Tuesday, July 14, 2015

အမျိုးသားလွှတ်တော် အစည်းအဝေး

အမျိုးသားလွှတ်တော် အစည်းအဝေး အရက်၊ဘီယာ၊စီးကရက် ကြော်ငြာအားလုံး အထူးကန့်သတ်လျှော့ချသွားရန် အဆိုတင်သွင်းရာ လွှတ်တော်ကဆွေးနွေးရန်သဘောတူ ================================================== နေပြည်တော် ဇူလိုင် ၁၃ အမျိုးသားလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ၆၈ ရက် မြောက်နေ့တွင် မေးခွန်းခြောက်ခု မေးမြန်းဖြေကြားခြင်း၊ ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသောဥပဒေ ကြမ်းခုနစ်ခုနှင့်စပ်လျဉ်းသည့် အစီရင် ခံစာများ ပြန်လည်ဖတ်ကြားတင်သွင်း ခြင်းနှင့်လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခြင်း၊ ပြည်ထောင်စု အစိုးရအားတိုက်တွန်းသည့် အဆို တစ်ခုတင်သွင်းခြင်းတို့ ဆောင်ရွက် ကြသည်။ မေးခွန်းများ မေးမြန်းရာတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးသော်ဇင်ဦး၏ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များရှိ ဆရာ ဆရာမများအား ထောက်ပံ့ကြေးငွေ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းအပေါ် သာသနာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်ဌေးက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင် သင်ကြားပြသပေးနေသော ဆရာ ဆရာမများအတွက် သာသနာ ရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ခွင့်ပြု ရန်ပုံငွေမှ မူလတန်းအဆင့်သင် ဆရာ ဆရာမတစ်ဦးလျှင် ငွေကျပ် ၃၆ဝဝဝ၊ အလယ်တန်းအဆင့်သင် ဆရာ ဆရာမတစ်ဦးလျှင် ငွေကျပ် ၄၁ဝဝဝ၊ အထက်တန်းအဆင့်သင် ဆရာ ဆရာမတစ်ဦးလျှင် ငွေကျပ် ၄၅ဝဝဝ နှုန်းဖြင့် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှစ၍ လစဉ်ထောက်ပံ့ ပေးလျက်ရှိပါကြောင်း။ ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်တွင် ဆရာ ဆရာမ ၆၈၂ဝ အတွက် ငွေကျပ် သုံးဘီလီယံနှင့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် ဆရာ ဆရာမ ၇၄၅၇ ဦးအတွက် ငွေကျပ် ၃ ဒသမ ၃၂၆ ဘီလီယံထောက်ပံ့ ပေးခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တွင် ဆရာ ဆရာမ ၇၅၈၄ ဦးအတွက် ငွေကျပ် ၃ ဒသမ ၄၇၅ ဘီလီယံ ထောက်ပံ့ပေးသွားမည် ဖြစ်ပါ ကြောင်း။ သို့ဖြစ်ပါ၍ သာသနာရေးဝန်ကြီး ဌာန၊ ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေမှ လစဉ် ထောက်ပံ့ပေးလျက်ရှိပါ ကြောင်းနှင့် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းဆရာ ဆရာမများအား ထောက်ပံ့ကြေးငွေ တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းဖြင့် ဖြေကြားသည်။ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးလှဆွေ၏ နိုင်ငံခြား မှ တရားဝင်အခွန်ပေးဆောင်၍ တင်သွင်းလာခဲ့သော မော်တော်ယာဉ် များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိပြီးပိုင်ရှင်မှ ထုတ်ယူသော အခါ မူလကပါဝင်ခဲ့သော ကား အတွင်းပိုင်းပစ္စည်းများ ခိုးယူခံနေရ ခြင်းသည် မည်သူ့တွင် တာဝန်ရှိသည် ကိုသိရှိလိုပါကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ် ကားပစ္စည်း အခွန်လွတ်ဈေး၌ ရောင်းချနေသော မော်တော်ယာဉ် အပိုပစ္စည်းများ၏ ၉ဝ ရာခိုင်နှုန်းသည် နယ်စပ်မှ မှောင်ခိုတင်သွင်းလာခြင်းမဟုတ်ဘဲဆိပ်ကမ်းမှ ခိုးယူလာသော ပစ္စည်း များဖြစ်နေကြောင်း သိရှိရပြီး ထိုကဲ့သို့ ခိုးယူမှုပပျောက်အောင် ဆောင်ရွက် မည့်အစီအစဉ်ကို သိရှိလိုသည့် မေးခွန်းအပေါ် ပို့ဆောင်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဟန်စိန်က ရှင်းလင်းဖြေကြားခဲ့သည်။ ဒုတိယဝန်ကြီးက တာမွေမြို့နယ် ရှိ အခွန်လွတ်ဈေး၌ ရောင်းချနေသော မော်တော်ယာဉ် အပိုပစ္စည်းများ၏ ၉ဝ ရာခိုင်နှုန်းသည် နယ်စပ်မှ မှောင်ခိုတင်သွင်းလာခြင်းမဟုတ်ဘဲ ဆိပ်ကမ်းမှ ခိုးယူသောပစ္စည်းများဖြစ် သည်ဟု ယေဘုယျပြောဆိုရုံမျှဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေး ယူ၍ မရပါကြောင်း၊ နစ်နာသူများ အနေဖြင့် မိမိတို့၏ ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု ရှိပါက မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် သက်ဆိုင်ရာ ရဲစခန်းများသို့ သတင်း ပေးတိုင်ကြားရန် လိုအပ်ပါကြောင်း၊ နစ်နာသူများမှ တိုင်ကြားလာပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ စုံစမ်း စစ်ဆေး အရေးယူဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း။ သက်ဆိုင်ရာ ဆိပ်ကမ်းများ၊ သင်္ဘော၊ လိုင်းများအနေဖြင့်မော်တော် ယာဉ်ပါပစ္စည်းများ ပျက်စီး၊ ပျောက် ဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိမှု အလိုက် တာဝန်ယူဖြေရှင်းပေးနေ သကဲ့သို့ ထုတ်ယူသည့် Agent များ ကလည်း မော်တော်ယာဉ်ကို ထုတ်ယူ ရာတွင် Inspection Sheet နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှ ထုတ်ယူရန် လိုအပ်ပါကြောင်း၊ မိမိတို့ တာဝန်ယူ ထုတ်ယူပြီးသည့် မော်တော်ယာဉ် အား ပိုင်ရှင်လက်ဝယ်သို့ ပေးအပ် သည့် အချိန်အထိ ထိခိုက်ပျက်စီးမှု မရှိစေရေးနှင့် မော်တော်ယာဉ်ပါ ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု မဖြစ်စေရေးအတွက် အထူးဂရုပြု ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ် ပါကြောင်း။ Agent များအနေဖြင့် လုပ်ငန်း လက်ခံဆောင်ရွက်ရာတွင် မိမိတို့ ဆောင်ရွက်နိုင်သည့် ပမာဏထက် ကျော်လွန်ပြီး လက်ခံဆောင်ရွက်ခဲ့ ခြင်းကြောင့် ဆိပ်ကမ်းမှ လွှဲပြောင်း လက်ခံပြီးနောက် ပိုင်ရှင်ထံမအပ်နှံ မီကာလအတွင်း မော်တော်ယာဉ် များအား ပေါ့လျော့စွာရပ်နားထား ခြင်း၊ ဆိပ်ကမ်းပြင်ပတွင် မေ့လျော့ ကျန်ခဲ့သည့်ဖြစ်စဉ်များ သိရှိရပါ ကြောင်း။ သို့ဖြစ်ပါ၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် မော်တော်ယာဉ် ပါပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု မဖြစ်ပေါ်စေရေးအတွက် လိုအပ် သည့် ညွှန်ကြားချက်များထုတ်ပြန် ၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သင်္ဘော၊ လိုင်းများ၊ ဆိပ်ကမ်းတံတားများမှလည်း တာဝန် ယူဖြေရှင်းပေးလျက်ရှိပြီး မော်တော် ယာဉ်တင်သွင်းသူများ အနေဖြင့် မော်တော်ယာဉ်များ ထုတ်ယူချိန်တွင် ပစ္စည်းလျော့နည်းနေပါက အထောက် အထားများဖြင့် တင်ပြတောင်းခံနိုင် ပါကြောင်းဖြင့် ဖြေကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေကိုပြင်ဆင်သည့် ဥပဒေ ကြမ်း၊ ပြည်ထောင်စုရှေ့နေချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ကိုတတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း၊ နေပြည်တော်ကောင်စီဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးဥပဒေကိုတတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းတို့နှင့်စပ်လျဉ်းသည့် အစီရင် ခံစာများကို ဥပဒေကြမ်းကော်မတီက ပြန်လည်ဖတ်ကြားတင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော်၏ အဆုံး အဖြတ် ရယူအတည်ပြုခဲ့သည်။ ယင်းနောက် မကွေးတိုင်းဒေသ ကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးလှဆွေက အရက်၊ ဘီယာ၊ စီးကရက် ကြော်ငြာအားလုံး အထူးကန့်သတ် လျှော့ချသွားရန် ပြည်ထောင်စုအစိုးရ အားတိုက်တွန်းကြောင်း အဆိုတင် သွင်းရာ လွှတ်တော်ကလက်ခံဆွေးနွေး ရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့ သည်။ (သတင်းစဉ်)

No comments: