မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, July 13, 2015
ဗိုလ်နေဝင်း၏ ဆင်ကွက်ထဲ ဝင်ခဲ့ မိသော ဂဠုန် ဦးစော **** ***
ဗိုလ်နေဝင်း၏ ဆင်ကွက်ထဲ ဝင်ခဲ့ မိသော ဂဠုန် ဦးစော ****
***
သေနတ်သမားများ မည်သူမည်ဝါဖြစ်သည်ဟူသော
အချက်နှင့် သူတို့၏ ရည်ရွယ်ချက်၊
ဦးတည်ချက်များမှလွဲ၍
ဤအဖြစ်အပျက်၏ အသေးစိတ်ကို ၁၉၄ဝပြည့်နှစ်များ နောက်ပိုင်းတွင် မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ဖြစ်လေသည်။
ဗိုလ်ချုပ်အောင်ဆန်း အသတ်မခံရမီ
(၁ဝ)လအလို
၁၉၄၆ စက်တင်ဘာ ၂၁ တွင်
ဦးစော အသက်ကို ရန်ရှာခြင်းနှင့် အခင်းဖြစ်ပွားရာတွင် ပြည်သူ့ရဲဘော်များ
ပါဝင်ပတ်သက်နေပုံရခြင်းတို့ကို လုပ်ကြံမှုအတွက် စေ့ဆော်ချက်အဖြစ် တရားရင်ဆိုင်နေစဉ် အတွင်းတွင်ပင် ကိုးကားခြင်းခံခဲ့ရလေသည်။
သို့သော် ဦးမြလှိုင်၏ ဇာတ်ကြောင်းပြန်ဖွင့်အန်ခြင်းများသည် ခိုင်လုံမှု မည်မျှရှိသည်ကိုမူ မည်သူမျှ သိနိုင်တော့မည် မဟုတ်ချေ။
ရန်ကုန်ဘဆွေသည် အတန်ကြာကပင် ဦးနှောက်ကင်ဆာ ရောဂါဖြင့်
၁၉၈၆ စက်တင်ဘာလ ၁၇ရက်နေ့တွင် သေဆုံးသွားခဲ့ပြီး ဦးမြလှိုင်မှာလည်း ဖလော်ရီဒါသို့ သွားရောက်လည်ပတ်ပြီး နှစ်အနည်းငယ်အကြာ
၁၉၉ဝပြည့်နှစ် အောက်တိုဘာလ ၁၄ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သောကြောင့် ဖြစ်လေ
သည်။
သူတို့ မကွယ်လွန်မီ ၁၉၈၉ ဇူလိုင်လ အာဇာနည်နေ့ အထူးထုတ်
‘The Burma Review’ စာစောင်
အမှတ်စဉ်(၆)တွင်
မောင်ထူး(ဝိဇ္ဇာသိပ္ပံတက္ကသိုလ်)
ရေးသားခဲ့သော
“ဒီမိုကရေစီသို့ နောက်ဆုံးခရီး” ဆောင်းပါးတွင် ဦးအောင်ဆန်းအား
လုပ်ကြံသတ်ဖြတ်ရန်
ပူးပေါင်းကြံစည်မှုတွင် ဗိုလ်ချုပ်ကြီးနေဝင်းအနေဖြင့် ဦးဆောင်မှုကဏ္ဍမှ ပါဝင်ခဲ့ပုံနှင့် ဦးအောင်ဆန်းအပေါ် ထားရှိသော ဦးနေဝင်း၏ သဘောထားတို့နှင့်
ပတ်သက်၍ ဤသို့ရေးသားထားလေသည်။
“ဦးနေဝင်းသည်
ဗိုလ်မှူးချုပ်အောင်ကြီးနှင့် တိုင်ပင်ပြီးသကာလှ အခွင့်အရေးသမားတစ်ဦး ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အဓိက ပြိုင်ဘက်ကြီးဖြစ်သော ဦးစောကို သေနတ်ဖြင့်ပစ်ရန်
သေနတ်သမား (၂)ဦးကို တာဝန်ပေးအပ်ခဲ့သည်။”
ဦးအောင်ဆန်းအား
လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ရခြင်း၏ ရည်ရွယ်ချက် အသေးစိတ် အတိအကျကို သိရှိခဲ့ကြသူ ဗိုလ်ချုပ်ကြီးဟောင်းများနှင့် စစ်တပ်ခေါင်းဆောင်များ အနည်းငယ်သာ ရှိခဲ့သည်။
၁၉၆၂ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး
ဇူလိုင်လ ၁၉ရက်တွင်
အာဇာနည်ကုန်းသို့ စစ်ဝတ်စုံပြည့်ဖြင့် ချီတက်ကြရန် စစ်တပ်က စီစဉ်ခဲ့သည်။
တပ်မတော် စတင်တည်ထောင်ခဲ့သူ ဦးအောင်ဆန်းသာ အသက်ထင်ရှား ရှိခဲ့ပါ
မူ ယင်းအာဏာသိမ်းမှုကို သဘောတူလိမ့်မည်ဟု လူထုကို ပြသရန်ဖြစ်သည်။
တော်လှန်ရေးကောင်စီဝင်
(၁၇)ဦးအနက် (၁၄)ဦးသည်
ထိုချီတက်မှုနှင့် ပတ်သက်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။
ဗိုလ်မှူးချုပ်တင်ဖေက
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရမှုကို ဝမ်းနည်းတသပြောဆိုခဲ့သည်။
ဗိုလ်ချုပ်နေဝင်းက ထရပ်လိုက်ပြီး
“ဘာလို့ဝမ်းနည်းနေရမှာလဲ။
ဗိုလ်ချုပ်အောင်ဆန်းဟာ လူပျော့တစ်ယောက်ပဲ၊
ဒါ့အပြင် တိုင်းပြည်ရဲ့ ပြဿနာတွေ
အပေါ် သူ့ထက်စာရင် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ
ငါအများကြီး ပိုသိတယ်”ဟု
ခပ်ပြတ်ပြတ် ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်
အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံခဲ့သော အာဇာနည်နေ့အထိမ်း အမှတ် ချီတက်မည့် မဟာစီမံကိန်းကြီးမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရလေ
သည်။
”ဟူ၍ ရေးသားထားလေသည်။
ဦးခင်အောင်၏
“ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ” စာအုပ်၊
စာမျက်နှာ ၁၇၄ ၌ပင်
ဆက်လက်ဖော်ပြထားသည်မှာ -
“ဗိုလ်နေဝင်းသည်
သူ့ဘဝရှေ့ရေးအတွက်
ပြဿနာတစ်ရပ်ကို စဉ်းစားရာ၌
လောင်းကစားသမားပီပီ အမှားအမှန်
ကို အဓိကမထားဘဲ အနိုင်အရှုံးကိုသာ
အမြဲတမ်း အဓိကထားတတ်သူဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းတပ်မှထွက်ကာ နိုင်ငံရေးနယ်ထဲသို့ ဝင်ရောက်သွားချိန်
တွင် သူ၏ စဉ်းစားခန်း ဝင်ခဲ့သည်မှာ ဂဠုန်ဦးစောသည် တချိန်က နန်းရင်းဝန်ဟောင်းတစ်ဦးဖြစ်ခဲ့၍ သူ့ကိုအထင်သေး၍ မရ၊
အကယ်၍ သူသည် မတော်တဆ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးအရ ဈေးကစားချက်အားပြိုင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့
‘တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေး’ဟု ကြွေးကြော်သံ မပေးဘဲ ဗြိတိသျှအစိုးရအား ‘ဒိုမီနီယန်’ လျှော့ဈေးပေးကာ
ဝန်ကြီးချုပ်ဖြစ်သွားခဲ့သော
ဦးတင်ထွဋ်သည် သူ့လူရင်းဖြစ်ရုံသာ
မက ပညာအရည်အချင်းအားဖြင့်လည်း အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း
(I.C.S) ဖြစ်သောကြောင့် မျိုးချစ်ပါတီအစိုးရတွင် ဧကန်မုချ ကာကွယ်ရေးဝန်ကြီး ဖြစ်လာလိမ့်မည်။
ထို့ကြောင့် ဗိုလ်နေဝင်းသည် ရှေ့ဆက်မတွေးတော့ဘဲ
ရန်ကုန်ဘဆွေနှင့်လွန်စွာရင်းနှီးသော
မြင်းခြံသား ဗိုလ်ကြီး(ယပက်လက်)
လှယွှေအား သွားခေါ်ခိုင်းလိုက်သည်။
ထို့နောက် မြဝတီရဲခေါင် ပြန်ပြောင်းပြောပြသည့် ရန်ကုန်ဘဆွေ၏ တဆင့်ပြောဆိုချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
“ဂဠုန်ဦးစောအား ရှေးဦးစွာ သုတ်သင်ရှင်းလင်းရန်အတွက် သူနှင့်ကိုမြလှိုင်တို့သည် စပတ်လမ်း တနေရာမှ ဂဠုန်ဦးစောအား
သူ၏ ‘သူရိယ’ သတင်းစာတိုက်
ရုံးပေါ်မှ ဆင်းလာပြီး၊ ကားပေါ်တက်ချိန်အထိစောင့်၍
သူ့ကားနှင့် မလှမ်းမကမ်းမှ ကပ်လိုက်သွားကြသည်။
ဂဠုန်ဦးစော အမြဲသွားလေ့ရှိသော အိမ်ပြန်လမ်းများအတိုင်း
လိုက်သွားရာမှ အခါအခွင့်
ကောင်းမည့် ရန်ကုန်ထောင်ကြီးနှင့် ပြည်လမ်းထိပ်တစ်နေရာတွင် ရန်ကုန်ဘဆွေသည် ထိုအခွင့်ကောင်း
ကို လက်မလွှတ်ဘဲ သူက ကိုမြလှိုင်၏ကားကို အရှိန်လျှော့စေ၍
သူ၏ လက်တွင်းမှ သေနတ်ဖြင့်
ကားဒရိုင်ဘာနှင့် ယှဉ်ထိုင်ပြီး
လိုက်ပါလာသော ဂဠုန်ဦးစော၏
နောက်စေ့တည့်တည့်ကိုချိန်ကာ
ပထမအချက် ပစ်ထည့်လိုက်သည်။
သို့သော် လွန်စွာအကင်းပါး၍ အမြဲမပြတ်သတိကပ်နေသော ဂဠုန်ဦးစောသည် သူ့ရှေ့ကားမှန်ထဲမှ
‘ပြည်သူ့ရဲဘော်’ စစ်ဝတ်စုံ ဝတ်ထား
သည့် လူနှစ်ယောက်အနက် ခေါင်းတုံးဆံတောက်နှင့် သူက
သူ့အား သူ့နဖူးပူခနဲဖြစ်သွားသည်။
ထိုအချိန်၌ပင် သူသည်
ကားဖင်ထိုင်ခုံဘေး ဒရိုင်ဘာရှိရာ
ဘက်သို့ သူ့ကိုယ်ကို လှဲအချ နောက်ထပ်သေနတ်သံ (၂)ချက် ထပ်ထွက်လာသည်။
ဒရိုင်ဘာကလည်း ကားကို
ဘရိတ်အုပ်၍ ကားထဲငုံ့နေလိုက်သည်။
ကားမှန်ကွဲစများမှာ သူတို့နှစ်ဦးလုံးကို လွင့်စင်ထိမှန်ကြသည်။
“ကိုရဲခေါင်ရယ်၊ လူတွေရဲ့ကံဆိုတာ မှန်ပဲမှန်သလားတော့ မပြောတတ်ပါဘူး။
ခင်ဗျားလဲ ကျွန်တော့်လက်ကို
အသိသားပဲ။
ကျွန်တော်ပစ်လိုက်တာကတော့ သူ့နောက်စေ့တည့်တည့်ကို ပစ်ထည့်လိုက်တာပါပဲဗျာ။
ဒါပေမယ့် သူက ကားမှန်ထဲမှာ ကျွန်တော်ကိုမြင်လို့ လှည့်အကြည့်လိုက်
မှာ ကျွန်တော်ပစ်လိုက်တဲ့ ကျည်ဟာ သူ့နောက်စေ့ကိုမမှန်ဘဲ သူ့နဖူးကို ရှပ်မှန်သွားတာပဲ”ဟု ကြိတ်မနိုင် ခဲမရ ပြောပြပါသည်။
ဤကား လွန်ခဲ့သော
၁၉၇၂ခုနှစ်ခန့်က ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်၊
စာရေးဆရာ ရန်ကုန်ဘဆွေနှင့်
မြောင်းမြဘဆွေတို့သည်
ယိုးဒယားနိုင်ငံက လန်ဒန်မြို့ သြဇာခံခြံကြီးအတွင်း လျှို့ဝှက်ဖွင့်လှစ်ထားသည့်
အသံလွှင့်ဋ္ဌာနသို့ ဥက္ကဋ္ဌကြီး ဦးနုနှင့် တွေ့ဆုံရန် အလာ၊ အသံလွှင့်ဋ္ဌာန၌ (၃)ရက်မျှနေထိုင်သွားကြစဉ်အတွင်း
ကျွန်တော့်အား ရန်ကုန်ဘဆွေက စကားစပ်မိ၍ ပြောပြခဲ့ဖူးသော ဖြစ်ကြောင်းကုန်စဉ်၊
ယုံချင်ယုံမယုံချင်နေအတွင်းရေး
သတင်းကလေးတစ်ကွက်ပင်
ဖြစ်ပါသတည်း”ဟူ၍ ရေးသားထားလေသည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဗိုလ်နေဝင်းအား ကြံရာပါ
တစ်ဦး ဖြစ်နိုင်သည်ဟု ယူဆရခြင်းမှာ
ဗိုလ်နေဝင်း၏ ဦးတည်ချက်အရ ယိုးစွပ်လိုက်ရခြင်း ဖြစ်၍၊ ထိုအချိန်က သူသည်များစွာ စိတ်ဆင်းရဲနေရသည်။
အာဏာရာထူးရမက်ကြီးမားလှသော ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ ဗိုလ်နေဝင်းသည် မိမိ၏ စစ်ဝတ်စုံကို ဝတ်ရတိုင်း စိတ်မချမ်းမသာ အမြဲဖြစ်
ကာ ဆဲဆိုလေ့ရှိသည်။
ဖက်ဆစ်တော်လှန်ရေးကာလ တပ်မတော်သေနာပတိရာထူးမှ ဆင်းပေးရကာ အသစ်ဖွဲ့လိုက်သော တပ်မတော်တွင် ဗိုလ်မှူးရာထူးဖြင့် အဆင့်လျှော့ကျ လုပ်ကိုင်နေရခြင်းကို သူမကျေမနပ် ဖြစ်နေခဲ့သည်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်သောမတ်စ်၊
ဒုဦးစီးချုပ် ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ လက်အောက်တွင် မြောက်ပိုင်းတိုင်းမှူး
အဖြစ် ဗိုလ်မှူးရာထူးနှင့် နေရသည်။
ဖက်ဆစ်တော်လှန်ရေးကာလ၌ သူ့လက်အောက်ရာထူးငယ်သော တောင်ပိုင်းတိုင်းမှူး စောကြာဒိုးက ယခုဗိုလ်မှူးချုပ် ဖြစ်နေသဖြင့် သူ့ထက်အဆင့်မြင့်နေပြန်သည်။
လွတ်လပ်ရေး ပြင်ဆင်ချိန်က ကရင်အရာရှိများသည် သူတို့၏ လုပ်သက်နှင့် ပညာအရည်အသွေးအရ ထိုက်တန်သော ရာထူးများကိုရခဲ့သည်
ဟု စမစ်ဒွန်းက သူ၏ မှတ်တမ်းတွင် ရေးသားဖော်ပြခဲ့သည့်အတိုင်း လွတ်လပ်ရေးရစက စစ်မှုထမ်းသက်
(၁၅)နှစ်မှ (၂၀)အထိ ရှိကြသော ကရင်စစ်ဗိုလ်အများစုသည်
တပ်မတော်တွင် လွှမ်းမိုးနေသည်။
ဗိုလ်မှူးကြီး စောဒိုနီ အပြင်
ကရင်အမျိုးသား ဒုဗိုလ်မှူးကြီး (၈)ဦး ရှိနေသေးသည်။
ထို့ကြောင့် မေဂျာ(ဗိုလ်မှူး)
ရာထူးသာ ရရှိထားသော ဗိုလ်နေဝင်းအဖို့ ရာထူးတက်ရန် အိပ်မက်ပင်မမက်ဝံ့အောင် ဆတ်ဆတ်ခါ နာကျည်းနေခဲ့သည်။
ထို့ပြင် မေဂျာရာထူးမှာ
သိမ်ငယ်လှရုံမက သူ၏အထက်တွင်
သူ့ထက်စစ်ဝါရင့်သော သူများခံနေသဖြင့် စစ်တပ်မှထွက်ကာ
သခင်ဗစိန်၏
‘တို့ဗမာ အစည်းအရုံး’ တွင် ဝင်လျက် နိုင်ငံရေးလုပ်ရန် တိုက်တွန်းခဲ့ကြကြောင်း ပြန်ပြောင်းပြောပြခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ရဲဘော်သုံးကျိပ်ဝင် ဘဝဖြင့်
ဂျပန်ခေတ်၌ အတူနေခဲ့စဉ်
ကာလကပင် ဗိုလ်နေဝင်း၏
စရိုက်ဝါသနာကို ကောင်းစွာ
သိထားသည်။
သို့ဖြစ်လေရာ
ဗိုလ်ချုပ်အောင်ဆန်း ရှိနေသမျှကာလပတ်လုံး မေဂျာနေဝင်း
အဖို့ ရာထူးတိုးတက်ရန်၊ ထိပ်သီးရာထူး ရရှိရန်မှာ မဖြစ်နိုင်တော့ပြီဟု သူတွေးထားဟန်တူသည်။
သို့ဖြစ်သည့်အတိုင်း
ဗိုလ်နေဝင်းကလည်း သူ့ဘဝတက်
လမ်း၌ ခလုတ်တံသင်း လမ်းမရှင်းဘဲ တားဆီးနေသော ဗိုလ်ချုပ်အောင်ဆန်းကို ဖယ်ရှားလိုသည်မှာ မုချပင်ဖြစ်သည်။
ထို့ကြောင့် ဦးစောက တိုက်ရိုက်ဆက်သွယ်သည်ဖြစ်စေ၊
သခင်ဗစိန်မှတဆင့် ဆက်သည်ဖြစ်စေ၊
အင်္ဂလိပ်အရာရှိကြီးများက တိုက်ရိုက်ဆက်သည်ဖြစ်စေ
ဗိုလ်နေဝင်းအား ဂဠုန်ဦးစော၏
အစိုးရသစ်တွင် ထိပ်ပိုင်းရာထူးရစေ
မည်ဟု ကတိပေးသဖြင့် ထိုနေ့က
လုပ်ကြံအုပ်စုများနှင့် ပူးပေါင်းကူညီခဲ့လေသလောဟု
တွေးတောစရာဖြစ်ခဲ့သည်။
တဖန် ထိုနေ့မတိုင်မီ
ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံလိမ့်မည်ဟူသော
သတင်းအရ အထူးအစောင့်အကြပ်
များ ကြိုတင်ချထားခဲ့သည်။
လုပ်ကြံမှု မဖြစ်မီ သုံးပတ်ခန့်မှ
စတင်ကာ လက်နက်များကို လျှို့ဝှက်ကိုင်ဆောင်ထားသော
အရပ်ဝတ် အရပ်စားနှင့် စစ်သားများကို ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတဝိုက်နှင့် အတွင်းဝန်ရုံးတွင် သတင်းထောက်များ တွေ့ကြရသည်။
ထိုရဲဘော်များမှာ
တပ်ရင်း (၄)မှ ရဲဘော်များ ဖြစ်ကြသည်။
ဗိုလ်လွင်က
လုံခြုံရေးကို တာဝန်ယူသည်ဟု ဆိုသည်။
လုပ်ကြံမှုကြီးဖြစ်သော ဇူလိုင်လ ၁၉ရက်နေ့က ထိုရဲဘော်များကို မတွေ့
ရချေ။
ထို့ကြောင့် ဤကိစ္စ၌ အတွင်းလူက တံခါးဖွင့်ပေးသော လုပ်ကြံမှုကြီး ဖြစ်
သည်မှာ သေချာလှပေသည်။
ထို့ပြင်
ကြေးမုံဦးသောင်း(အောင်ဗလ)က
၂၀၀၀ပြည့်နှစ် အောက်တိုဘာလနှင့်
စက်တင်ဘာလက ထုတ်လွှင့်သော
လွတ်လပ်သော အာရှအသံ
မြန်မာပိုင်းအစီအစဉ်၌
- “ဦးအောင်ဆန်း၏ လုံခြုံရေးကို
ကာကွယ်ရန် တာဝန်ပေးထားသော
အထူးအစောင့် နှစ်ဦးသည် အမြဲတစေ
ဦးအောင်ဆန်း၏
လက်တကမ်းတွင်ရှိပါလျက်
အခင်းဖြစ်ပွားသော
ဇူလိုင်လ ၁၉ရက် နံနက်က မရှိကြဘဲ
ပျောက်ကွယ်နေသည်မှာ ဗိုလ်နေဝင်း၏
အစီအစဉ်ဟု မုချယုံကြည် ရလေသည်။
ထိုအစောင့်တို့မှာ ဗိုလ်နေဝင်း၏ လူများဖြစ်ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းကို လျှို့ဝှက်သက်တော်စောင့်များ အဖြစ် တာဝန်ပေးလိုပါသည်။
စိတ်ချရသော ရဲဘော်များပေးပါဟု ဦးကျော်ငြိမ်းက ဗိုလ်နေဝင်းထံမှ တောင်းရာမှ ရရှိခဲ့သည်။
ဗိုလ်နေဝင်းပေးသော သက်တော်စောင့်(၂)ဦးဖြစ်သူ ရဲဘော်ဘတုပ်နှင့် ရဲဘော်ရဲမြင့်တို့သည် သေနတ်ပစ် လက်ဖြောင့်သမားများ ဖြစ်ကြသည်။
ခြောက်လုံးပြူးနှင့် ပစ္စတိုကို
၁၀ချက်ပစ်လျှင် ၈ချက်တို့သည်
ပစ်မှတ်၏ ဗဟိုသို့ ထိမှန်အောင် ပစ်နိုင်သူများဖြစ်သည်။
ဗိုလ်နေဝင်း၏ ရာသက်ပန် လူယုံတော်၏ ဖျာပုံပြောက်ကျားတပ်မှ ပြောက်ကျားဗိုလ်
၏ လက်စွဲများဖြစ်ကြသည်။
ထိုနေ့ရှောင်နေကြသော
သက်တော်စောင့်(၂)ဦးသည်လည်း ပျောက်သွားသည်။
ရက်အနည်းငယ်ကြာမှ အလောင်းတွေ့ကြရသည်။
အလံနီသူပုန်တို့က သတ်သည်ဟု အမှုပိတ်လိုက်သည်။
ဖဆပလခေါင်းဆောင်သစ် ဖြစ်လာသူ
အတွင်းဝန်ဟောင်းဦးတင်ထွဋ်သည်
ဗိုလ်မှူးချုပ် ရာထူးနှင့် စစ်မှုထမ်းစဉ်က
လုပ်ကြံမှုကြီးတွင် ဦးစော၏ အပေါင်း
အပါ မည်သူနည်းဟု သဲလွန်စများ ရှာဖွေခဲ့လေသည်။
နယူးတိုင်း (The New Time)
သတင်းစာ အယ်ဒီတာချုပ်လည်းဖြစ်သူ
ဦးတင်ထွဋ်က
ဦးစောနှင့် ကြံရာပါများ အကြောင်းကို
သူ၏ သတင်းစာ၌ ဖွင့်လှစ်ရေးသားလိုသည်ဟု အကြောင်းပြကာ သတင်းထောက်ချုပ်အား
သတင်းအစအနများကို လိုက်လံစုံစမ်းရန်
ညွှန်ကြားခဲ့လေသည်။
မကြာပါပေ။
ယင်းသို့ အမှုဟောင်းကို ပြန်ဖော်
ရန် အားထုတ်သဖြင့် ဦးတင်ထွဋ်ပါ
လုပ်ကြံခံရကာ အသက်ပေးသွား
ရရှာသည်။
ဖျာပုံမှ ပြောက်ကျားဗိုလ်၏ လက်ချက်ဖြစ်သည်ဟု သိကြေ
သ်ာလည်း အမှုကို မည်သူမှ မဖော်ဝံ့ချေ။
ဂဠုန်ဦးစောနှင့် ကြံရာပါပုဂ္ဂိုလ်မှာ ဗိုလ်နေဝင်းဖြစ်သည်ဟု သဲလွန်စ ရှာလိုသူတို့သည်
ဦးတင်ထွဋ်နှင့်
ဦးထွန်းလှအောင်တို့၏
ကံကြမ္မာကို မြင်တွေ့ကြသဖြင့်
အမှုကြီး၏ သဲလွန်စကို မလိုက်ဝံ့တော့
ဘဲ ယနေ့တိုင် အဖြေမရသည့် မေးခွန်းများအဖြစ် နှုတ်ပိတ်နေကြရလေသည်။
” ဟူ၍ ပြောကြားသွားခဲ့သည်။
၂၀၀၀ပြည့်နှစ် ဇူလိုင်လတွင်
အင်တာနက် စာမျက်နှာပေါ်တွင်
‘စိန်ဗေဒါ’ အမည်ဖြင့် “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူတကယ်သတ်သလဲ”
ဟူသော မေးခွန်းကို တင်ခဲ့ရာ၊
ကိုဘန်ထွန်းဆိုသူက
“မကြာမီကမှ
ဒီနိုင်ငံ(ဗြိတိန်)ကို ဝင်လာတဲ့
လူကြီးတွေဆီက ကြားရတာက သူတို့ပြောတဲ့အတိုင်းဆိုရင်
ဒေါ်အောင်ဆန်းစုကြည်နှင့်
ဗိုလ်နေဝင်း(ဦးရှုမောင်)တို့၏
သမီးတို့ စကားအချီအချပြောကြ၍
ဦးနေဝင်း၏သမီးက ဒေါသဖြစ်ပြီး
ဂဠုန်ဦးစောကို မရှင်းဂန်းတွေ
ပေးလိုက်တာ ငါ့အဖေလို့ အော်ပြောလိုက်တယ်။
ဗိုလ်နေဝင်းက
ဗိုလ်ချုပ်အောင်ဆန်းကို
ရှင်းပစ်ချင်တယ်။
ဘာဖြစ်လို့လဲဆိုတော့
ပျဉ်းမနားက မိန်းမတစ်ယောက်ကို
ဗိုလ်နေဝင်းက မုဒိမ်းကျင့်တာကို
ဗိုလ်ချုပ်အောင်ဆန်းက သိသွားတော့
ဗိုလ်နေဝင်းကို သတ်ပစ်ချင်လောက်
အောင် ဒေါသပေါက်ကွဲခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်းက
ဗိုလ်နေဝင်းကို လက်သည်တရားခံ
အဖြစ် ပုံနှိပ်ဖော်ပြရန် မသင့်သော စကားလုံးများဖြင့် စွပ်စွဲသော အခြားတုံ့ပြန်မှုများလည်း
ရှိပါသေးတယ်” ဟူ၍ ရေးသားဖော်ပြထားသည်။
မည်သို့ဆိုစေ ….
ဗိုလ်နေဝင်းအုပ်စု၏ ဆင်ကွက်ထဲ
ဝင်ခဲ့မိသော ဂဠုန်ဦးစောသည်
ဗိုလ်ချုပ်အောင်ဆန်းအား
အထင်အမြင်လွဲကာ လက်စားချေခဲ့မှု
ကြောင့်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရေတိမ်မှာနစ်ခဲ့ရသည်မှာ
တိုင်းပြည်နှင့် ပြည်သူလူထု
အတွက်း ဆုံးရှုံးကြေကွဲဖွယ်ရာ ဇာတ်လမ်းဖြစ်ခဲ့ရသည်မှာ မည်သူမျှ ငြင်းမရသော အချက်ပင် ဖြစ်နေပေသည်။
သန်းဝင်းလှိုင် ( မိုးမခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment