၂ဝ-၇-၂ဝ၁၅) ရက်မှ (၈-၈-၂ဝ၁၅)ရက် အတွင်း နည်းဥပဒေပါ ပုံစံ(၆) မူရင်းနှစ်စောင်ဖြင့် အမည်စာရင်း တင်သွင်း နိုင်ပါသည်။ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက်ဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံတွင် တင်သွင်းရပါမည်။ ၃။ ယင်းသို့ အမည်စာရင်းတင်သွင်းရာတွင် နည်းဥပဒေ ၁၉ အရ လွှတ်တော် ကိုယ်စားလှယ်လောင်းကိုယ်တိုင်ဖြစ်စေ၊ ယင်း၏ရွေးကောက်ပွဲကိုယ်စားလှယ် ကဖြစ်စေ အမည်စာရင်းတင်သွင်းမှု ပြုနိုင်ပါသည်။ အမည်စာရင်း တင်သွင်း လွှာနှင့်အတူ ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေကျပ် သုံးသိန်းကို မိမိအမည် စာရင်း တင်သွင်းရမည့် ကော်မရှင်အဖွဲ့ခွဲရုံးစိုက်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲ တွင် ပေးသွင်းပြီးကြောင်း ''ချလန်မူရင်း'' ကို ပူးတွဲတင်သွင်းရပါမည်။ ငွေပေး သွင်းရမည့် ငွေစာရင်းခေါင်းစဉ်အမှတ်မှာ မိမိအမည်စာရင်း တင်သွင်းမည့် ကော်မရှင်အဖွဲ့ခွဲ၏ ငွေစာရင်းခေါင်းစဉ်အမှတ် ဖြစ်ပါသည်။ ထို့ပြင် အမည် စာရင်းတင်သွင်းလွှာ ပုံစံ(၆)တွင် မြို့နယ်တရားသူကြီး အဆင့်ထက်မနိမ့် သော တရားသူကြီး တစ်ဦးဦးရှေ့မှောက်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း က လက်မှတ်ရေးထိုးထားသည့် လက်မှတ်မှန်ကန်ကြောင်း သက်သေခံစာ ပါရှိရမည်ဖြစ်ပါသည်။ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် မိမိတို့အသုံးပြုလိုသည့် သင်္ကေတ ( Logo) ကိုပါ CD ဖြင့်ကူး၍ အမည်စာရင်းတင်သွင်းလွှာနှင့်အတူ ပူးတွဲပေးပို့ရန် ဖြစ်ပါသည်။ ၄။ အမည်စာရင်းတင်သွင်းမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၂၉ နှင့် နည်း ဥပဒေ ၂၂ တို့အရ မိမိကိုယ်ကိုယ်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းကိုက်ညီသည့် အခြားသူတစ်ဦးဦးကိုဖြစ်စေ မိမိ၏ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ခန့်ထားခွင့်ရှိပါသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းချိန်တွင် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်ခန့်စာ ပုံစံ(၇) သို့မဟုတ် ပုံစံ(၇-က) နှစ်စောင်ကို ပူးတွဲ တင်သွင်းရန်ဖြစ်ပါသည်။ ၅။ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃ နှင့် နည်းဥပဒေ ၁၈(ခ)တို့အရ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် မဲဆန္ဒနယ်တစ်နယ် ထက်ပို၍ တစ်ပြိုင်တည်း အမည်စာရင်းတင်သွင်းခွင့်မရှိကြောင်းနှင့် ပုဒ်မ ၂၈၊ နည်းဥပဒေ ၃၃ တို့အရ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းလွှာကို မိမိဆန္ဒအလျောက် ပြန်လည်ရုပ်သိမ်းလိုလျှင် (၉-၈-၂ဝ၁၅)ရက်မှ (၁၁-၈-၂ဝ၁၅) ရက်အတွင်းသာ ရုပ်သိမ်းခွင့်ရှိကြောင်း သတိပြုရန် ဖြစ်ပါသည်။ ၆။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို လက်ခံထားသာ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးသည် (၁၂-၈-၂ဝ၁၅) ရက်မှ (၂၁-၈-၂ဝ၁၅)ရက်အတွင်း ပုံစံ(၅)ဖြင့် သတ်မှတ်ကြေညာထားသည့် နေ့ရက်များအလိုက် သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေပုဒ်မ ၂၄၊ ၂၅၊ ၂၆ နှင့် နည်းဥပဒေ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃ဝ၊ ၃၁ တို့နှင့်အညီ အမည်စာရင်း တင်သွင်းလွှာများကို စိစစ်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။ ဥက္ကဋ္ဌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments: