Monday, July 13, 2015

ကသာတညင်း ဈေးကောင်းရရှိ =================

ကသာတညင်း ဈေးကောင်းရရှိ ================= ကသာ ဇူလိုင် ၁၂ ကသာမြို့ တညင်းပင်စိုက်ပျိုးထားရှိသူတိုင်း ရာသီဥတုဖောက်ပြန်၍ လေ တိုက် ဒဏ်ခံရခြင်းများရှိသဖြင့် အသီးတင်ကျန်မှုအားနည်းသွားခဲ့သဖြင့် တညင်းစိုက်ပျိုးသူတိုင်းရောင်းချနိုင်မှုမရှိတော့သည့်အတွက် အနည်းငယ်သာ ကျန်ရှိသော ရောင်းဝယ်ရေးလုပ်ငန်းပြုလုပ်သူများဈေးကောင်းရလာကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် စက်တင်ဘာမှ စတင်ကာ တညင်းစိုက်တောင်သူများ အရှုံး ပေါ်ကာ ဆက်လက်စိုက်ပျိုးရောင်းချသူမရှိသလောက် နည်းပါးလာခဲ့သဖြင့် ယခုနှစ် ထွက်ရှိချိန်တွင် အထွက်နှုန်းနည်းသဖြင့် ဈေးကောင်းရခြင်းဖြစ်ကြောင်း တောင်သူတစ်ဦးက ပြောသည်။ တညင်းသီးတစ်လုံးလျှင် ၁၄ ကျပ် ရရှိပြီး အလုံး ၁ဝဝ လျှင် ငွေကျပ် ၁ဝဝဝ ကျော်ရရှိလာပြီး ဒေသထွက်အားလုံး ဈေးကွက်ရောက်ပါက ဈေးနှုန်းအနည်း ငယ်ကျဆင်းသွားနိုင်သော်လည်း ယခုအခါ ဈေးမာလျက်ရှိသည်ကို တွေ့ ရသည်။ ဈေးကွက်တင်ပို့မှု အားနည်းချက်ကြောင့် ဒေသထွက် ကသာတညင်းသီးများ ကို ဒေသတွင်း၌ ပြန်လည်ရောင်းချရသော်လည်း အခြားဈေးကွက်ဖော်ဆောင်မှု အလျဉ်းမရှိကြကြောင်း မြို့ခံများက ပြောသည်။ သို့သော် ဒေသထွက် တညင်းသီးစားသုံးမှုမှာ အလွန်မြင့်တက်နေသဖြင့် အထွက်နှုန်းနည်းပြီးဈေးမြင့်သော်လည်း ဝယ်ယူအားပေးကြကြောင်း သိရသည်။ ငွေအိုး(ကသာ) ကသာတညင်း ဈေးကောင်းရရှိ ================= ကသာ ဇူလိုင် ၁၂ ကသာမြို့ တညင်းပင်စိုက်ပျိုးထားရှိသူတိုင်း ရာသီဥတုဖောက်ပြန်၍ လေ တိုက် ဒဏ်ခံရခြင်းများရှိသဖြင့် အသီးတင်ကျန်မှုအားနည်းသွားခဲ့သဖြင့် တညင်းစိုက်ပျိုးသူတိုင်းရောင်းချနိုင်မှုမရှိတော့သည့်အတွက် အနည်းငယ်သာ ကျန်ရှိသော ရောင်းဝယ်ရေးလုပ်ငန်းပြုလုပ်သူများဈေးကောင်းရလာကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် စက်တင်ဘာမှ စတင်ကာ တညင်းစိုက်တောင်သူများ အရှုံး ပေါ်ကာ ဆက်လက်စိုက်ပျိုးရောင်းချသူမရှိသလောက် နည်းပါးလာခဲ့သဖြင့် ယခုနှစ် ထွက်ရှိချိန်တွင် အထွက်နှုန်းနည်းသဖြင့် ဈေးကောင်းရခြင်းဖြစ်ကြောင်း တောင်သူတစ်ဦးက ပြောသည်။ တညင်းသီးတစ်လုံးလျှင် ၁၄ ကျပ် ရရှိပြီး အလုံး ၁ဝဝ လျှင် ငွေကျပ် ၁ဝဝဝ ကျော်ရရှိလာပြီး ဒေသထွက်အားလုံး ဈေးကွက်ရောက်ပါက ဈေးနှုန်းအနည်း ငယ်ကျဆင်းသွားနိုင်သော်လည်း ယခုအခါ ဈေးမာလျက်ရှိသည်ကို တွေ့ ရသည်။ ဈေးကွက်တင်ပို့မှု အားနည်းချက်ကြောင့် ဒေသထွက် ကသာတညင်းသီးများ ကို ဒေသတွင်း၌ ပြန်လည်ရောင်းချရသော်လည်း အခြားဈေးကွက်ဖော်ဆောင်မှု အလျဉ်းမရှိကြကြောင်း မြို့ခံများက ပြောသည်။ သို့သော် ဒေသထွက် တညင်းသီးစားသုံးမှုမှာ အလွန်မြင့်တက်နေသဖြင့် အထွက်နှုန်းနည်းပြီးဈေးမြင့်သော်လည်း ဝယ်ယူအားပေးကြကြောင်း သိရသည်။ ငွေအိုး(ကသာ)

No comments: