Tuesday, July 14, 2015

ပြည်သူ့လွှတ်တော်အစည်းအဝေး

ပြည်သူ့လွှတ်တော်အစည်းအဝေး ၂၀၁၅ ခုနှစ် မေ ၁ ရက်မှစ၍ မှတ်ပုံတင်သက်တမ်း ၁၀နှစ်ကျော်သည့် စက်မှုဇုန်ထုတ်ယာဉ်များကိုသာ အပ်နှံလက်ခံခြင်းဆောင်ရွက်သွားမည် ============================================== နေပြည်တော် ဇူလိုင် ၁၃ ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၇၄ ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီ တွင်ကျင်းပရာ မေးခွန်းသုံးခု မေးမြန်း ဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းနှင့် ဥပဒေကြမ်းနှစ်ခု အား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုခြင်းတို့ ဆောင်ရွက်ကြ သည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးချန်မောင်က ဖြေကြားရာ တွင် ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကို၏ ဟန်ပြအတု အယောင်ထုတ်လုပ်နေသော စက်မှု ဇုန်ကားလုပ်ငန်းများကို အပြီးအပိုင် ဖျက်သိမ်းပေးနိုင်ခြင်း ရှိ၊ မရှိနှင့် စက်မှုဇုန်ကားများ ခုထုတ်၊ ခုအပ် အကြိမ်ကြိမ်ပြုလုပ်ပြီး စလစ်ထုတ်ယူ ၍ ပြည်ပမှ အဆင့်မြင့်ကား ရာပေါင်း များစွာ တင်သွင်းခဲ့ခြင်းကြောင့် နိုင်ငံ တော်အခွန်ဘဏ္ဍာငွေ နစ်နာမှု အတွက် ပြန်လည်စစ်ဆေးကြပ်မတ် ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဖြေ ကြားရာတွင် စက်မှုဇုန်ထုတ်ယာဉ်များ ကို ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၄ ရက်မှ စတင်၍လည်းကောင်း၊ သုံးဘီးယာဉ် များကို ၂ဝ၁၄ ခုနှစ် သြဂုတ် ၁ ရက် မှစတင်၍လည်းကောင်း ယာဉ်အို ယာဉ်ဟောင်းအဖြစ် ပိုင်ရှင်ဆန္ဒအရ အပ်နှံလျှင် အစားထိုးယာဉ် တင်သွင်း ခွင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း။ စက်မှုဇုန်ထုတ် ယာဉ်များကို ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၄ ရက်မှ စတင် အပ်နှံခွင့်ပြုခဲ့ရာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်အထိ စက်မှုဇုန် ထုတ်ယာဉ် ၂၃၇၄၅ စီးအပ်နှံခဲ့ပါ ကြောင်း၊ အဆိုပါယာဉ်များတွင် မှတ်ပုံတင်သက်တမ်း ငါးနှစ်အထက် ၂၁ဝ၁၅ စီး၊ မှတ်ပုံတင်သက်တမ်း တစ်နှစ်မှ ငါးနှစ်အတွင်း ၁၆၁၃ စီး၊ မှတ်ပုံတင်သက်တမ်း တစ်နှစ်အောက် ၁၁၁၇ စီးဖြစ်သည့်အတွက် မှတ်ပုံတင် သက်တမ်း ငါးနှစ်အထက် ယာဉ်များ သာ အပ်နှံမှုများပြားသည်ကို တွေ့ရှိ ရပါကြောင်း။ စက်မှုဇုန်ထုတ်ယာဉ်များ မမှန် မကန် အပ်နှံဆောင်ရွက်မှု ရှိလာ ကြောင်း တင်ပြချက်ရရှိသည်နှင့် မမှန်မကန် လုပ်ဆောင်မှုများအား ပြန်လည်စိစစ်နိုင်ရန် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ စက်မှု ဇုန်ထုတ်ယာဉ်များ အပ်နှံခြင်းကို ယာယီရပ်ဆိုင်းခဲ့ပြီး ၂ဝ၁၅ ခုနှစ် မေ ၁ ရက်မှစ၍ မှတ်ပုံတင်သက်တမ်း ၁ဝ နှစ်ကျော်သည့် စက်မှုဇုန်ထုတ် ယာဉ်များကိုသာ အပ်နှံလက်ခံခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်း ကြော်ငြာခြင်း၊ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာန Website တွင် ထည့်သွင်းဖော်ပြခြင်း၊ မှတ်ပုံ တင်သက်တမ်း ၁ဝ နှစ်ကျော်လွန် မှသာ အပ်နှံလက်ခံခြင်းများ ဆောင် ရွက်ရန် ညွှန်ကြားထားပါကြောင်း။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် အထိ စက်မှုဇုန်များမှ ထုတ်လုပ်ခဲ့ သည့် မော်တော်ယာဉ် စုစုပေါင်း ၉၉၅၄၃ စီးရှိပါကြောင်း၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ကားများ တင်သွင်း ခွင့်ပေးခဲ့ရာ စက်မှုဇုန်များမှ အများ ဆုံးထုတ်လုပ်သည့် အပေါ့စားယာဉ် Light Truck များကိုပါ တင်သွင်းခွင့် ပေးခဲ့သဖြင့် ပြည်တွင်းထုတ်လုပ်သည့် မော်တော်ယာဉ်များသည် ပြည်ပမှMass Production ဖြင့် တင်သွင်း လာသည့် မော်တော်ယာဉ်များ၏ အရည်အသွေးနှင့် ဈေးနှုန်းတို့အား ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် စက်မှုဇုန် များ၏ မော်တော်ယာဉ်ထုတ်လုပ်မှု ကျဆင်းလာခဲ့ပါကြောင်း။ စက်မှုဇုန်များအနေဖြင့် မှန်ကန် သည့်လမ်းကြောင်းပေါ်၌ မော်တော် ယာဉ်များ ထုတ်လုပ်စေရန်မှာ မှန်ကန်ပွင့်လင်းမြင်သာသည့် မူဝါဒ များဖြင့် ထိန်းကျောင်းပြီး စက်မှု လုပ်ငန်းတိုးမြင့်လာရေးကို အားပေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စက်မှုဇုန်များ၌ မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းများကို အပြီး အပိုင် ဖျက်သိမ်းပေးရန်မှာ ယင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် နေသည့် ကုမ္ပဏီများ၊ ဝန်ထမ်းများ နှင့် ဝန်ထမ်းမိသားစုများ၏ စားဝတ် နေရေးကိုလည်း လျစ်လျူရှု၍ မရပါ ကြောင်းဖြင့် ဖြေကြားသည်။ လောင်းလုံး မဲဆန္ဒနယ်မှ ဦးအောင်စိုးက တနင်္သာရီတိုင်းဒေသ ကြီးရှိ ထားဝယ်-မြိတ် မီးရထားလမ်း ကို နိုင်ငံတော်ဘဏ္ဍာငွေ မည်မျှသုံးစွဲ ခဲ့ပြီး ယင်းစီမံကိန်းကို ယခုအစိုးရ လက်ထက်တွင် မည်သို့ဆက်လက် ဆောင်ရွက်သွားမည်ကို သိရှိလို ကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်-မြိတ် ရထားလမ်းစီမံကိန်း ကို ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး ခရီးမိုင်မှာ ၁၃၂ ဒသမ ၅ဝ မိုင်ခန့်ရှိပါကြောင်း၊ ထားဝယ်-မြိတ် ရထားလမ်းပိုင်း ရှိ ထားဝယ်-သရက်ချောင်း လမ်းပိုင်း ခရီးမိုင် ၁၉ ဒသမ ၃၁ မိုင်ကို ၂ဝ၁၁ ခုနှစ် ဇွန် ၄ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ရာ ရထားစီးခရီးသည် စီးနင်း မှုနည်းပါးခြင်းကြောင့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ရထားပြေးဆွဲ ခြင်း ရပ်ဆိုင်းခဲ့ပါကြောင်း၊ ထားဝယ်- မြိတ် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ ရေးနှစ်မှစ၍ လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းခဲ့ပြီး အဆိုပါစီမံကိန်းအတွက် သုံးစွဲပြီး ဘဏ္ဍာငွေမှာ ငွေကျပ် ၂၃ဝ၉၉ ဒသမ ၁၈၉ သန်းဖြစ်ပါ ကြောင်း။ ထားဝယ်-မြိတ် ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို နိုင်ငံတော် ဘဏ္ဍာငွေအခြေအနေအရ ရပ်ဆိုင်း ခဲ့သော်လည်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်အဖြစ် နိုင်ငံအဝန်း ပျံ့နှံ့ပို့ဆောင်နိုင်ရန် ရည်မှန်း၍ နှစ် ၂ဝ စီမံကိန်း၏ တတိယ ငါးနှစ် စီမံကိန်းကာလဖြစ် သော ၂ဝ၂၁-၂ဝ၂၂ ခုနှစ်မှ ၂ဝ၂၅-၂ဝ၂၆ ခုနှစ်အတွင်း ထည့်သွင်း လျာထားဆဲဖြစ်ပါကြောင်းဖြင့် ဖြေ ကြားသည်။ အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းပြီး ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း သည်။ ယင်းနောက် ဘဏ္ဍာရေးဝန်ကြီး ဌာနက တင်သွင်းသည့် ပင်စင်အက် ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ကြမ်းနှင့် ရထားပို့ဆောင်ရေးဝန်ကြီး ဌာနက တင်သွင်းသည့် မော်တော် ယာဉ်ဥပဒေကြမ်းတို့အား လွှတ်တော် ၏ အဆုံးအဖြတ်ရယူ၍ အတည်ပြု သည်။ (သတင်းစဉ်)

No comments: