Tuesday, July 14, 2015

အင်းတော်ကြီးဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး ==========================================

အင်းတော်ကြီးဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး ========================================== မိုးညှင်း ဇူလိုင် ၁၃ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ဆောင်ရွက်လျက်ရှိ သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးရန်နှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီစွာပြီးစီးရန်အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ဇူလိုင် ၁၁ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်သောအဖွဲ့သည် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန်မွန်းကျေးရွာသို့ သွားရောက်ကာ နန်မွန်းကျေးရွာ ကချင်စုရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးရုံး ပြုပြင်ရန်ထောက် ပံ့ငွေကျပ် ၁ဝ သိန်း၊ နန့်မွန်းရွာ ကက်သလစ်ဘာသာရေးကျောင်းအတွက် အလှူငွေကျပ် သုံးသိန်း၊ ကချင်နှစ်ချင်းဘာသာရေးကျောင်းအတွက် အလှူငွေ သုံးသိန်းနှင့် ရွှေမဉ္ဇူစေတီတော်ရေလယ်ဘုရားသို့ အလှူငွေကျပ်ငါးသိန်းကို ပေးအပ်လှူဒါန်းသည်။ ထို့နောက် ဟဲပုကျေးရွာရှိ အာရ်စီကွန်ကရစ်တံတားနှင့် ကျေးလက်ကျန်းမာရေးဆေးပေးခန်း အာရ်စီကွန်ကရစ်အဆောက်အအုံ တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ အထောက်အကူပြုကော်မတီသို့ အလှူငွေကျပ် နှစ်သိန်းကို ထောက်ပံ့ပေးအပ်သည်။ ထို့နောက် နန်းမွန်းကျေးရွာ ရှိ (၁၆)ခုတင်ဆံ့ တိုက်နယ်ပြည်သူ့ဆေးရုံဆောက်လုပ်နေမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နီတိုး အင်းတော်ကြီးဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး ========================================== မိုးညှင်း ဇူလိုင် ၁၃ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ဆောင်ရွက်လျက်ရှိ သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးရန်နှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီစွာပြီးစီးရန်အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ဇူလိုင် ၁၁ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်သောအဖွဲ့သည် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန်မွန်းကျေးရွာသို့ သွားရောက်ကာ နန်မွန်းကျေးရွာ ကချင်စုရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးရုံး ပြုပြင်ရန်ထောက် ပံ့ငွေကျပ် ၁ဝ သိန်း၊ နန့်မွန်းရွာ ကက်သလစ်ဘာသာရေးကျောင်းအတွက် အလှူငွေကျပ် သုံးသိန်း၊ ကချင်နှစ်ချင်းဘာသာရေးကျောင်းအတွက် အလှူငွေ သုံးသိန်းနှင့် ရွှေမဉ္ဇူစေတီတော်ရေလယ်ဘုရားသို့ အလှူငွေကျပ်ငါးသိန်းကို ပေးအပ်လှူဒါန်းသည်။ ထို့နောက် ဟဲပုကျေးရွာရှိ အာရ်စီကွန်ကရစ်တံတားနှင့် ကျေးလက်ကျန်းမာရေးဆေးပေးခန်း အာရ်စီကွန်ကရစ်အဆောက်အအုံ တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ အထောက်အကူပြုကော်မတီသို့ အလှူငွေကျပ် နှစ်သိန်းကို ထောက်ပံ့ပေးအပ်သည်။ ထို့နောက် နန်းမွန်းကျေးရွာ ရှိ (၁၆)ခုတင်ဆံ့ တိုက်နယ်ပြည်သူ့ဆေးရုံဆောက်လုပ်နေမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နီတိုး

No comments: